Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsမြန်မာနိုင်ငံနဲ့ ဝေးကွာသွားတာ ကြာခဲ့ပြီ...

မြန်မာနိုင်ငံနဲ့ ဝေးကွာသွားတာ ကြာခဲ့ပြီ ဖြစ်တာကြောင့် ဇာတ်ကားရိုက်ရင်း မြန်မာ ဓလေ့တွေကို လေ့လာသွားမယ် မြန်မာပြည်ဖွား ဂျပန်အဆိုတော် မိုရီဆာကီဝင်း

A-Win-(1)မြန်မာအမျိုးသမီး လူငယ် ပရိသတ်များရဲ့ အသည်းစွဲ ဂျပန် Boy Band  တစ်ခုဖြစ်တဲ့ PrizmaX အဖွဲ့ ရဲ့ အဆိုရှင် မိုရီဆာကီဝင်းက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမယ့် My Country My Home (ဇာတိမြေ) ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် သွား မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မိုရီဆာကီဝင်းက မြန်မာ အနုပညာရှင်များ ဖြစ်တဲ့ ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည် တို့နဲ့အတူ တွဲဖက်ရိုက်ကူး သွားမှာဖြစ်ပြီး ဒီဇာတ်ကားမှာ ပါဝင်မယ့်သူရဲ့ ဇာတ်ကောင် အကြောင်းကိုတော့…

“ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက အပြင်နေ့စဉ် ဘဝ မှာရှိတဲ့ မိုရီဆာကီဝင်းနဲ့ သိပ်ပြီးမကွာပါဘူး။ ဒါပေမဲ့ ၁ဝဝ ရာခိုင်နှုန်း တူတာတော့လည်း မဟုတ်ပါဘူး။ မြန်မာပြည်သား တစ်ယောက် ဂျပန် ပြည်မှာ အလုပ်လုပ်ရင်း နေထိုင်တယ်။ ဂျပန်ပြည် မှာ နေပေမယ့် ကိုယ့် မွေးတဲ့၊ ကိုယ်ကြီးပြင်းခဲ့တဲ့ နေရာကို လုံးဝမမေ့ဘူး ဆိုတဲ့ လူငယ် တစ်ဦး အနေနဲ့ ပါဝင်ထားပါတယ်။ လက်ရှိမှာ လည်း ကျွန်တော် ၁ဝ နှစ် သားလောက် ကတည်းက ဂျပန်ကို ရောက်လာတယ်။ အနုပညာအလုပ် တွေ လုပ်ကိုင်နေတယ်။ “ဇာတိမြေ” မှာ ပါဝင်ခွင့်ရတဲ့ အတွက်လည်း ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ အဘွားနဲ့ အမျိုးတွေ ကို ကျေးဇူးဆပ် သလိုပါပဲ”လို့ မိုရီဆာကီ ဝင်းက ပြောပြပါတယ်။

မိုရီဆာကီဝင်းက ဂျပန်နိုင်ငံမှာ PrizmaX အဖွဲ့ဝင် အနေနဲ့ အနုပညာ လှုပ်ရှားမှုတွေကို လက်ရှိ လုပ်ကိုင်လျက် ရှိသလို ဇာတ်ကား သုံးလေးကား မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ ဖူးတယ်လို့ သိရပါတယ်။ မြန်မာ အနုပညာရှင်တွေ နဲ့ ပူးပေါင်း ရိုက်ကူးမှုကတော့ သူ့အတွက် ပထမဆုံးဖြစ်တာကြောင့် ဇာတ်ကား အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ရင်ခုန်မှုအကြောင်းကို မေးမြန်းတဲ့အခါ

“ကျွန်တော့်အနေနဲ့ မြန်မာဒါရိုက်တာနဲ့၊ မြန်မာအနုပညာရှင် တွေနဲ့အတူ ရိုက်ကူးခွင့် ရတဲ့အတွက် ပထမဆုံး ဂုဏ်ယူပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ကျွန်တော်က မြန်မာ ပြည်သားဖြစ်ပေမယ့် မြန်မာပြည်နဲ့ဝေးကွာ ခဲ့တာ အချိန်ကြာပြီ ဆိုတော့ ဒီဇာတ်ကား ရိုက်ကူးရင်း မြန်မာပြည်ရဲ့ ရိုးရာ ယဉ် ကျေးမှုတွေကိုပါ တစ်ခါတည်း လေ့လာ သွားမှာပါ။ နောက်ပြီး အိုက်တင်ပိုင်းနဲ့ ပတ်သက်လို့ Experience သိပ်မရှိ သေးတဲ့ အတွက်လည်း ကျွန်တော် ကြိုးစား သင်ယူချင်ပါတယ်။ Script  ရတာလည်း မကြာသေးပါဘူး။ ဒါ ကြောင့် ကာရိုက်တာနဲ့ ပတ်သက်ပြီး ဒါရိုက် တာအစ်မ နဲ့လည်း စကားတွေ ပြောထားတယ်။ ဂျပန်ပြန်ပြီး ကျွန် တော်တို့ Live Show ပြီးရင် အိမ်ကအခန်းထဲမှာ အောင်းပြီး Script  တွေဖတ်ရင်း သေသေချာ ချာ လေ့ကျင့်သွားမှာပါ”လို့ မိုရီဆာကီ ဝင်းက ဆိုပါတယ်။

“ကျွန်တော်တို့ အနုပညာသမား တွေက အားပေးမယ့် ပရိ သတ် မရှိရင် ဒီနေ ရာမှာ ရပ်လို့မရ ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အားလုံး ဝိုင်း ဝန်းကြိုးစားမှုလေးက ပရိ သတ်တွေနဲ့ ခံစားချက်ထပ် တူကျပြီး နှလုံးသား ထဲမှာ ကျန် နေခဲ့ဖို့ မျှော်လင့်ပါတယ်”လို့ လည်း “ဇာတိမြေ”ကို အားပေးမယ့် ပရိသတ် တွေအတွက် အခုလို ပြောပြပါတယ်။

မိုရီဆာကီဝင်းက “ဇာတိမြေ” ဇာတ် ကား မိတ်ဆက်ပွဲအတွက်လည်း မြန်မာနိုင်ငံ ကို သြဂုတ်လ ၇ ရက် နေ့က ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ မှာလည်း သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အဆိုပိုင်းရော၊ သရုပ် ဆောင်ပိုင်းပါ လုပ်ဆောင်ချင် သလို PrizmaX Group  နဲ့လည်း မြန်မာနိုင်ငံမှာ ဖျော်ဖြေပွဲ ပြုလုပ်သွားချင် တယ်လို့ ဆိုပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071