Thursday, May 21, 2026

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယား သွားရောက်ဖွယ်ရှိဟု...

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အစောဆုံးအနေဖြင့် လာမည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap News Agency က မေ ၂၀...

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာသည့် လူဝံလေးများ‎

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင်… မလေးဘာသာစကားအရ "သဘာဝတောတွင်းလူသားကြီးများ" ဟု အဓိပ္ပာယ်ရသည့် “လူဝံ" (Bornean Orangutan) စုံတွဲလေး...

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တရုတ်သံအမတ်တို့တွေ့ဆုံဆွေးနွေး

နိုင်ငံတော် ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H. E. Ms. Ma Jia တို့ မေ ၂၀ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ်...

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံသည့်အချိန် မည်သည့်အခကြေးငွေမျှ လုံးဝမကောက်ခံဘဲ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကို ယနေ့ မေလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ...
HomeNewsLocal News၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနား...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ

ပြတိုက်များသည် လူသားအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့အခမ်းအနားကို ယမန်နေ့က  အမျိုးသားပြတိုက် (နေပြည်တော်) Mini Theatre ၌ ကျင်းပသည်။

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရှင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံပြတိုက်များ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနလက်အောက်မှ ပြတိုက်တာဝန်ခံများ၊ ဝန်ကြီးဌာနများမှ ပြတိုက်များနှင့် ပုဂ္ဂလိကပြတိုက် ဖွင့်လှစ်မည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ဆောင်ပုဒ်ကို Museums Uniting a Divided World “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ” ဟူသည့် ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ယနေ့ကမ္ဘာတွင် ပြတိုက်များသည် လူသားအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် တံတားတစ်စင်းအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ပြတိုက်ပညာရှင် ဒေါ်နုမြဇံ ဦးဆောင်၍ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက် (နေပြည်တော်) တို့မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်သမ္မတ ရှီကျင့်ဖျင် မြောက်ကိုရီးယား သွားရောက်ဖွယ်ရှိဟု သတင်းထွက်ပေါ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အစောဆုံးအနေဖြင့် လာမည့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ Yonhap News Agency က မေ ၂၀ ရက်နှောင်းပိုင်းတွင် အစိုးရအကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ တရုတ်လုံခြုံရေးနှင့် သံတမန်ရေးရာအရာရှိများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက ပြုံယမ်းမြို့သို့ သွားရောက်ခဲ့ပြီး သမ္မတရှီ၏ ခရီးစဉ်မှာ မေကုန်ပိုင်း သို့မဟုတ် ဇွန်လအစောပိုင်းတွင် ဖြစ်လာနိုင်ကြောင်း အခြားအစိုးရသတင်းရင်းမြစ်တစ်ခုကိုလည်း ကိုးကားဖော်ပြထားသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့သည့် သမ္မတရှီသည် ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်တို့အကြား ကြားဝင်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း...

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာသည့် လူဝံလေးများ‎

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင်… မလေးဘာသာစကားအရ "သဘာဝတောတွင်းလူသားကြီးများ" ဟု အဓိပ္ပာယ်ရသည့် “လူဝံ" (Bornean Orangutan) စုံတွဲလေး ရောက်ရှိနေကြောင်း သိရသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် လူဝံများကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ခန့်ကပင် နောက်ဆုံးပြသခဲ့ဖူးသည်။ ယခုရောက်ရှိလာသော စုံတွဲသည် လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ ဖြစ်ကြသည်။ ‎လူဝံမျိုးစိတ်များကို အရှေ့တောင်အာရှရှိ ဆူးမားတြားနှင့်ဘော်နီယိုကျွန်းဆွယ်များမှာ တွေ့ရှိနိုင်ကာ သဘာဝတောထဲတွင် သစ်ပင်အမြင့်ကြီးများပေါ်၌ အသိုက်ဆောက်ကာ နေထိုင်လေ့ရှိသည်။ ရှည်လျားသန်မာသော လက်များကို အသုံးပြု၍ တစ်ပင်မှတစ်ပင်...

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တရုတ်သံအမတ်တို့တွေ့ဆုံဆွေးနွေး

နိုင်ငံတော် ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H. E. Ms. Ma Jia တို့ မေ ၂၀ ရက်ကတွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းပိုမိုခိုင်မြဲစေရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးကဏ္ဍပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071