Monday, February 2, 2026

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...
HomeNewsLocal News၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ...

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်မှု (၅၀)ရာခိုင်နှုန်းပြီးစီး

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် လုပ်ငန်းဆောင်ရွက်မှုမှာ (၅၀)ရာ ခိုင်နှုန်းပြီးစီးပြီဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ ဖေဖော်ဝါရီ ၁ ရက်က လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် တာဝါတိုင်များစိုက်ထူနိုင်ရန် တိုင်ဆင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချိန်အတွင်းအချိန်မီပြီးစီးရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့ပြင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဝန်ထမ်းများ အန္တရာယ်ကင်းစွာဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံနှုန်းပြည့်မီစေရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း အသ-က်ဆုံးရှုံးသူဦးရေ (၃၀) ကျော်ရှိခဲ့

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ထံမှ သိရခြင်း ဖြစ်သည်။ တစ်နှစ်တာအတွင်း YBS ယာဉ်တို-က်မှုပေါင်း (၆၄) ကြိမ်လည်းရှိခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ်စာရင်းနှင့် နှိုင်းယှဉ်ပါက YBS ယာဉ်တို-က်မှုပေါင်း အကြိမ်ရေလျော့နည်းလာသကဲ့သို့ အသက်ဆုံးရှုံးမှုလည်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်မူ YBS ယာဉ်မတော်တဆမှုကြောင့် ဒ-ဏ်ရာရရှိသူ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄ မှ ၁၁၃မိုင် ၂ ဖာလုံ ပုသိမ်အထိ ၉၅ မိုင် ၆ ဖာလုံ ရှည်လျားပြီး မိုင်တိုင် ၁၇/၄ မှ မိုင်တိုင် ၅၆/၀ အထိ အပိုင်းအား Oriental Highways Co.,Ltd က BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဗိုလ်မြတ်ထွန်းတံတားမှ မိုင်တိုင် ၅၆/၀...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်မည်

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ ငလျင်ကာလအလွန် တည်ဆောက်ရေးနှင့် ပြန်လည်ပြု ပြင်ရေးလုပ်ငန်းများတွင် PE/RSE များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါလာရာ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အင်ဂျင်နီယာများ ကျင့်ဝတ်လိုက်နာမှုအားနည်းချက်များအားပြင်ဆင်နိုင်စေရေးနှင့် RSE လက်မှတ်ရ အင်ဂျင်နီယာများအား လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရေးတို့အတွက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအား လာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071