မြန်မာနိုင်ငံ သဘင်ဖောင် ဒေးရှင်းအနေနဲ့ မြန်မာ့ရိုးရာအနုပညာနဲ့ပတ်သက်လို့ သင်တန်း ပေးသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒါ့အပြင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး ဦးနန်းဝင်းတို့က မြန်မာ့ Classic အနုပညာတွေကို ဆိုပြကပြကြမယ့် ပွဲကြီးတစ်ပွဲ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေလျက်ရှိပါတယ်။ ဒီပွဲကြီးကိုတော့အမျိုးသားဇာတ်ရုံမှာပြုလုပ်ဖို့ စဉ်းစားထားပြီး အား လုံး စောင့်မျှော်ရကျိုးနပ်စေရမှာပါလို့ ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးနန်းဝင်းကပြောပြပါတယ်။
”ဦးနန်းကော ကိုသိန်းဇော်ကြီးကော မအားကြသေးလို့ပါ။ ပြီးတော့ ဦးနန်းမှာက သိပ်ကိုတာဝန်ကြီးတဲ့ နန်းတော်ရှေ့ ဆရာတင်ရဲ့ပွဲတစ်ပွဲ လုပ်စရာရှိတဲ့အတွက် အဲဒီအတွက် လည်း အချိန်ယူနေရပါတယ်။ ပြီးတော့ပွဲတွေက အချိန်ယူပြီးလုပ်ရမယ့်ပွဲတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ရှေ့နှစ်ထဲကို ကူးသွားမယ်လို့ ထင်ပါတယ်” လို့ သဘင်ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးနန်းဝင်းက ပြောပြပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အနုပညာ သမိုင်းဝင် မန်းပန်တျာကျောင်း၏ သမိုင်းဝင်ဆရာကြီးများနှင့် လက်ဆင့်ကမ်းအစဉ်အဆက် အနုပညာ ဆရာကြီး/ငယ်များအား ဂါရဝပြုပူဇော်ကန်တော့ခြင်း ပွဲတော်ကြီးတွင် မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းမှ ငွေကျပ် ၁၂ သိန်းအား ပါဝင်ဂါရဝပြု လှူဒါန်းခဲ့ပါသေးတယ်။
သဘင်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာ့ရိုးရာ အနုပညာအကြောင်း ဟောပြော ဆွေးနွေးပွဲများလည်း ပြုလုပ်ခဲ့ပြီး လူငယ်တွေကိုယ်တိုင် မြန်မာ့အနုပညာကို သင်ယူလေ့လာနိုင်စေဖို့ ကြိုးစားဆောင်ရွက်လျက်လည်းရှိနေကြောင်း သိရ ပါတယ်။
လင်းအက္ခရာ