တရုတ်နိုင်ငံမှရောက်ရှိနေတဲ့ကာကွယ်ဆေးတွေကို အကျဉ်းထောင်တွေကို ထိုးနှံပေးလျက်ရှိနေရာ အခုလ (၂၈)နဲ့(၂၉)ရက်(၂)ရက်အတွင်း နေပြည်တော်နဲ့ ရန်ကုန် (အင်းစိန်)အကျဉ်ထောင်(၂)ခုက အကျဉ်းသား နှစ်ထောင်ကျော်ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့တာ်လို သိရပါတယ်။
ကာကွယ်ဆေး ထိုးနှံဖိုအတွက် အကျဉ်းသားများဆီက စာရင်းရယူထားတာဖြစ်ပြီး စာရင်းပေးထားသူ အားလုံးကို ထိုးနှံပေးဖိုစီစဉ်နေ ပါတယ်။
ရောဂါကြောင့် ထိုးနှံဖို အဆင်မပြေသူတွေနဲ့ ထိုးနှံခြင်းမရှိသူအချိုရှိနေပေမယ့် အများစုက ထိုးနှံ လိုနေကြတယ်လို အကျဉ်းထောင် တာဝန်ခံတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေက ပထမအကြိမ် ထိုးနှံပြှးနောက်လေးပတ် မှခြောက်ပတ်အတွင်း ဒုတိယအကြိမ်ထိုးနှံရမှာဖြစ်ကာ လတ်တလော မှာတော့ လူဦးရေ သုံးသန်းကို ပထအကြိမ်ထိုးနှံပေးဖို နစက က စီစဉ်နေတာပါ။
ကိုဗစ်(၁၉)ရောဂါကို လျှော့ချနိုင်ဖိုအတွက် နစကရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေကလည်း လူတိုင်း ကာကွယ်ဆေး ထိုးနှံကြဖိုတိုက်တွန်းထားပြီး အခုနှစ်မကုန်ခင်လူဦးရေ တစ်ဝက်လောက်အထိ ကာကွယ်ဆေး ထိုးနှံခွင့်ရ အောင် စီစဉ်နေတယ်လို့သိရပါတယ်။
