မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်သည် လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် မြို့ပြလူထု၏ မဲများကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုအနေဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် သက်တမ်းနှစ်ကြိမ်သာထမ်းဆောင်ခွင့်အပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာကို ဇန်နဝါရီလ ၅ ရက်ေန့တွင် ကြေညာခဲ့သည်။
ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး ဝန်ကြီးများနှင့် ရာနှင့်ချီသော ပြည်သူ့ဝန်ထမ်းများကို မိန့်ခွန်းမပြောမီ အန်ဝါက ပြောကြားခဲ့ရာတွင် ခေါင်းဆောင်များအနေဖြင့်ပြုပြင်ပြောင်းလဲမှုများကို ၎င်းတို့၏ သက်တမ်းအတွင်း အကောင်အထည်ဖော်ရမည်ဖြစ်ကာ သက်တမ်းကာလထက် မကျော်လွန်သင့်ကြောင်း ဆိုခဲ့သည်။
မစ္စတာအန်ဝါ၏ အစိုးရအပေါ် မြို့ပြနှင့် တရုတ်မဲဆန္ဒရှင်များ၏ ထောက်ခံမှု ကျဆင်းလာခြင်း Perikatan Nasional (PN) က ၎င်း၏ ခေါင်းဆောင်ပိုင်းကို ပြောင်းလဲရန်ရည်ရွယ်နေပြီး အတို-က်အခံ၏ အားသစ်လောင်းလာမှုကို ကြုံလာရချိန်တွင် ယခုကြေညာချက်များ ထွက်လာခြင်းဖြစ်သည်။
လူတိုင်းမှာ အကန့်အသ-တ်တွေရှိပါတယ်။ အစိုးရရဲ့ အတွင်းဝန်ချုပ်ဟာ ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်လို့ မရပါဘူး။ ဝန်ကြီးချုပ် အပါအဝင် လူတိုင်းနဲ့ သက်ဆိုင်ပါတယ်ဟု ဆိုခဲ့သည်။
ဝန်ကြီးချုပ်ရဲ့ သက်တမ်းကန့်သတ်ချက်ဟာ ၁၀ နှစ် ဒါမှမဟုတ် သက်တမ်းအပြည့်အဝ နှစ်ကြိမ်ထက် မကျော်ရပါဘူးဟု ဝန်ကြီးချုပ်ရုံးတွင် ပြောကြားခဲ့သော ၂၀၂၆ နှစ်သစ်ကူးမိန့်ခွန်းအတွင်း အန်ဝါက ပြောကြားခဲ့သည်။
မလေးရှားဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် အောက်လွှတ်တော်တွင် အမတ်အများစု၏ ထောက်ခံမှုရနေသမျှ ဆက်လက်တာဝန်ထမ်းဆောင်နိုင်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
