Saturday, June 7, 2025

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင်...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား...

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့်...

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ...

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ...
HomeNewsLocal News၄ နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)...

၄ နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အားပြန်လည်ဖွင့်လှစ်လုပ်ကိုင်မည်

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ရုရှားပညာရှင်များအကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ်
မပါဝင်ဘဲ ၇၂ နာရီကြာစမ်းသပ်လည်ပတ်ခဲ့ပြီး ၄ နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အားပြန်လည်ဖွင့်လှစ်လုပ်ကိုင်သွားမည်ဖြစ်သည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက စက်ရုံအားကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတော်အတွက်လိုအပ်သည့် သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်းရှိ သံရည်ကျိုလုပ်ငန်းတွင်အသုံးပြုမည့်စက်မှုလုပ်ငန်းသုံးရေစစ်ကန်၊ အဝင်ဓာတ်အားလိုင်းလက်ခံဖြန့်ဖြူးခွဲရုံတည်ဆောက်ပြီးစီးမှု၊ ကျောက်မီးသွေးကြိတ်ခွဲ ပြုပြင်ရေးအလုပ်ရုံ၊ သံသတ္တုရိုင်းအခြောက်ခံအလုပ်ရုံ၊ သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံ၊ အလိုအလျောက်မီးငြှိမ်းသတ်ရေးအလုပ်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် အမှတ်(၂)ပန့်အလုပ်ရုံ၊ ရေပြန်လည် အအေးခံပေးပို့သည့်အလုပ်ရုံ၊ သန့်စင်ပြီးကုန်ကြမ်းများသိုလှောင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ဓာတုပစ္စည်းဖြင့်ရေပြုပြင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ စက်မှုလုပ်ငန်းသုံးရေသန့်စင်အလုပ်ရုံ၊ အောက်ဆီဂျင်အလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ ဖိအားမြင့်လေထုတ်အလုပ်ရုံ၊ ဒုတိယအဆင့် ရေတွန်းအလုပ်ရုံ၊ သောက်သုံးရေသန့်စင်အလုပ်ရုံ၊ တန် ၁၀၀ အထိ ခြင်တွယ်နိုင်သည့် ကတ္တား၊ သံသတ္တုရိုင်း ပထမအဆင့်ကြိတ်ခွဲအလုပ်ရုံနှင့်စက်ပစ္စည်းများအား ဝန်မပါစမ်းသပ်မောင်းနှင်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၌ သဘာဝ သယံဇာတကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါစမ်းသပ်လည်ပတ်ခဲ့သည်။

ထို့အတူ ကျန်ရှိသည့်အလုပ်ရုံခွဲ ၃ ရုံအား ရုရှားနိုင်ငံမှပညာရှင်များ၊ မြန်မာပညာရှင်များနှင့်စက်ရုံဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးပြုပြင်စမ်းသပ်လည်ပတ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုများအားတစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင် လူအ‌ေ-သအပျေ-ာက်ရှိသောပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။         မေလ ၂၈ ရက် နေ့က ကမ္ဘောဒီးယားစစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သော နယ်စပ်မျဉ်းမရှိသည့် ဧရိယာတွင် နှစ်ဖက်တပ်များ ခေတ္တတို-က်ပွဲဖြစ်ပြီးချိန်မှ စတင်ကာ အရှေ့တောင်အာရှ နှစ်နိုင်ငံ အစိုးရနှစ်ရပ်သည် ဆွေးနွေးဖြေရှင်းမှုကို ကတိပြုသည့် စကားလုံးများသုံးကာ အပြန်အလှန်ပြောဆိုခဲ့ကြသည်။                            သို့သော်လည်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးမှုများတွင် တင်းမာမှုလျော့ပါးစေမည့် အဆိုပြုချက်များကို...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား ပြည်သူ့ဘဝ မထိခိုက်စေသည့်နည်းလမ်းဖြင့် စောင့်ကြည့် ကြပ်မတ်မည်

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ ၃၃ က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ကို အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ကစုံစမ်းရေးကော်မရှင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါ နိုင်ငံကို အရေးယူရန် ထောက်ခံ တင်ပြရမည့် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းထားသည်။ ဤကဲ့သို့ အရေးယူရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများ နှင့်...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိ-တ်ထားခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071