ရန်ကုန်တိုင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅ ခုနှစ် OLYMPIC DAY အထိမ်းအမှတ်အမျိုးသား၊ အမျိုးသမီး(မီတာ ၄,၈၀၀ အုပ်စုတစ်ဦးချင်း) စက်ဘီးပြိုင်ပွဲကို ဇွန် ၂၂ ရက်နံနက် ၇ နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၏ စက်ဘီးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ၌ Cog wheel , Free wheel စသောမည်သည့်ပြိုင်စက်ဘီးနှင့်မဆိုပါဝင်ယှဥ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ရောက်သူတိုင်းမှာ စက်ဘီးစီးဦးထုပ်ပါရှိရမည်ဖြစ်ကာ ပြိုက်စက်ဘီးများ၌ အချွန်အတက်ပါသောပစ္စည်းများနှင့် ကွဲရှစေနိုင်သောအသုံးအဆောင်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိရကြောင်း သိရသည်။
ဝင်ရောက်ယှဥ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲကျင်းပမည့်ရက်ဖြစ်သော ဇွန် ၂၂ ရက်တွင်လည်း စာရင်းပေးသွင်း၍ ဝင်ရောက်ယှဥ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲ၏ အမျိုးသားပြိုင်ပွဲတွင် ပထမဆု ငွေသားနှင့် ဆွဲပြား၊ ဒုတိယ ငွေသားနှင့်ဆွဲပြား၊ တတိယဆု ငွေသားနှင့်ဆွဲပြား၊ စတုတ္ထဆု ငွေသားနှင့်ဆွဲပြား၊ ပဉ္စမဆု ငွေသားနှင့်ဆွဲပြား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု ငွေသားနှင့်ဆွဲပြား၊ ဒုတိယဆု ငွေသားနှင့်ဆွဲပြား၊ တတိယဆု ငွေသားနှင့်ဆွဲပြားတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။