Saturday, May 17, 2025

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA...

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊...

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင်...

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...
HomeInternational၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman Vilfand က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

“၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိပါသည်။ ယင်းအကြောင်းရင်းမှာ မကြာသေးမီနှစ်များအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုများပြားလာခြင်းကြောင့် ရာသီဥတုမှာ တဖြည်းဖြည်း ပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဤဖြစ်စဉ်ကို ယခုထိတိုင် တည်ငြိမ်အောင် မထိန်းနိုင်သေးပါ။ ထို့အပြင် သမုဒ္ဒရာများအထက်ရှိ လေထုအလွှာသည် အလွန်မြင့်မားနေဆဲဖြစ်ပြီး ၎င်း၏ လှုပ်ရှားမှုရှိသော အလွှာ (မြေပြင်နှင့် ထိစပ်နေသောအလွှာ) သည် ကောင်းစွာ ပူနွေးနေလျှက်ရှိသည်။ ဤအချက်ကလည်း လေထု၏ အခြေအနေအပေါ် သက်ရောက်မှုရှိသည်။ သမုဒ္ဒရာမှ လွှဲပြောင်းပေးသော အပူက ယင်းလေထုအလွှာ၏ အပူချိန်ကို မြင့်တက်စေပြန်သည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲတွင် မည်သည့်နေရာဒေသသည် အပူဆုံးဖြစ်မည်ကို အတိအကျပြောနိုင်ရန်မှာမူ ယခုနှစ်၏ ဒုတိယခြောက်လအတွင်းတွင် သိရှိနိုင်မည်ဖြစ်ကြောင်း Vilfand က ထပ်လောင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်၍ ဆောင်ရွက်ဆဲလက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၃)ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိအခြေခံပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်း(၉၇၁)ဦးဖန်...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်"စက်လှေပေါ်မှ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁) နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ်(၃၁)အိတ်ဖြင့်ထည့်ထားသောI CE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဧပြီ ၂၇ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် (၁၈၀)ခန့်အကွာပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း (၅၄)နှစ်၊...

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ (၆)မြို့နယ်အတွင်းမှ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့် ပတ်သက်၍ PE. RSE လိုင်စင်ရ အင်ဂျင်နီယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Met hod State-ment နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071