Saturday, June 7, 2025

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့်...

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ...

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ...

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့...

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန်...

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် (၇,၆၀၀)...

မြေဩဇာကော်မတီက ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလုပ်လိုသူပေါင်း (၇,၆၀၀) ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။ ထပ်မံလျှောက်ထားလိုသူများကိုလည်း စိစစ်၍လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။ မြေဩဇာများ တင်သွင်းခွင့်၊...
HomeNewsLocal News၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ယနေ့...

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ယနေ့ ပြန်လည်စတင်မည်

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယ‌နေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြန်လည်စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ထံမှ သိရသည်။

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ရခိုင်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက် စုစုပေါင်း အသင်း (၁၂) သင်း ပါဝင်ယှဥ်ပြိုင်မည်ဟု သိရသည်။

ယနေ့တွင်အဖွင့်ပွဲစဉ်အဖြစ် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ (ISPE) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် ရန်ကုန်ယူနိုက်တက်မြက်ခင်းတု(YUSC) ကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲစဥ်အား ညနေ ၄ နာရီ၊ YUSC ကွင်း၌ ကျင်းပသည့်ပွဲစဥ်အား ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တို့တွင် ကျင်းပသွားမည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိ-တ်ထားခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် UN လူ့အခွင့်အရေးအကြီးအကဲတောင်းဆို

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဥပဒေရဲ့ တန်းတူကာကွယ်ပေးမှု – အမေရိကန်က အစဉ်အမြဲ ထောက်ခံရပ်တည်ခဲ့တဲ့ တန်ဖိုးတွေနဲ့ တို-က်ရို-က်ဆန့်ကျင်နေပါတယ်” ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတာ့ခ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ တာ့ခ်က ပိ-တ်ဆို့အရေးယူမှုများကြောင့် “အလွန်အမင်း စိုးရိမ်ပူပန်မိသည်” ဟု ပြောကြားခဲ့ပြီး “လျင်မြန်စွာ ပြန်လည်စဉ်းစားပြီး ရုပ်သိမ်းပေးရန်” တောင်းဆိုခဲ့သည်။ အမေရိကန်က ပိ-တ်ဆို့အရေးယူလိုက်သည့် ICC...

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်

အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံစိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီး ပိုမိုခိုင်မာသော၊ ပိုမိုကြံ့ကြံ့ ခံနိုင်စွမ်းရှိသော ဘင်းမ်စတက်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၆ ရက်က ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တည်ထောင်မှု(၂၈)နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ မကြာသေးမီကကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှု၊ ဘင်းမ်စတက်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ကြေညာစာတမ်း၊ ဘင်းမ်စတက် ဗန်ကောက်မျှော်မှန်းချက် ၂၀၃၀ နှင့် ဘင်းမ်စတက်ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုချမှတ်နိုင်ခဲ့မှုနှင့် မိမိတို့ဝန်ကြီးများက ပင်လယ်ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071