Saturday, July 5, 2025

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ...

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ...

MNL League Cup 2025...

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ...

ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် တိုင်းဒေသကြီးများမှ ပျ-က်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကောက်ယူနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ကောက်ယူနေသော တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ဖြစ်သည်။ ကောက်ယူမှုတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်...

နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ယာမြေညီထပ်နေထိုင်သူများအား အိမ်သုံးလျှပ်စစ်ပစ္စည်းများထောက်ပံ့

မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၂၅)ခုမှဝန်ထမ်းအိမ်ယာများ၏ မြေညီထပ်အခန်း(၄၉၉)ခန်းတွင်နေထိုင်သော ဝန်ထမ်းများအတွက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း (၆)မျိုးတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား...
HomeNewsLocal News(၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအ...

(၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအ စည်းအဝေးတွင် ရလဒ်ကောင်းများရရှိစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊တရုတ်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံမှဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

(၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအ စည်းအဝေးတွင် ရလဒ်ကောင်းများရရှိစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊တရုတ်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံမှဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

(၂၈)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးမှ ဇွန် ၁၀ ရက်ကပြုလုပ်သည့် ဆွေးနွေးပွဲသို့ ဗွီဒီယိုကွန်ဖရန့်စနစ်ဖြင့်တက်ရောက်စဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးသည် ပူးတွဲဥက္ကဋ္ဌတာဝန်အား တရုတ်နိုင်ငံ၊လက်ထောက်နိုင် ငံခြားရေးဝန်ကြီး Mr. Wu Jianghao နှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာစာတမ်းအ ကောင်အထည်ဖော်ခြင်းနှင့်ထိရောက်၍ အနှစ် သာရရှိသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့် ထုံးတစ်ရပ်ဆွေးနွေးမှုတွင် တိုးတက်မှုများရရှိရန် မြန်မာနိုင်ငံမှတရုတ်နိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ညှိနှိုင်းဆောင်ရွက်နေမှုတို့အား အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးက ဆွေးနွေးပြောကြားခဲ့သည်။

“ဒေသတွင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံရဲ့ အဆိုပြုချက်အသစ်တွေ ဆွေးနွေးလာတဲ့အပေါ် ကျေးဇူးတင်ပါတယ်”ဟု အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံ-တရုတ်ဆွေး နွေးဖက်ဆက်ဆံရေး၏ ညှိနှိုင်းရေးမှူးနိုင်ငံအနေ ဖြင့်(၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ရလဒ်ကောင်းများရရှိစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊တရုတ်နိုင်ငံတို့နှင့်အ တူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

အစည်းအဝေး၌ အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေးနှစ်(၃၀)ပြည့် နှစ်ပတ်လည်အထိမ်း အမှတ်အထူးအစည်းအဝေး၏ ရလဒ်များအ ကောင်အထည်ဖော်ရာ၌ တိုးတက်မှုများအား ပြန် လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံနှင့်တရုတ်နိုင်ငံတို့အကြား ဆက် ဆံရေးဖြစ်ပေါ်တိုးတက်မှုများ၊အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ရန် အာဆီယံ-တရုတ်လုပ် ငန်းစီမံချက်(၂၀၂၁-၂၀၂၅)အား ပြင်ဆင်ရေးဆွဲမှုအခြေအနေများ၊မဏ္ဍိုင် ၃ ရပ်အောက်တွင် အာဆီယံ-တရုတ်ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ခြင်းနှင့်ဘုံစိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့်နိုင်ငံတကာရေးရာကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုး/ဇလ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင်ကောလဟာလဖြန့်ချိသူများကို ထိရောက်စွာ အရေးယူမည်

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များကို လူမှုကွန်ရက်များတွင် ကောလာဟာလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာန၊ စီမံခန့်ခွဲရေးညွှန်ကြားမှုဗဟိုကော်မတီက ကောလာ ဟာလသတင်းများဆိုင်ရာ အသိပေးချက်အနေဖြင့် အသိပေးထုတ်ပြန်ထားသည်။ ကောလာဟလ သတင်းထုတ်လွှင့်ဖြန်ချိသူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ တည်ဆဲဆက်သွယ်ရေးဥပဒေအရလည်းကောင်း၊ တည်ဆဲသဘာဝဘေးစီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း၊ အခြားသက်ဆိုင်ရာ အကျုံးဝင်သည့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းအသိပေးချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကောလာဟလဖြန့်ချိသော လူမှုကွန်ယက်စာမျက်နှာနှင့် အကောင့်များအား weathermyanmar-meteorology@hotmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။ ယင်းအပြင် ပြည်သူလူထုအနေဖြင့် မိမိတို့ကြားသိထားကြသော သတင်းများအား...

MNL League Cup 2025 ဗိုလ်လုပွဲအတွက် ရန်ကုန်ယူနိုက်တက်အသင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးမည်

ယခုလ ဇူလိုင် ၆ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားမည့် MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွက် ရန်ကုန်ယူနိုက်တက်အသင်းက ကြို/ပို့ ယာဉ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ယင်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ ပရိသတ်များအတွက် သွားလာရေး လွယ်ကူစေရန် ကြို/ပို့ယာဉ်များကို အသင်းက စီစဉ်ပေးခြင်းဖြစ်ပြီး၊ လိုက်ပါမည့်သူများအနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်းတည်ရှိရာ Yangon United Sports Complex၊ လှိုင်မြို့နယ် (သံလမ်းမှတ်တိုင်အနီး)သို့ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် အရောက်လာကြရန် နှိုးဆော်ထားသည်။ ထို့အပြင် အကြို/အပို့ကားများကို လှိုင်မြို့နယ်မှ သုဝဏ္ဏဘောလုံးကွင်းအထိ...

ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများ ကောက်ယူ

မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့ရသည့် တိုင်းဒေသကြီးများမှ ပျ-က်စီးခဲ့ရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကောက်ယူနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။ ကောက်ယူနေသော တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ဖြစ်သည်။ ကောက်ယူမှုတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပျ-က်စီးထိခို-က်မှုစာရင်းများကို ကမ္ဘာ့အဆင့်သတ်မှတ်ထားသော ပုံစံဖြင့် ကွင်းဆင်းမေးမြန်း မှတ်တမ်းတင်ကောက်ယူခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စာရင်းကောက်ယူမှုတွင်မူ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ဦးစီးကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာစစ်တမ်းများဖြင့် လုပ်ငန်း (၁၀)ခုကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ထိုနည်းတူ ရှမ်းပြည်နယ်၊ အင်းလေးဒေသအတွင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သုတေသန လုပ်ငန်းထိခိုက်ပျက်စီးမှုစာရင်းများကို မေလ (၁၀)ရက်မှ (၁၂)ရက်အထိ လုပ်ငန်း (၅)ခုကို စာရင်းကောက်ယူပြီဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071