Saturday, April 25, 2026

စစ်ပွဲနှင့်ပိတ်ဆို့မှုများကြားမှ ရုရှားဘီလျံနာများ ၁၁ ရာခိုင်နှုန်းပိုချမ်းသာလာ

       ယူကရိန်းစစ်ပွဲနှင့် စီပွားရေးအင်အားကြီးနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုများရှိနေသော်လည်း ရုရှားဘီလျံနာများသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ခဲ့ပြီး ဒေါ်လာ...

မြန်မာနိုင်ငံအနေဖြင့် SEA Esports Nations...

မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)သည် အရှေ့တောင်အာရှဒေသ၏ အရေးပါသော Esports ပြိုင် ပွဲကြီးဖြစ်သည့် SEA Esports Nations Cup (SNC) 2026...

အပူချိန်မြင့်တက်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖရဲသီးရောင်းအားတိုးလာ

ပြည်ပစျေးကွက်အလားအလာကျဆင်းလာမှုကြောင့် ပြည်တွင်းစျေးကွက်ကို ဦးတည်ရောင်းချနေသည့် ဖရဲသီးများမှာ လက်ရှိရာသီအပူချိန်မြင့်တက်လာမှုနှင့်အတူ ဝယ်လိုအားတိုးလာကာ အရောင်းအဝယ်ကောင်းမွန်လာကြောင်း နေပြည်တော်ဒေသရှိ ဖရဲစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။ နေပြည်တော်ဒေသအတွင်း တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များတွင် ဖရဲစိုက်ပျိုးမှုများရှိနေပြီး...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း တရုတ်...

အာရှယူ-၁၇ အမျိုးသမီးဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် ယနေ့ ဧပြီ (၂၅)...
HomeArticles၀တၳဳတိုမွာ ငါဆရာ

၀တၳဳတိုမွာ ငါဆရာ

ဝတ္ထုတိုရေးချင်စိတ် ဘယ်တုန်း က စပေါ်ခဲ့တယ်ဆိုတာကို ခုချိန်မှာ ပြောမပြတတ်တော့ပါ။ ၀တ္ထုတိုတွေ စတင်ဖတ်ရှုတာကတော့ ကျွန်တော် ၁၀၊ ၁၁ နှစ်သားလောက်မှာပါ။ အစောဆုံးဖတ်ဖူးတဲ့ ၀တတ္ထုတိုတချို့ ကိုတော့ ခုထက်ထိ ရေးတေးတေး မှတ်မိနေတယ်။ ”ဆင်ဖြူကျွန်းအောင် သိန်း”ရေးတဲ့ ”ပုဗ္ဗေစထင်ရဲ့နော်”၊ ”ဉဏ”ရေးတဲ့ ”ပီယဆေး”၊ ”အောင် လင်း”ရေးတဲ့ ”မိန်းမဆန်လွန်းတဲ့ ယောက်ျား”ဆိုတဲ့ ၀တ္ထုတိုကလေး တွေဟာ ကျွန်တော်ရဲ့ လက်ဦးဆရာ စာပေအနုပညာလက်ရာများလို့ တောင် ဆိုနိုင်တယ်။ ကိုယ်ကိုယ်တိုင်ဝတ္ထုကို မရေး ခင် ၀တ္ထုတိုတွေ ဖတ်ရှုခဲ့သမျှကို မှန်း ကြည့်ရင် ပုဒ်ရေ ၃၀၀ အောက် မ လျော့နိုင်ဘူးလို့ထင်မိတယ်။ အထက် တန်းကျောင်းသားအရွယ် ရောက် တော့ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ ၀တ္ထုတိုတွေကို လမ်းလှမ်းမီသမျှ လျှောက်ဖတ်တော့တာပါပဲ။ ကံ ကောင်းထောက်မပုံက ကိုယ်စဖတ် တဲ့ အင်္ဂလိပ်ဝတ္ထုတိုတွေထဲမှာ စာ ရေးဆရာကြီး ”ဆမ္မားဆက်မွမ်”ရဲ့ လက်ရာတွေက ထိပ်ဆုံးကပါနေ တယ်။

