ခုတလော ရုပ်ရှင်ဗီဒီယို ဇာတ်ကားများတွင် ဆင်ဆာအထောက်ကြမ်းသည်ဟု အသံထွက်လာသည်။ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့် တွေ့ဆုံ မည့်အချိန်တွင် ချက်ချင်းဆိုသလို ရုပ်ရှင်ဗီဒီယို ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် ချိန်းဆို၍ တွေ့ ဆုံဖြစ်သည်။ ရုပ်ရှင်ဗီဒီယိုဆင်ဆာနှင့် ပတ်သက်၍ တွေ့ဆုံခြင်းဟူသော သတင်းစကားကြောင့် ထုတ်လုပ်သူများ၊ ဒါရိုက်တာများ စုံညီလှသည်။ ယခင်က အစည်းအဝေးလုပ်တိုင်း စုံစုံလင်လင်မရှိခဲ့ပေ။ ယနေ့ စုံစုံညီညီတွေ့ကြုံရလျှင်လူတိုင်းက အတွေ့အကြုံများနှင့် ယှဉ်၍ ပြောပြ ကြသည်။
တက္ကသိုလ်ကျောင်း ဆံပင်နီ၍ ပြန်လည်ပြင်ဆင်ရမည့် အကြောင်းတင်ပြသည်။ အားလုံးပြန်ရိုက်ကူးဖို့ ဆိုသည်ကလည်း အခက်အခဲများစွာ ကြုံတွေ့ရမည်ဖြစ်သည်။ နောက် တစ်ခုက ခေတ်ပေါ်စကားများကို ဖြတ်တောက်သည့် ကိစ္စဖြစ်သည်။ သည်ခေတ်မှာက “ကွီး” တို့၊ “ခေး” တို့မှာ လူငယ်တော်တော်များများ သုံးစွဲနေကြသည်။ ဖေ့စ်ဘုတ်တွေပေါ်မှာလည်း အမြဲတွေ့နေရသည်။ နောက်ပိုင်း ထိုစကားလုံးများ ဖြတ်တောက်မှုများလာလျှင် ဆူညံဆူညံအသံများ ပေါက်လာသည်။ “စောက်” ဆိုသော စကားလုံးအသုံးအနှုန်းမှာလည်း ပြဿနာတစ်ခုဖြစ်သည်။ “စောက်” ဆိုသောစကားလုံးကို အောက်ခြေလူတန်းစားဘဝ သရုပ်ဖော် ဇာတ်ကားမျိုးအတွက်သာ ခွင့်ပြုမည်လား၊ မြို့ပြဇာတ်ကားများတွင် သုံးရန် ခွင့်မပြုဘူးလား စသည် စသည်ဖြင့် မေးခွန်းပေါင်းများစွာ ထွက်လာသည်။
အဓိကအချက်မှာ အခုလောလောဆယ်တွင် ဆင်ဆာထောက် ညွှန်ချက် ကြမ်းလာကြောင်း တင်ပြကြသည်။ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများနှင့် အပြိုင်အဆိုင် ကြိုးစားယှဉ် ပြိုင်နေရချိန်တွင် ကျွန်တော်တို့တွေ ဆံပင်နီသောကိစ္စ အချိန်တွေကုန်နေရသည်။ တချို့အသေးအမွှားကိစ္စ များ ခွင့်ပြုသင့်ကြောင်းပြောသူက ပြောသည်။ မိုက်ကယ်ဂျက်ဆင် အကပင် ခွင့်ပြုချက်မရနိုင်ကြောင်း တင်ပြကြသည်။ တချို့က စာပေ စိစစ်ရေးမရှိတော့သလို ရုပ်ရှင်ဗီဒီယို ဆင်ဆာလည်း မရှိသင့်ကြောင်း အဆိုပြုသူက ပြုသည်။ တချို့က ဆင်ဆာအဖွဲ့က ထောက်ညွှန်သူကို အတိအကျသိလိုကြောင်း၊ ထိုသူကို ကျွန်တော်တို့က နားလည်အောင် ရှင်းပြချင်ကြောင်း၊ ထို့ကြောင့် ထောက်ညွှန်သူ၏ အမည်နာမကိုပါ ထုတ်ဖော်သင့်ကြောင်းများ တင်ပြ ကြသည်။ ဆင်ဆာဖြတ်တောက်မှု တွင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ကို နှိုင်းယှဉ်မပြောလိုတော့ကြောင်း၊ ရုပ်မြင်သံကြားနှင့် ကျွန်တော်တို့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားပင် ဖြတ် တောက်မှု ကွာခြားသည်မှာ မဖြစ် သင့်ကြောင်းလည်း တင်ပြသည်။ အားလုံး ဆွေးနွေးညှိနှိုင်းပြီးသည့် အချိန်တွင် ရုပ်ရှင်ဗီဒီယိုဆင်ဆာမရှိသင့်ကြောင်း သဘောတူကြသည်။
