Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeNewsLocal News၂၆-ရာစုကျော် စီးဆင်းလာခဲ့သော အစဉ်အလာဝါဆိုကာလနှင့်...

၂၆-ရာစုကျော် စီးဆင်းလာခဲ့သော အစဉ်အလာဝါဆိုကာလနှင့် သီလကုသိုလ်

၉.၇.၂၀၂၅ သည် မြန်မာ ပြက္ခဒိန်အရ ၁၃၈၇ -ခုနှစ်၏ ၅-လမြောက်ဖြစ်သည့် ဝါဆိုလ၏ လပြည့်နေ့ဖြစ်သည်၊
ဤဝါဆိုလပြည့်နေ့သည်  ဤကမ္ဘာမြေ လောကဓာတ်အတွင်း ဘုရားအလောင်းတော်၏ ပဋိသန္ဓေယူရာ, ဘုရားအဖြစ်ကျင့်ဖို့ တောထွက်ရာ, ဘုရားရှင်၏ ဓမ္မစကြာ တရားရတနာ စတင်လည်ပတ်ရာ, သံဃာရတနာ စတင်ပေါက်ဖွားရာစသည့် သမိုင်း ဖြစ်တော်စဉ်များနှင့် ဆက်စပ်သည်ဖြစ်၍ နေ့ထူး နေ့မြတ်ဟု သတ်မှတ်ထားသော
နေ့တနေ့ဖြစ်ပေသည်။

ထိုသို့ထူးခြားမှုဂုဏ်ကျေးဇူးတို့ကို သတိတရ အာရုံပြု ပူဇော်သောအားဖြင့် ဗုဒ္ဓဘာသာဝင်များက
ဝါဆိုလပြည့်နေ့တွင် အထူးတလည် ကုသိုလ်ပြုကြသည်။

ဗုဒ္ဓလက်ထက်မှစ၍ စီးဆင်းလာခဲ့သော ဝါဆိုဝါကပ်မှု ပညတ်ချက်သည် နှစ်ပေါင်း (၂,၆၀၀) ကျော်အကြာ ယနေ့ထက်တိုင် နှစ်စဉ် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် ရဟန်းသာမဏေများသည် မိမိတို့နေထိုင် သီတင်းသုံးကြမည့် ကျောင်းတိုက်အတွင်း သီတင်းကျွတ်လပြည့်ကျော်(၁) ရက်အထိ သုံးလတိုင်တိုင် “ဤကျောင်းတိုက်၌ ဝါတွင်းသုံးလပတ်လုံး နေထိုင်သီတင်းသုံးပါမည်ဟု” ဝါဆို ဝါကပ်ပြုကြရသည်၊

ခရီးလွန်ခြင်းစသည့် အကြောင်းမညီညွတ်မှုများကြောင့် ဝါဆိုလပြည့်နေ့တွင် ဝါဆို ဝါကပ် မပြုနိုင်ခဲ့လျှင် ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့မှစတင်ကာ  တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိဝါဆို ဝါကပ်ပြုကြရသည်။

ထိုသုံးလအတွင် တရားဟောကြွခြင်း သီတင်းသုံးဖော်များနှင့် မိဘများ၏ ကျန်းမာရေးစသည့် ကိစ္စများအတွက် (၇) ရက်အတွင်း ဝါပန်ကာ ခရီးထွက်ခွင့်ပြုထားသော အကြောင်းကိစ္စမှ လွဲ၍ အရုဏ်တက်ချိန်တွင် မိမိ ဝါဆိုဝါကပ်ရာ ကျောင်းတိုက်၏ အတွင်းတည်ရှိနေရမည်ဖြစ်သည်။ အပြင်ဘက်သို့ ရောက်ရှိနေလျှင်ဝါကျိုး ဝါပြတ် ဖြစ်၍ ကထိန်သင်္ကန်း အလှူခံခွင့်မရပေ။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ထိုဝါတွင်းကာလဝယ် တစ်လ လေးသီတင်း အားဖြင့် ဆယ့်နှစ် သီတင်း (၁၂ ဥပုသ်) နေ့တို့တွင် မိမိတို့နှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းဖွယ်ရာများ လှူဒါန်းကြခြင်း, ဥပုသ်သည်များအား ကျွေးမွေးဧည့်ခံခြင်း ဒါနခန်းများပြုလုပ်ကာ သီတင်းသီလ ဆောက်တည်ကြသည်။ ဝါဆိုလပြည့်ပါထည့်က ၁၃ ရက်ဖြစ်သည်။ အချိန်ဇယားကို ​ဖော်ပြထားပါသည်။

အချို့ကလည်း “ဝါတွင်းကာလ (၈)ပါး သီလ မပျက်အောင် ထိန်းမယ်ဆိုပြီး” ကြိုးစားကာ အဓိဋ္ဌာန်၍ သီလဆောက်ကြသည်။

အချို့ဒေသ၌ ဥပုသ်သည်များသည် မနက်ခင်းမှ ညနေခင်းအထိ ကျောင်းမှာတွင် နေထိုင်ကာ သီလဆောက်တည်ကပြီးနောက်  စိတ်သန့်စင်သောအားဖြင့် ဂုဏ်တော်ပွားခြင်း ပုတီးစိပ်ခြင်း တရားရှု့ပွားများခြင်းများ ပြုလုပ်ကြသည်။

သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာဝင်များလည်း အဖြူရောင်အဝတ်များ ဝတ်ဆင်လျှက် ဘုန်းတော်ကြီးကျောင်းများတွင် တနေကုန် နေကြပြီး သီလဆောက်တည်လျှက် ဗောဓိပင် ပူဇော်မှုများ ဘုရားရှိခိုးမှုများ ပြုလုပ်ကြလေသည်။

ဆရာတော်များက သီလစောင့်သုံးခြင်း၏ အကျိုးကျေးဇူးများ ဘာဝနာပွားများခြင်း၏ အကျိုးကျေးဇူးများကို ပုံဝတ္ထု ဇာတ်တော် သာဓက စသည်ဖြင့် တန်ဆာဆင်၍ ဟောပြောညွှန်ပြကြလေသည်။

အနှစ်ချုပ်အားဖြင့် ဝါတွင်းကာလဝယ်  ဗုဒ္ဓဘာသာဝင်များသည် ကံသုံးပါးကို ယဉ်ကျေးစေကြလျှက် မိမိမှ အစပြုကာ ဤကမ္ဘာမြေပြင်ကြီး တစ်ခုလုံး ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြခြင်း၊ အအေးဓာတ်ပို့ဆောင်နေကြခြင်းပင် ဖြစ်ပေသည်။

၂၆-ရာစုကျော် စီးဆင်းလာခဲ့သော အစဉ်အလာကောင်း တစ်ရပ်ကို လေးမြတ်စွာ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့  တိုက်တွန်း နိုးဆော်လိုက်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071