မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့ ဇူလိုင် ၁၉ ရက်မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ဆီဘောက်ဆာကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးကားလမ်း၏ မိုင်တိုင်အမှတ် ၉၉/၁ အနီးတွင် ၂၂ ဘီး ဆီဘောက်ဆာကားမောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ကာ ဆီယိုစိမ့်နေသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက Foam မီးငြှိမ်းသတ်ကားအပါအဝင် မီးသတ်ကားများဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