”မွမ်”ရဲ့ လက်ရာတွေကိုဖတ် ပြီး ကိုယ့်ကိုယ်ကိုယ်ဝတ္ထုတို အတတ် ပညာရွှေတွင်းကြီး ဖင်ခုထိုင်နေမှန်း သဘောမပေါက်ခဲ့ဘူး။ နောက်ပိုင်း ကျမှ ”မွမ်”ဟာ ဆည်းကပ်ကိုးကွယ် သင့်တဲ့ ၀တ္ထုတိုဂုရုကြီးတစ်ပါးဆိုတာ သိလာရတယ်။ ပြင်သစ်ဆရာ ”မော ပတ်ဆွန်း”ဟာလည်း ကျွန်တော့်ရဲ့ ၀တ္ထုတိုနည်းပြပါမောက်္ခကြီးပါပဲ။ သည်ကနေ့အထိတော့ ကျွန်တော့် ဘ၀မှာ ”မောပတ်ဆွန်း”ထက်ပိုပြီး ကြိုက်ရမယ့်ဝတ္ထုတိုဆရာ မတွေ့ရ သေးပါဘူး။ အဲသည်ပြင်သစ်ကြီးဟာ ”ဆစ်ဖလစ်”ရောဂါပိုး ဦးနှောက်ထဲ ရောက်လို့ ရူးပြီးသေသွားပေတဲ့။ လူ့ သဘာဝလူ့စရိုက်ကို ၀တ္ထုတိုတွေနဲ့ မီးမောင်းထိုးပြတဲ့နေရာမှာတော့ အထိန်လင်းအတောက်ပဆုံးလို့ ကျွန် တော်မှတ်ယူပါတယ်။ ကျွန်တော်နဲ့ သဘောထားကွဲလွဲကြမယ်ဆိုရင် လည်း ကျွန်တော်က လေညာက အနေသာကြီးပါခင်ဗျ။

”ကြူးနှစ် …မင်းဟာ ပြည်ပ အားကိုး ပုဆိန်ရိုး အမျိုးသားသစ္စာ ဖောက် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်မှုမရှိတဲ့ကောင်”လို့ ပြင်း ပြင်းထန်ထန် ဝေဖန်ချင်လည်း ဝေ ဖန်ပါ ကျွန်တော်စကားမဆို၊ ရန်မလို ပါဘူး။ စဉ်းစားလေ့လာကြည့်ပါ။ ကျွန် တော်တို့ မြန်မာစာပေအစဉ်အလာ မှာ ၀တ္ထုတိုဆိုတဲ့ စာပေပုံသဏ္ဌာန် ရှေးကတည်းက မရှိခဲ့ပါဘူး။ ငါးရာ့ ငါးဆယ်ဆိုတာ ကုလားပြည်က ၀င် လာတဲ့ ဗုဒ္ဓ၀င်လိုလို၊ ထိုးဇာတ်လိုလို မသဲကွဲတဲ့ပုံပြင်တွေပါ။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၇၀၀ လောက် အင်းဝခေတ် မှာ မြန်မာစာပေထွန်းကားခဲ့ပေတဲ့။ ၀တ္ထုတိုဆိုတာ အစအနတောင် မရှိ သေးပါဘူး။

အနောက်တိုင်းစာပေ ထွန်းကားဖွံ့ဖြိုးမှုက ကျွန်တော်တို့ ထက်အများကြီးစောပါတယ်။ ဥပမာ …အင်္ဂလိပ်စာဆို ”ချောဆာ” က လင်္ကာသွားနဲ့ ရေးတဲ့ ”ကင်တာဘာ ရီဇာတ်လမ်းများ”The Canterbury Tales စာအုပ်ဆိုရင် စကားပြေပြန် လိုက်တဲ့အခါမယ် ၀တ္ထုတိုပေါင်းချုပ် ကြီးတစ်အုပ်လို ဖြစ်လာတယ်။ အဲ သည်လက်ရာဟာ ၁၄ ရာစုကတည်း က ပေါ်ထွက်နေပြီဆိုတာ သတိပြုပါ။ သည်တော့ ၂၀ ရာစုထဲဝင်လာတဲ့ အခါမှာ မြန်မာစာရေးဆရာအချို့က အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ဝတတ္ထု တို တချို့ကို မြန်မာမှုပြုပြီး ‘မြန်မာ ၀တ္ထုတို’အဖြစ် သန္ဓေတည် မွေးဖွား ယူကြရပါတယ်။ အမှန်တော့ အ နောက်တိုင်းစာပေအနုပညာအခက် အလက်တစ်ခုကို နို့သက်ခံစို့ခဲ့တာပါ ပဲ။ ကျွန်တော်ကတော့ အဲသလို ၀န် ခံရလို့ မရှက်ပါဘူး

