လာမည့် မတ် ၁၁ ရက်တွင်စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကွေးတိုင်း၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းတွင်းဖြေအဖြစ် ကျောင်းသား၊ ကျောင်းသူ(၅၉၃)ဦး၊ ပြင်ပဖြေအဖြစ် ကျောင်းသား၊ ကျောင်းသူ(၂၀၆)ဦး(စုစုပေါင်း ၇၉၉ ဦး)ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ဖြေဆိုရန် မြို့နယ်အတွင်း၌ဖွင့်လှစ်မည့် စာစစ်ဌာနများ၌ စာမေးပွဲခန်းအတွင်းရှိ စာဖြေခုံများကောင်းမွန်မှုရှိ/မရှိ၊ စာမေးပွဲဖြေဆိုချိန်အတွင်း သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးမ ပြတ်တောက်စေရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုတို့ကို တာဝန် ရှိသူများမှ မတ် ၇ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။