တရုတ်နိုင်ငံ၊ လန်ချန်းမြို့၌ မနက်ဖြန် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၇ ရက်အထိကျင်းပမည့် (၄)နိုင်ငံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ၏ ISPE အသင်းမှဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ရန် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦးခေါင်းဆောင်သည့် ISPE အသင်းသားများသည် ယနေ့ စက်တင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့်ထွက်ခွာသွားခဲ့ကြသည်။
အဆိုပါ (၄)နိုင်ငံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအား အိမ်ရှင်တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