” ကမ္ဘာ့အနုပညာ သစ်ပင်ကြီးက အသီးအပွင့်တွေကို ဘယ်သူမဆို ခူးဆွတ်စားသုံးခွင့်ရှိ တယ်တို့ ဘာတို့နဲ့ ”ချော်လဲရော မထိုင်ချင်ဘူး။ အတုယူတယ်။ ပုံတူ ကူးတယ်။ ဆင့်ပွားခံစားတယ်။ ဘာ ညာနဲ့ ခပ်တည်တည်ကြီး လူတတ် မလုပ်ချင်ဘူး။ ခိုးရင် ခိုးတယ်။ Copy လုပ်လို့ လုပ်တယ်ပေါ့။ မှန် တာပြောသစ္စာတဲ့။ မိဘရင်းမှန်ရင် ကိုယ့်သွေးက ဖြစ်တဲ့ သားရင်း သမီးရင်းကို ပိုချစ် ပေမပေါ့။ မွေးစားသားသမီးဆိုတာက ကွက်လပ်ဖြည့် အစားထိုးတာမျိုးပါ။ (အင်းလေ …)ကြာလာတော့လည်း ကျွန်တော်တို့ မြန်မာစာရေးဆရာတွေ မွေးစားလိုက်တဲ့ ၀တတ္ထုတိုဆိုတာက ”မြန်မာဝတတ္ထုတို”ဆိုပြီးတော့တောင် အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ထုတ်ခဲ့ဖူး တဲ့ အဆင့်ထိ ရောက်ခဲ့ပြီကိုး။ (အောင်မယ် ..) ဘာမဟုတ်ညာ မဟုတ် …ကမြောက်ကချောက် ကြူးနှစ်ဆိုတဲ့ ကလောင်ရူးကလောင် မူးရဲ့ ၀တ္ထုတိုတစ်ပုဒ်တောင် ဂျပန် ဘာသာနဲ့ ပြန်ဆိုကြသေးသဗျ။ အဲသဟာနဲ့ နဂိုကမှ ဘ၀င်လေ ဟပ်နေတဲ့ ကြူးနှစ်ဟာ ခြေဖျား ထောက်၊ ခေါင်းမော့မာနကြီးလာခဲ့ပါ တယ်။ အရေးထဲ မြင်းကိုချို (ဂျို) တပ် ပေးသလို ဖြစ်လိုက်တာက ကြူးနှစ် ဟာ အမျိုးသားစာပေဆုအဖြစ် ၀တ္ထု တိုပေါင်းချုပ်တစ်အုပ်နဲ့ ဆုရလိုက် တယ်။ သည်မှာတင် ကြူးနှစ်ဟာ ”၀တ္ထုတိုမှာ ငါဆရာ …၀တ္ထုတို မှာ ငါဆရာ”ဆိုပြီး လမ်းပေါ်မှာ လျှောက်အော်နေတော့တယ်။ အစိုး ရိမ်ကြီးတဲ့ မိတ်ဆွေများကြောင့် ကြူး နှစ်ကို ရွာသာကြီးဆေးရုံဝိုင်းပို့ကြ မလိုလိုတောင် ဖြစ်လိုက်သေးတယ်။ မိတ်ဆက်တဲ့ ဆရာကြီးတစ်ယောက် က ”အဲ့ကောင်ကို ပစ်ထားလိုက်ကြ ကွာ။ သူ့ဟာသူ ရူးပြီးသေချင်လည်း သေ၊ ရူးပြီးမသေလည်း မူးပြီးသေမယ့် အကောင်”လို့ သတိပေးလိုက်မှ ကြူး နှစ်လည်း အရူးထောင်နန်းစံရမယ့် ဘေးက သီသီကလေး လွတ်ခဲ့ပါ တယ်။ အခုတော့ ကြူးနှစ်ဘ၀င်လေ ဟပ်အောက်ခြေမလွတ်တော့ပါဘူး။

