Oasix ပြောတာလည်းမှန် ပါ တယ်။ ဘာဖြစ်လို့ဆို တစ်အိမ်တည်း အတူတူနေခဲ့တဲ့ သူငယ်ချင်းအရင်း ကြီး ရွှေထူးတောင် မင်္ဂလာဆောင် သွားပြီလေ။ နောက်ထပ် နောက်ထပ် သူငယ်ချင်းတွေရောပေါ့။ ပြီးခဲ့တဲ့ ၂ဝ၁၈ခုနှစ်ကို ပြန်လည်သုံးသပ် လိုက်တဲ့အခါ ဘာတွေမြင်ရလဲလို့ Oasix ကိုမေးတော့
”၂ဝ၁၈ ခုနှစ်တစ်လျှောက်လုံး မှာ ကျွန်တော့်အတွက်က ဘာတွေ မြင်သလဲဆိုတော့ ဘေးနားကနေ ထွက်သွားတဲ့သူတွေက အရမ်းများ တယ်။ သူငယ်ချင်းတွေကလည်း ဟိုလိုမျိုး သစ္စာဖောက်သွားတာမျိုးမဟုတ်ဘူးဗျာ။ ဒါပေမဲ့လည်း အခြေ အနေအရ သူ့ဘဝနဲ့သူတွေသွားတယ်။ ကျန်တဲ့ဒီဘက်တချို့ သီချင်းမလုပ်တဲ့ အသိုင်းအဝိုင်းတွေကလည်း မိန်းမယူ သွားတဲ့သူတွေရှိတယ်ဗျာ။ အဲဒီလိုမျိုး တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာ နေတဲ့အချိန်မျိုးမှာမှ အသည်းက လည်းကွဲသေး။ အဲဒီတော့ ၂ဝ၁၈ ခုနှစ်က တစ်ယောက်ပြီးတစ်ယောက် ကိုယ့်အနားကနေ ထွက်သွားကြတဲ့ နှစ်လို့ပဲမြင်တယ်။ ကျန်တဲ့ ကောင်း တာတွေလည်းရှိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်အကျင့်က ကောင်း တာတွေဆိုမမြင်ဘူး။ အဲဒီတော့ ၂ဝ၁၈ ခုနှစ်က ကျွန်တော့်အတွက် ကတော့ ကောင်းတဲ့နှစ်မဟုတ်ဘူး။ ၂ဝ၁၉ ခုနှစ်မှာ ဒီ့ထက် ပိုပြီးကောင်း အောင်၊ ၂ဝ၁၈ ခုနှစ်လို မဖြစ်အောင် နေဖို့ပဲရှိတာပေါ့” လို့ Oasix က ပြောပါတယ်။
၂ဝ၁၉ ခုနှစ်မှာလည်း သီချင်း အသစ်တွေ ထွက်လာဖို့ရှိတဲ့ Oasix က သူ့အနေနဲ့ တစ်ကိုယ်တော်အ ခွေထွက်တာထက် Streaming ဘက်ကိုသွားဖို့ပိုများကြောင်းလည်း ပြောပြခဲ့ပါတယ်။
”သီချင်းတွေက တောက် လျှောက်ထွက်တယ်။ နောက်ထပ် တောက်လျှောက်လည်း ထွက်လာ ဦး မှာ။ ‘ပျော်ရဲ့လား’ ပြီးသွားရင်လည်း နောက်ထပ်တောက်လျှောက်လာဦးမှာ။ ကျွန်တော့် Plan တွေကလေ။ အကုန်လုံးဆက်တိုက်လုပ်သွားမှာ။ Streaming အနေနဲ့လည်း ဖြန့်မယ်။ အခွေအနေနဲ့လည်း တည်လို့ရ အောင် ကျွန်တော်လုပ်နေတယ်။ ကျွန်တော့်လက်ထဲမှာ သီချင်းတွေက ရှိတယ်” လို့ Oasix ကပြောပြခဲ့ ပါတယ်။
မျိုးမောင်
