မတ်လ၁၈ ရက်နေ့ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ထဲမှာ ကျင်းပပြု လုပ် သွားမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရိုက်ကူး ထုတ်လွှင့်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေး ခြင်းကို ဖေဖော်ဝါရီလ ၂၅ရက် ကပြုလုပ်ခဲ့ရာမှာတော့ ရုပ်ရှင် ဥက္ကဌ ဦးလူမင်းက ဒီနှစ်အကယ်ဒမီကို ရည် ရွယ်ချက်ကောင်းကောင်း ကျင်းပမှု ပုံစံအသစ်တွေနဲ့ ပြုလုပ်ကျင်းပ သွားမှာဖြစ်ပြီး မြန်မာရုပ်ရှင်နှစ် တစ်ရာပြည့် ဆီသို့ဆိုတဲ့ ရည်ရွယ် ချက်ကိုလည်းပေါ်လွင်အောင် အတွက် အကယ်ဒမီ ဝင်ပေါက် အနီး Red Carpetလျှောက်လမ်းမှာ အကယ် ဒမီရွှေစင်ရုပ်တုတစ်ရာတိတိနဲ့ အလှဆင်ထားရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အကယ်ဒမီ စတိတ်စင် စတင် တည်ဆောက်မယ့် ရက်ကိုတော့ မတ် ၈ ရက်နေ့စတင်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံတင်ပြသွားမှာဖြစ်ပါတယ်။ အကယ်ဒမီ ဆုပေးပွဲစတင်ခြင်းကို မတ် ၈ရက်နေ့ ညနေ ၅နာရီက စတင်မှာဖြစ်ပြီး ၇နာရီမှာတော့ ဖွင့်ပွဲပြု လုပ်သွားမှာဖြစ်ပါတယ်။
“ဒီနှစ် အစ်ကိုတို့ အကယ်ဒမီ ပေးပွဲရဲ့Theme ကို မြန်မာ့ရုပ်ရှင် နှစ် ၁ဝဝ ပြည့်ဆီသို့ ဆိုတာကို ရွေးချယ်ထားတယ်။ လာမယ့် ၂ဝ၂ဝ ခုနှစ်မှာဆိုရင် မြန်မာ့ရုပ်ရှင် နှစ်တစ် ရာပြည့်ပြီဖြစ်ပါတယ်။ အရင်နှစ် အကယ်ဒမီပေးပွဲကတည်းက ကိုယ် ပြောခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ပွဲကြီးကို အနိမ့်ဆုံး ဆာဆီယံအဆင့် ကျင်းပသင့်တယ် ဆိုတာမျိုးပေါ့။ တစ်နေ့တုန်းက နေပြည်တော်မှာ ကျင်းပတဲ့ အမျိုး သားယဉ်ကျေးမှု ထိန်းသိမ်းရေး အစည်းအဝေးကြီးမှာလည်း ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြု ပြီးတော့ မြန်မာ့ရုပ်ရှင် အမွေအနှစ် ထိန်းသိမ်းတဲ့ အနေနဲ့ နှစ် ၁ဝဝ ပြည့်ပွဲကြီးကို နိုင်ငံတော် အဆင့်ကကို ပံ့ပိုးပြီးတော့ လုပ်သင့်တယ်ဆိုတာကို အစ်ကိုတို့ အနေနဲ့ တင်ပြခဲ့ပါတယ်။ ဒီကြားထဲမှာလည်း ရုပ်ရှင်နှစ်တစ် ရာပြည့်ဖို့အတွက် ကြားထဲမှာ ၂ နှစ် ၃ နှစ်လောက်ပဲ လိုတော့တာဆိုတော့ အခုလောက်ကတည်းက စပြီးတော့ နှစ် ၁ဝဝ စီမံကိန်း ကော်မတီတွေ ဖွဲ့စည်းပြီး တော့ဆောင်ရွက်သင့်ပါ တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီနှစ်ကနေ စပြီး တော့ Carry လုပ်သွားပြီးတော့ နှစ် တစ်ရာပြည့်ပွဲကြီးကို ကျင်းပဖို့ အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဒီနှစ်ကနေစပြီးတော့ ဒီ Theme လေးရွေးချယ်လိုက်တာဖြစ်ပါတယ်” လို့ ရုပ်ရှင် ဥက္ကဋ္ဌ ဦးလူမင်းက ဒီနှစ် အကယ်ဒမီရဲ့ မုဒ်ဦးအဝင်ဝ လျှောက် လမ်းစင်မြင့်အနီးမှာ ထားရှိသွားမယ့် အကယ်ဒမီ ရွှေစင်ရုပ်တု ၁ဝဝ အကြောင်းနဲ့ပတ်သတ်ပြီး ပြောပြ ပေးခဲ့ပါတယ်။
ဒါ့အပြင် အကယ်ဒမီပေးပွဲရဲ့ စတိတ်စင်မြင့်အပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသွားမယ့် ကိုဂျွန်လွင်(Star Event Production ) ကတော့ “အဓိက က အကယ်ဒမီ ဆုပေးပွဲကို စပွန်ဆာပေးထားတဲ့Bella က မဝေသစ်လွင်ကနေပြီး တော့ ကျွန်တော့်ကိုလည်းဝင် ပြီး တော့ Organize လုပ်ပေးဖို့အတွက် ပြောလာတဲ့အတွက် ကြောင့် ကျွန် တော်က ပါဝင်လာရခြင်းဖြစ်ပါ တယ်။ ပထမတုန်းကလည်း ဦးလူမင်း က ကျွန်တော့ကို ကမ်းလှမ်းထားတာ ပေါ့နော်။ ဒီပွဲမှာ ကျွန်တော်က ဒီပွဲလေးကို ချောချော မွေ့မွေ့လေးနဲ့ ဖြစ်သွားစေဖို့က အဓိကပါ။ မနှစ် တုန်းက လုပ်ခဲ့တဲ့စီစဉ်သူတွေက လည်း သူတို့အနေနဲ့အကောင်းဆုံး လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ပွဲတိုင်းပွဲတိုင်းမှာတော့ သူ့ဟာနဲ့ သူလိုအပ်ချက်တွေနဲ့ပေါ့။ ကျွန်တော် နှစ်ပေါင်းများစွာက အခွေတွေကို ပြန်ကြည့်တယ်။ နိုင်ငံခြားက ပွဲတွေကိုလည်း ကြည့်ပြီး တော့ ကျွန်တော့်အနေနဲ့ အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ဥက္ကဋ္ဌ ကိုလူမင်းတို့နဲ့လည်း တိုင်ပင်မယ်။ ကျွန်တော်ကတော့ အကောင်းဆုံး စီစဉ်တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ်” လို့ ပြောပြပေး ခဲ့ပါတယ်။
ထက်လူ၊ တွယ်တာ