”၀တ္ထုတိုမှာ …ငါဆရာ”ဆိုတဲ့အရူး ဆောင်ပုဒ်ကိုလည်း ချောင်ထဲထိုး ထားလိုက်ပါပြီ။ ကြူးနှစ်ကို ချေချွတ်ဆုံးမလိုက် သူကတော့ ကမ္ဘာကျော်အမေရိကန် စာရေးဆရာကြီး Norman Mailer ”နော်မန်မေလာ”ပါ။ ကုလားဖြူစာ တတ်ပေတတ်များကတော့ နော်မန် မေလာကို ဖတ်ဖူးကြမှာပါ။ ကြူးနှစ် ကလည်း အဲသည် အမေရိကန်ကြီးရဲ့ စာအုပ်အချို့ကို မြည်းကြည့်ရာက ကုလားဖြူစာပေကို အထင်ကြီးတတ် တဲ့ ပြည်ပအားကိုးပုဆိန်ရိုးပီပီ။ နော် မန်မေလာကို ဆည်းကပ်ဆရာ တင် ပါတယ်။ သူ့ရဲ့ ၀တတ္ထုတိုကလေးတစ် ပုဒ်ကို မြည်းစမ်းကြည့်ကြပါခင်ဗျ။ မေလာက သူ့ဝတ္ထုကလေးကို It လို့ နာမည်ပေးထားပါတယ်။ သ တင်းအဆက်အသွယ်နည်းပညာကို အတိုကောက်ခေါ်တဲ့ ”အိုင်တီ”နဲ့ တော့ ဘာမှမဆိုင်ဘူးနော်။It ဆိုတာ ကိုကြည့်ပြီး (၎င်း၊ လည်းကောင်း)လို့ လည်း အရမ်းဘာသာမပြန်လိုက်လေ နဲ့။ အကြီးအကျယ်လွဲသွားမယ်။ ၀တတ္ထု နာမည် It ဆိုတာကို It အတိုင်းပဲ ထားလိုက်။ ဒါမှမဟုတ်ခေါင်းစဉ် အောက်က ၀တတ္ထုစာသားကို ဖတ် ကြည့်ပြီး ကိုယ်ကြိုက်သလို အဓိပ္ပာယ် ကောက်လိုက်ပေတော့ဗျား။ကျွန်တော်တို့သည် သွပ်ဆူးကြိုး အဆီးအတားများကို ဖြတ်သန်းကျော် လွှားရင်း ရှေ့သို့ချီတက်နေကြစဉ်၊ စက်သေနတ်ပစ်ခတ်သံပေါ်ထွက် လာသည်။ ကျွန်တော်၏ ဦးခေါင်း ကို မြေပြင်ပေါ်မှာ တွေ့မြင်လိုက်ရ သည်အထိ ကျွန်တော်ဆက်လျှောက် သည်။

”ဘုရားသခင် …ငါတော့ သေပြီဟဲ့”ဟု ကျွန်တော်၏ ဦးခေါင်း က ပြောသည်။ သည့်နောက် ကျွန်တော်၏ ကိုယ်လုံးကြီးလည်း ပစ်လဲကျသွား တော့သည်။ အဲသည်ဝတ္ထုတိုကလေးကို (၁၉၃၉) ခုနှစ်ကတည်းက ရေးခဲ့တာ ပါ။ ကြူးနှစ်ရဲ့ မိဘတွေတောင် သမီး ရည်းစားမဖြစ်ကြသေးပါဘူး။ ကျွန် တော်ဟာ ဘယ်တော့မှ ပြောင် မြောက်တဲ့ ၀တ္ထုတိုဆရာ မဖြစ်နိုင် တော့ပါဘူးခင်ဗျား ။ ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071