မတ် ၂၈ ရက်က အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိသော ငလျင်များလှုပ်ခတ်ခဲ့သည်မှာ ဇွန် ၂၈ ရက်အထိ (၁၉၅)ကြိမ်ရှိပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ လှုပ်ခတ်ရာတွင် ဇွန် ၂၈ ရက်ည ၁၂ နာရီ ၅၇ မိနစ် ၃၄ စက္ကန့်က (၁၉၅)ကြိမ်မြောက်အဖြစ်ကျောက်ဆည်မြို့ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၅ ရက်မွန်းလွဲ ၂ နာရီ ၁ မိနစ် ၅၇ စက္ကန့်ကလည်း (၁၉၄)ကြိမ်မြောက်အဖြစ် ချမ်းမြသာစည်မြို့နယ်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၃ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် ဒေသများ၌ပျ-က်စီးမှုများကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက စက်ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
