အစ္စရေးနှင့် အီရန်တို့ အပ-စ်အခ-တ်ရပ်စဲရန် သဘောတူညီလိုက်ကြကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့ညနေပိုင်းတွင် ကြေညာခဲ့သဖြင့် နှစ်ပတ်နီးပါးကြာလာသော နှစ်နိုင်ငံအကြား လေကြောင်းတို-က်ခို-က်မှုများ အဆုံးသတ်တော့မည်ဖြစ်သည်။
ထရမ့်ပ်က ဖော်ပြသော သဘောတူညီချက်အရ ၁၂ နာရီကြာ အပ-စ်ရပ်ကာလနှစ်ခု ပါဝင်ပြီး အရှေ့ပိုင်းအချိန်ဇုန် နံနက် ၁၂ နာရီခန့်တွင် အီရန်၌ စတင်မည်ဖြစ်သည်။ ထို့နောက် ဒုတိယမြောက် ၁၂ နာရီ အပ-စ်ရပ်စဲမှုကို အစ္စရေးက လိုက်နာမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုသည်။
၂၄ နာရီ အပ-စ်ရပ်ပြီးနောက်တွင် စစ်ပွဲအဆုံးသ-တ်ကြောင်း တရားဝင်ကြေညာလိမ့်မည်ဟု ထရမ့်ပ်က ပြောကြားသည်။
“အရာရာတိုင်းကို ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ယူဆတဲ့အတွက် ၁၂ ရက်စစ်ပွဲလို့ ခေါ်သင့်တဲ့ စစ်ကိုအဆုံးသတ်ဖို့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ရဲစွမ်းသတ္တိနဲ့ ညဏမ အမျှော်အမြင်ရှိခဲ့ကြတဲ့ အစ္စရေး၊ အီရန် နှစ်နိုင်ငံစလုံးကို ဂုဏ်ပြုလိုပါတယ်” ဟု ထရမ့်ပ်က ထရုဆိုရှယ်မီဒီယာပို့စ်တွင် ရေးသားခဲ့သည်။
ထရမ့်ပ်၏ ကြေညာချက်ထွက်လာအပြီး နာရီအတော်ကြာသည်အထိ အစ္စရေးကဖြစ်စေ အီရန်ကဖြစ်စေ လူသိရှင်ကြား မှတ်ချက်ပြု ပြောကြားမှုမျိုး မလုပ်ခဲ့ပေ။ နောက်ပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘာ အာရတ်ဂ်ချီက အပ-စ်ရပ်စဲရေးသဘောတူညီချက် မရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာပို့စ်တစ်ခုဖြင့် ငြင်းဆိုခဲ့သည်။ သို့ရာတွင် အစ္စရေးသည် တေရန်စံတော်ချိန် နံနက် ၄ နာရီမှစ၍ တို-က်ခို-က်မှုများ ရပ်တန့်ခဲ့ပါက မိမိတို့သည်လည်း လက်တုန့်ပြန်မှုကို ဆက်လုပ်ရန် ရည်ရွယ်ချက်မရှိဟု ၎င်းကပြောကြားခဲ့သည်။
မိမိတို့ စစ်ဆင်ရေးများ ရပ်ဆိုင်းခြင်း နောက်ဆုံး ဆုံးဖြတ်ချက်ကို နောက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ရန်သူ၏ တို-က်ခို-က်မှုကို နောက်ဆုံးမိနစ်အထိ တုန့်ပြန်ခဲ့သည့် အီရန်လက်နက်ကိုင်တပ်ဖွဲ့များကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်၏ နျူကလီးယားဆိုင်ရာ ပစ်မှတ် သုံးခုအား အမေရိက,က တို-က်ခို-က်ကာ စစ်ပွဲတွင် အစ္စရေးနှင့် ပူးပေါင်းပါဝင်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ထရမ့်ပ်၏ အံ့အားသင့်ဖွယ်ကြေညာချက်ထွက်လာခြင်းဖြစ်သည်။
Ref: အေဘီစီ