မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် ညနေ ၅ နာရီ ၅၅ မိနစ် ၌ Sky Villa အဆောက်အဦး၏ (C)အဆောင်၊ အခန်းအမှတ် M2 မှ အမျိုးသား(၁)ဦး၏ ရုပ်အလော-င်းကိုတွေ့ရှိခဲ့ရသဖြင့် သယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် Sky Villa အဆောက်အဦး၏ (B)အဆောင် ၊ အခန်းအမှတ်(14)မှတွေ့ရှိရသော မီးခံသေတ္တာအတွင်းမှအရေးကြီးစာရွက်စာတမ်းဖိုင်(၂၃)ဖိုင်၊ ဘဏ်စာအုပ်(၃၁)အုပ်၊ ရွှေဆွဲကြိုး(၁၅)ကုံး၊ ရွှေ လက်ကောက်(၁၂)ကွင်း၊ ရွှေဟန်းချိန်း(၁၁)ကုံး၊ ရွှေလက်စွပ်(၂၅)ကွင်း၊ ရွှေဆွဲသီး(၂၁)ခု၊ ရွှေနားကပ် (၁၅)ရံ၊ (၁)ကျပ်သားရွှေတုံး(၁၀)တုံး၊ 0.2g ရွှေပြား(၆)ပြား၊ ရွှေတွယ်ချိတ်(၃)ခုတို့ကို ပိုင်ရှင်ဖြစ်သူထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ Sky Villa အဆောက်အဦး၏ (C)အ ဆောင်၊ အခန်းအမှတ် M-10 မှ အမေရိကန်ဒေါ် လာ(၁၀၀)တန်(၈)ရွက်၊ ၁ ဒေါ်လာ(၁)ရွက်၊ ယူပီ (၅၀၀)တန်(၁၈)ရွက်၊ ရွှေနားကပ်(၄)ရံ၊ ကျောက်ပါရွှေဆွဲသီး(၁)ခု၊ ရွှေဆွဲသီး(၂)ခု၊ ရွှေလက်စွပ်(၂) ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံး၊ ဖန်စီလက်ဝတ်လက်စား (၁)အိတ်၊ Shashi Bushan အမည်ပါစာရွက်စာ တမ်းများ၊ Shashi Bushan အမည်ပါ passport (၂)အုပ်၊ Cosmatic ပစ္စည်းများအားတွေ့ရှိရသဖြင့် ပိုင်ရှင်ဖြစ်သူ၏ ကိုယ်စားလှယ်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။