မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂ ရက်နံနက် ၇ နာရီခွဲက ထုတ်ပြန်ခဲ့သည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေ မှတ်အထက် ၂ လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင်သာ ဆက်လက်တည်ရှိနေမည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။
လပ်ရှိအချိန်၌ ဧရာဝတီမြစ်ရေမြင့်တက်လျက်ရှိ၍ မြစ်ကြီးနားမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်အချို့အတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများအား လုံခြုံ ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လူနေရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိ၍ စာသင်ကျောင်းအချို့အား ယီပိတ်ထားရပြီး ရေများပြန်လည်ကျဆင်းမှသာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။