Sunday, February 1, 2026

ရုရှားနှင့် တရုတ်ဝန်ကြီးများ လုံခြုံရေးကိစ္စ ဆွေးနွေးမည်

ရုရားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူသည် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီကို...

မန္တလေး ကျောက်တော်ကြီးဘုရားတွင် မြန်မာ့သနပ်ခါးပွဲ တော်...

မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသည့် မြန်မာ့သနပ်ခါးပွဲတော် ပြုလုပ်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ (၁) ရက် တပို့တွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခုလိုကျင်းပခဲ့ခြင်း...

မလေးရှားက ရေနံစိမ်း ဒေါ်လာ ၁၂၉...

ပြီးခဲ့သည့်သီတင်းပတ်က ပီနန်ပြည်နယ် မူကာဟက်ဒေသအနောက်ဘက် ရေမိုင် ၂၄ မိုင်ခန့်အကွာတွင် သင်္ဘောတစ်စီးမှတစ်စီးသို့ တရားမဝင် ရေနံလွှဲပြောင်းမှုသံသယဖြင့် ရေနံတင်သင်္ဘောနှစ်စင်းကို ဖမ်းဆီးခဲ့ပြီး ရင်းဂစ် ၅၁၂...

ဥရောပတပ်များကိုအကြမ်းဖက်အဖွဲ့အစည်းများအဖြစ်အီရန်ကကြေညာ

အီရန်နိုင်ငံသည် ဥရောပနိုင်ငံများ၏ စစ်တပ်များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာကြောင်း လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ် (အိုင်အာဂျီစီ) ကို အလားတူသတ်မှတ်ရန် အီးယူက ဆုံးဖြတ်ခဲ့ပြီးနောက်တွင်...
HomeNewsLocal News(၅၅)ကြိမ်မြောက် သီပေါသီတဂူစက္ခုဒါနဆေးရုံ အခမဲ့မျက်...

(၅၅)ကြိမ်မြောက် သီပေါသီတဂူစက္ခုဒါနဆေးရုံ အခမဲ့မျက် စိကုသမှု လူနာ (၁၀၀၀) ကျော်ကုသပေးနိုင်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ (၅၅)ကြိမ်မြောက် အခမဲ့မျက်စိကုသမှုတွင် လူနာပေါင်း (၁၂၄၇)ဦးကို ကုသပေးနိုင်ခဲ့ကြောင်း အဆိုပါဆေးရုံ တာဝန်ခံဆရာတော်ထံမှ သိရသည်။

အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ဇန်နဝါရီ (၂၆)ရက်မှ ဇန်န ဝါရီ(၃၁)ရက်အထိ (၆)ရက်ကြာ ကုသပေးခဲ့ရာ စမ်းသပ်စစ် ဆေးပေးခဲ့သည့် မျက်စိလူနာပေါင်း(၈၆၅)ဦး ၊ ခွဲစိတ်ကုသပေးခဲ့သော မျက်စိလူနာပေါင်း (၃၈၂)ဦး စုစုပေါင်း (၁၂၄၇) ဦး ရှိကြောင်း သိရသည်။

သီပေါသီတဂူစက္ခုဒါနဆေးရုံတွင် (၁) ကြိမ်မြောက်မှ ယခု (၅၅)ကြိမ်မြောက်အထိ စမ်းသပ်စစ်ဆေးမျက်စိလူနာပေါင်း (၃၇၅၇၂)ဦး၊ ခွဲစိတ်ကုသပေးသော မျက် စိလူနာပေါင်း (၉၄ ၆၀)ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

သီပေါသီတဂူ စက္ခုဒါနဆေးရုံကို သီတဂူ ဆရာတော်ဘုရားကြီးက ၂၀၀၈ ခုနှစ်တွင် ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီးအား ကျပ်သိန်း (၁၃၃၃)ခန့် ကုန်ကျခန့်ဆောက် လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလ စတင်သည့်အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ခုနှစ်၊ မေလမှစတင်၍ တစ်နှစ်လျှင် တစ်ကြိမ် ပြန်လ ည်ဖွင့်လှစ် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့် တရုတ်ဝန်ကြီးများ လုံခြုံရေးကိစ္စ ဆွေးနွေးမည်

ရုရားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူသည် တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီကို ကိုးကား၍ ရုရှားသတင်းဌာနများက တနင်္ဂနွေနေ့တွင် ရေးသားဖော်ပြခဲ့ကြသည်။ နှစ်ဖက်စလုံးသည် နိုင်ငံတကာနှင့် ဒေသဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ပြောင်းလဲနေသောအခြေအနေကို ဆွေးနွေးသွားကြမည်ဟု လုံခြုံရေးကောင်စီကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဤခရီးစဉ်သည် ရုရှားနှင့် ယူကရိန်းတို့အကြား လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သည့် ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သော ရုရှား၊ ယူကရိန်းနှင့် အမေရိကန်အရာရှိများ၏ မကြာသေးမီက ဆွေးနွေးမှုများနှင့် တိုက်ဆိုင်နေသည်။ Ref: သည်စထရိတ်တိုင်းမ်စ်

မန္တလေး ကျောက်တော်ကြီးဘုရားတွင် မြန်မာ့သနပ်ခါးပွဲ တော် ကျင်းပ

မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် သနပ်ခါးချစ်သူများ စုပေါင်းကျင်းပသည့် မြန်မာ့သနပ်ခါးပွဲတော် ပြုလုပ်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ (၁) ရက် တပို့တွဲလပြည့် မြန်မာ့သနပ်ခါးပွဲတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခုလိုကျင်းပခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ပွဲ‌တော်လာသူများကို သနပ်ခါးတုံးများလည်း ပေးဝေခဲ့ပြီး နှစ်စဉ်မပျက် ကျင်းပသွားမည်ဟုလည်း သိရသည်။ Photo -MOI

မလေးရှားက ရေနံစိမ်း ဒေါ်လာ ၁၂၉ သန်းဖိုးခန့်ကို သိမ်းဆည်း

ပြီးခဲ့သည့်သီတင်းပတ်က ပီနန်ပြည်နယ် မူကာဟက်ဒေသအနောက်ဘက် ရေမိုင် ၂၄ မိုင်ခန့်အကွာတွင် သင်္ဘောတစ်စီးမှတစ်စီးသို့ တရားမဝင် ရေနံလွှဲပြောင်းမှုသံသယဖြင့် ရေနံတင်သင်္ဘောနှစ်စင်းကို ဖမ်းဆီးခဲ့ပြီး ရင်းဂစ် ၅၁၂ သန်း (ဒေါ်လာ ၁၂၉ ဒဿမ ၉ သန်း) တန်ဖိုးရှိသော ရေနံစိမ်းများကို သိမ်းယူခဲ့ကြောင်း မလေးရှားရေကြောင်းထန်းသိမ်းရေးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။ လွှဲပြောင်းခဲ့သည့် ရေနံများ၏ မူလဇာစ်မြစ်ကို ဌာနက ပြောကြားခဲ့ခြင်းမရှိပေ။ မလေးရှားကမ်းလွန်ရေပြင်သည် သင်္ဘောချင်း တရားမဝင် အချိန်းအပြောင်းလုပ်သည့် ပုံမှန်နေရာတစ်ခုအဖြစ် လူသိများပြီး သယ်ဆောင်လာသည့် ရေနံများ၏ မူလဇာစ်မြစ်ကို ကွယ်ဝှက်ရန်အတွက် ပင်လယ်ပြင်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071