ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့်(၅)သင်း အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖူဆယ်ကော်မတီ၏ ယနေ့ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
လက်ရွေးစင် မြန်မာအမျိုးသမီးအသင်းအနေဖြင့် နိုဝင်ဘာ (၁၆)ရက် မြန်မာစံတော်ချိန် ညနေ (၅)နာရီခွဲအချိန်တွင် အိမ်ရှင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ(၁၇) ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲအချိန်တွင် ဗီယက်နမ်နှင့် လည်းကောင်း၊ နိုဝင်ဘာ (၁၈)ရက် မြန်မာစံတော်ချိန် ညနေ (၅) နာရီခွဲအချိန်တွင် ထိုင်းနှင့်လည်းကောင်း ၊ နိုဝင်ဘာ (၁၉)ရက် မြန်မာစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲအချိန်တွင် အင်ဒိုနီးရှားနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သ ည်။
အဆိုပါ အုပ်စုပတ်လည်စနစ်မှ အဆင့် (၃)နှင့် အဆင့် (၄) ရ အသင်းတို့သည် နိုဝင်ဘာ (၂၁)ရက်တွင် တတိယလုပွဲအဖြစ် လည်းကောင်း၊ အဆင့် (၁)နှင့် အဆင့် (၂ ) ရ အသင်းတို့သည် နိုဝင်ဘာ (၂၁) ရက်တွင် ဗိုလ်လုပွဲအဖြစ်လည်းကောင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံအမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအပြင် ၂၀၂ ၅ အာရှဖလားခြေစစ်ပွဲအတွက်ပါ ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်လျက်ရှိသည်။
ပုံစာ -၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ပြိုင်ပွဲဝင်ရန် အမျိုးသမီးဖူဆယ်အသင်း လေ့ကျင်ပြင်ဆင်နေ့သည့် ပုံရိပ်



