Looking for something?

Explore the website

Looking for something?

Monday, May 19, 2025

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...
HomeNewsLocal News၁၁ လတာကာလအတွင်း တရားမဝင်နိုင်ငံခြားသား...

၁၁ လတာကာလအတွင်း တရားမဝင်နိုင်ငံခြားသား ၅ သောင်းခွဲခန့်ကို ပြည်နှင်ခဲ့ဟု နစက ဥက္ကဋ္ဌပြောကြား

၁၁ လတာကာလအတွင်း တရားမဝင်နိုင်ငံခြားသား ၅ သောင်းခွဲခန့်ကို ပြည်နှင်ခဲ့သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကကျင်းပသည့် နှစ်(၆၀)ပြည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကိုတားဆီးနှိမ်နင်းရာ၌ သတင်းလက်ဦးမှုရယူဆောင်ရွက်နိုင်ရန် အိမ်နီးချင်း ၅ နိုင်ငံနှင့်အတူ နယ်စပ်ဆက်ဆံရေးရုံးများ(Border Liaison Offices-BLOs)ကွန်ရက်စနစ်တည်ထောင်ထားကာ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ အပြန်အလှန် မျှဝေနိုင်ရေး မှာကြားသည်။

“၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံထဲသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၅၄,၄၃၃ ဦးတို့ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး “Operation 39/24 (2024)” ကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးတွင် မူးယစ်ဆေးဝါး (၃၈၃၂)မှု၊ တရားခံ (၅၂၈၆)ဦးနှင့် ငွေကျပ်(၇၅၀)ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ပြောသည်။

ထို့အတူ လူကုန်ကူးမှုများကိုထိရောက်စွာအရေးယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ လူကုန်ကူးမှု(၂၇) မှုမှ တရားခံ အမျိုးသား(၃၀)ဦး၊ အမျိုးသမီး (၆၆)ဦး (စုစုပေါင်း ၉၆ ဦး)ကို အရေးယူနိုင်ခဲ့သည်ဟု ပြောသည်။

ယင်း ဖြစ်စဥ်များမှ လူကုန်ကူးခံရသူ အမျိုးသား (၅)ဦးနှင့်အမျိုးသမီး(၄၄)ဦး(စုစုပေါင်း ၄၉ ဦး) ကို ကယ်တင်နိုင်ခဲ့သဖြင့် ဒေသတွင်းလူကုန်ကူးမှုခင်းများနှင့် လူမှောင်ခိုမှုများ တားဆီးနှိမ်နင်းရေးစီမံကိန်းများတွင် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့နှင့်ပူးပေါင်းကာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071