ဦးညီထွဋ်လို့ ချစ်စနိုးခေါ်ကြတဲ့ ရော့ခ်ကာကြီး ဇော်ဝင်းထွဋ်က ၂ဝ၁၉ ခုနှစ်အတွက် ဘယ်လိုရော့ခ် ဖက်ရှင်တွေ ခေတ်စားဦးမလဲ၊ သူကိုယ်တိုင်ကကော ဘယ်လိုပုံစံမျိုးကို သဘောကျတာလဲဆိုတာကို အခုလို ပြောပြပါတယ်။
”Rock Fashion ပြောရရင် မကွာပါဘူး။ လူငယ်တွေက ပေါ့ပေါ့ပါးပါးဝတ်တယ်။ ဒါပေမဲ့ သူတို့ကို ကြည့်လိုက်တာနဲ့ Musician ဆိုတဲ့ ပုံစံ၊ လွတ်လပ်တယ်ဆိုတဲ့ပုံစံကို အဓိက ပေါ်လွင်ရင်ပြီးတာပဲလေ။ ဆံပင်တိုတို၊ ရှည်ရှည်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကလွတ်လပ်နေတယ်ဆိုတဲ့ မု(ဒ်)မျိုး ဝတ်ကြတာများ တယ်လေ။ ဘာအရောင်ပဲဝတ်ဝတ်ပါ။ ကျွန်တော်တို့ခေတ်တုန်းကတော့ လယ်သာဂျက်ကင်ကြီးတွေနဲ့ အတင်းဝတ်ပြတဲ့တစ်ခေတ်တော့ ရှိတာပေါ့နော်။ အဲဒီတုန်း ကတော့ ဆံပင်အရှည်တွေထား ပြီးတော့ပေါ့။ ဒါကတော့ ဖက်ရှင်တစ်ခုအနေနဲ့ပေါ့။ ပြီးသွားတော့လည်း ပြီးသွားတာပါပဲ။ ကိုယ့်ရဲ့ Life Style ကို ဖော်ပြနိုင်တဲ့၊ သက်သောင့်သက်သာဖြစ်မယ့်၊ အမြဲတမ်းဝတ်နိုင်မယ့်ဖက်ရှင်မျိုးကတော့ ပိုသဘာဝကျတာပေါ့”လို့ ဇော်ဝင်းထွဋ်က ပြောပါတယ်။
သီချင်းပိုင်းမှာသာမက ဖက် ရှင်ပိုင်းမှာပါ ပရိသတ်တွေအပေါ် လွှမ်းမိုးထားနိုင်ခဲ့တဲ့ဇော်ဝင်းထွဋ်က လက်ရှိအချိန်မှာလည်း ဖက်ရှင်ကျကျ ဝတ်ပြနိုင်ပါတယ်ဆိုတာကို သူ့ပရိ သတ်တွေကို ပြသချင်ပါသေးတယ် တဲ့။
”ကိုယ်ကတော့ ဘာပဲပြောပြော အဘိုးအရွယ်ကို ရောက်လာပြီဆို တော့ တစ်ခါတလေကျလို့ရှိရင် အဘိုးကြီးလိုဝတ်ရတာပေါ့နော်။ ရှပ် အင်္ကျီတွေဆိုရင်လည်း Classic ခေါ်တာပေါ့။ ရန်ကုန်မှာ အာရှတို့၊ အရှေ့တောင်အာရှတို့ လူငယ်တွေ အဝတ်များတာက Slim Fit တွေ ဝတ်ကြတယ်။ ဘောင်းဘီအကျပ်တွေ ဝတ်ကြတယ်။ တကယ်တော့ လူကြီး ပိုင်းတွေမှာ ဝတ်စရာသိပ်မရှိဘူး။ ကျွန်တော်တို့ ဒီမှာဘာမှဝယ်စရာ မရှိဘူး။ နိုင်ငံခြားကနေဝယ်ရတယ်။ ကျွန်တော်တို့ ဝတ်လို့ရတဲ့ စတိုင်ကျ တဲ့အဝတ်အစားတွေက ဒီဘက်တွေ မှာ မရောင်းကြဘူးဖြစ်နေတာ။ အခုတော့ ဒီမှာ ဆိုင်လေးတွေလည်းရှိလာတော့ ကိုယ်လည်း ဒီလိုဝတ်တတ်ပါတယ်။ ဝတ်ချင်ပါ တယ်ဆိုတဲ့ ပုံစံလေးတွေပြရတာပေါ့”လို့ ဇော်ဝင်းထွဋ်က ရယ်ရယ်မောမောနဲ့ ပြောပြသွားခဲ့ပါတယ်။
မျိုးမောင်
