Saturday, June 21, 2025

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...
HomeNewsLocal News(၃) နှစ်ကြာ ရပ်နားထားသည့်...

(၃) နှစ်ကြာ ရပ်နားထားသည့် ဆုတောင်းပြည့် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပြန်လည်ကျင်းပမည်

ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားသည့် အချိန်မှစတင်ကာ မကျင်းပဘဲ (၃) နှစ်ကြာရပ်နားထားသည့် မွန်ပြည်နယ်ရှိ ဆုတောင်းပြည့် ကျိုက္ခမီ ရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား အောက်တိုဘာလအတွင်း၌ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

အောက်တိုဘာ (၂၃) ရက်မှ (၂၇) ရက်အထိ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကာ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ နံနက် (၃) နာရီမှ စတင်၍ ရပ်နီး/ရပ်ဝေးမှ ဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်သူများ၏ ဆွမ်းအိုးမျှောပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၃၀) ရက်မှနိုဝင်ဘာ (၃) ရက်အထိအား ဇာတ်သဘင်ပွဲ(ဗလာပွဲ)များ၊ ရုံပွဲများ၊ ခြင်းလုံးပညာရှင်အမျိုးသမီးများ၏ ခြင်းလုံးအလှခတ်၊ ရွဲလုံးအလှကစားပြမှုများဖြင့်လည်း(အခမဲ့) ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ အလွတ်တမ်းဘောလုံးပြိုင်ပွဲအဖြစ် ဘောလုံးအသင်း(၈) သင်းတို့မှ ယှဥ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ထို့ကြောင့် ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်၌ စျေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချလိုပါက အောက်တိုဘာ (၁၅) ရက်မှစတင်ကာ ဆိုင်ခန်းလျှောက်လွာများကို ဂေါပကအဖွဲ့ရုံးတွင်လာရောက်၀ယ်ယူနိုင်ပြီး အောက်တိုဘာ (၂၁) ရက်တွင် စျေးဆိုင်ခန်းများကို အကွက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025" ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN -Korea...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ "စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့မှာ စက်သုံးဆီဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့အတွက် စက်သုံးဆီသယ်ယူ ရောင်းချမှုအဆင်ပြေချောမွေ့စေရေးနဲ့ စက်သုံးဆီသယ်ယူရောင်းချရာမှာအခက်အခဲ၊လိုအပ်ချက်တွေကို ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးဖို့အတွက် အခုအစည်းအဝေးကို ကျင်းပရတာ ဖြစ်ပါတယ်။ စက်သုံးဆီလုပ်ငန်းရှင်တွေကလည်း မိမိတို့ဆိုင်က ရောင်းချဖို့ စက်သုံးဆီတွေကို...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့် ရုရှား စတင်

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလျံတန်ဖိုးရှိ သောရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို စတင်ရန် သဘောတူခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှား-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတည်ထောင်းခြင်း သဘောတူညီချက်ကို အင်ဒိုနီးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara နှင့် ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ပူးတွဲဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည် တည်ဆောက်မှုတို့ကို မောင်းနှင်ခြင်းဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071