နောက်တစ်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျွန်တော်တို့အမှုဆောင်များ၊ အနုပညာရှင်များ တွေ့ဆုံဖြစ်သည်။ အဓိကအကြောင်းမှာ ဒီမိုက ရေစီ ရုပ်ရှင်ရက်သတ္တပတ် ကျင်းပ နိုင်ရေးဆွေးနွေးကြခြင်းဖြစ်သည်။ ဆွေးနွေးပြီး အထွေထွေ ကဏ္ဍတွင် ရုပ်ရှင်ဗီဒီယို ဒါရိုက်တာများ၊ ထုတ် လုပ်သူများ၏ ပြောကြား တင်ပြချက် များကို ကိုလူမင်းမှ ထပ်ဆင့် အတို ချုံ့ ပြန်လည်တင်ပြသည်။ စာပေစိ စစ်ရေးပင် မရှိတော့သည့်အချိန်တွင် ရုပ်ရှင်ဗီဒီယို ဆင်ဆာမရှိသင့် ကြောင်း တင်ပြသည်။ ဗီဒီယိုဆင်ဆာ အဖွဲ့ဝင်များလည်း ပါဝင်ဆွေးနွေးကြ သည်။ ဥပဒေတွင် ပါရှိပြီးသားဖြစ် သဖြင့် ရုပ်ရှင်ဗီဒီယိုဆင်ဆာက ရှိနေဦးမည် ဖြစ်သည်။ ကိုလူမင်းက ရုပ်ရှင်ဗီဒီယိုထုတ်လုပ်သူနှင့် ဒါရိုက်တာများ ဆွေးနွေးချက်ကို ဆက်လက်တင်ပြသည်။ ဆံပင်နီသောကိစ္စ၊ ဗန်းစကား ကိစ္စများဖြစ်သည်။ နောက် ဆုံးတွင် ငွေကုန်ကြေးကျခံ၍ ရိုက်ကူးသော ရုပ်ရှင်ဗီဒီယိုဇာတ် ကားများကို ပိတ်ပင်ခြင်းမပြုဘဲ ထောက်ညွှန်ချက်များ၊ တည်းဖြတ်မှု များနှင့် ခွင့်ပြုဖို့ တင်ပြကြသည်။ ကျွန်တော်တို့ ဘက်ကလည်း စည်းကမ်းရှိဖို့ လိုအပ်ပါသည်။ ဇာတ်လမ်းမကျခင် နယ်ထွက်ရိုက်ကူးခြင်း၊ ရိုက်ကူးခွင့် မတင်ခြင်းတို့ကိုလည်း ရှောင်ရှားသင့်ပါသည်။ နောက်ထပ် ဇာတ်လမ်းပြင် ဆင်ချက်မျိုး ရှိလာပါက ပြင်ရခက်သည့် အခြေအနေမျိုးပါ ရောက်သွားနိုင်ပါသည်။
၁၉၈၅ ခုနှစ်ခန့်တွင် ရုပ်ရှင်အမြုတေမဂ္ဂဇင်းကို ကျွန်တော် ငှား၍လုပ်ခဲ့ဖူးပါသည်။ မဂ္ဂဇင်းက စောင်ရေ ၅ဝဝဝ ခန့်ရှိပြီး ၁၅ ဖောင် ရှိပါသည်။ တစ်လတွင် တခြားမဂ္ဂဇင်းတစ်ခုမှာ မျက်နှာဖုံး တစ်ခု ပါသွားပါသည်။ ထိုဓာတ်ပုံ ကို ဓာတ်ပုံဆရာ မောင်မောင်ဇော်ဝင်း ရိုက်ကူးခြင်းဖြစ်သည်။ ခြေလှမ်းနေ သော ပုံလေးမှာ အလွန်မှ အသက် ဝင်ပြီး ချစ်စရာကောင်းလှသည်။ သို့သော် အခုလို ဟိုပေါ်ဒီပေါ် ဖော်၍ ရိုက်ကူးခြင်းမဟုတ်သော် လည်း လည်ပင်းလေး နည်းနည်း ဟိုက်ပါသည်။ အထက်လူကြီးတစ် ယောက်က ပြောလိုက်ပုံရပါသည်။ လည်ပင်းဟိုက်သောနေရာများကို လိုက်ဖုံးဖို့ စည်းမျဉ်းတိုးလာပါသည်။ ကျွန်တော့်စာအုပ်က စာဖောင် ၁၅ ဖောင်ရှိရာ ၁ဝ ဖောင်က လည်ပင်း ဟိုက်သဖြင့် ပြန်ရိုက်ရပါသည်။ ထို့ အပြင် မျက်နှာဖုံး လေးရောင် ရိုက် ထားသော ပုံပါပါသည်။ ပထမ အနက်ရောင်နှင့် လည်ပင်းတွေ လိုက်ပိတ်၊ စကတ်တိုနေလျှင်လည်း ဆက်ပေး လုပ်ကြရသည်။ နောက် ပိုင်း အနက်ရောင်က ကန့်ကွက်သလို၊ ဆန့်ကျင်သလိုဖြစ်နေ၍ ငွေရောင် မင်ဖြင့် ရိုက်နှိပ် ပိတ်ရပါသည်။ ပြင် ဆင်ပြီး ပြန်တင်သောအခါ ကျွန် တော့်စာအုပ် ခွင့်ပြုချက်ကျပါ သည်။ ထိုစဉ်က စာအုပ်ဆိုင်ပေါ် ရောက်နေ သော စာအုပ်များမှာ ငွေရောင်တဝင်း ဝင်း ဖြစ်နေပါတော့သည်။ ငွေရောင် နှင့် လည်ပင်းဟိုက် ၍ ပိတ်သည်မှာ လည်ပင်းအရင်းအထိ လုံးဝမဟိုက်ရ ဘဲ ပိတ်ရခြင်းဖြစ်သည်။ ရုပ်ပျက် ဆင်းပျက်နှင့် အလွန်မှ ရုပ်ဆိုး အကျည်းတန်လွန်း လှပါသည်။ ကျွန် တော်ကိုယ်တိုင် ပြုစုလုပ်ကိုင်ထား သော စာအုပ်ကိုပင် ကျွန်တော် ကိုင်၍မကြည့်ချင်အောင် ဖြစ်သွား ပါသည်။ မည်သူက မည်သို့လုပ်လိုက် ၍ ဤသို့ဖြစ်သွားရသည်ကို စဉ်းစား၍ မရနိုင်တော့ပါ။ ဤသည် က စာပေဆင်ဆာနှင့် ပတ်သက်၍ ကျွန်တော့်ကိုယ်တွေ့ တစ်ခုဖြစ်ပါ သည်။ ယခုအခါတွင်မူ စာပေစိစစ် ရေးမရှိတော့ဘဲ မိမိကိုယ်မိမိ တာဝန် ယူမှု၊ တာဝန်ခံမှုသာ လျှောက် လှမ်း နေကြပြီး ဖြစ်ပါသည်။ သို့သော် တချို့သော စာမျက်နှာများတွင် ကိုယ်တုံးလုံးနီးပါးပုံများ တွေ့နေရ သည်။ ဟိုတစ်ချိန်က လည်ပင်း အထိရင်စေ့အောင်ပိတ်ရသော အဖြစ်ကို တချို့ကယုံနိုင်မည် မထင် ပေ။
ကိုလူမင်းနှင့် ကျွန်တော်တို့ အမှုဆောင်အဖွဲ့သည် ဆင်ဆာအဖွဲ့ ဝင်များ လူစုံမည့်နေ့ကို ချိန်းဆိုသည်။ ကျွန်တော်တို့အဖွဲ့က ထုတ်လုပ်သူ နှင့် ဒါရိုက်တာများ ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြသည်။ ဆင်ဆာအဖွဲ့ဝင်များကလည်း ဘာ သာရပ်ဆိုင်ရာ ပါဝင်သူများက တစ် ဦးပြီးတစ်ဦး ရှင်းပြသည်။ တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆံပင်နီနေသော ကိစ္စမှာ ဖြေသိမ့် ခွင့်လွှတ်နိုင်ကောင်း သည်။ မိုက်ကယ် ဂျက်ဆင်အကကို လည်း ဆင်ဆာအဖွဲ့မှ ပိတ်ပင်ခြင်း မဟုတ်ပေ။ မိန်းကလေးများရှေ့တွင် ဘောမ၍ ငေါ့ကာငေါ့ကာ လုပ်နေ သော အမူအရာကို ထောက်ပြခြင်း ဖြစ်ကြောင်း၊ ကြေညာချက်မထွက်ခင် ဖေ့စ်ဘုတ်မှာ မိုက်ကယ်ဂျက်ဆင် အကကို ပိတ်ကြောင်း ပါလာရာ စိတ်မကောင်းစရာ ဖြစ်ရကြောင်း ပြောပြသည်။ နောက်တစ်ခုက “စောက်”ဆိုသော စကား အသုံးအနှုန်းကိစ္စ ဖြစ်သည်။ ယခင်က ဇာတ်လမ်းအရ အံဝင်ခွင်ကျဖြစ်လျှင် ခွင့်ပြုသည်။ သို့သော် “စောက်” ဆိုသောစကား ခွင့်ပြုသည်ဟုသိလျှင် လိုအပ် သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ “စောက်” ဆိုသော စကားကို အပြိုင် အဆိုင် ဖောဖောသီသီသုံးကြသည်။ နောက်ဆုံး “စောက်” စကားလုံးဝ မသုံးရဟု တားမြစ်လိုက်ရခြင်း ဖြစ်သည်။ ဗန်းစကားများနှင့် ပတ်သက်၍လည်း ဆွေးနွေးဖြစ်သည်။ ဗန်းစကားတချို့က လူငယ်များကြားတွင်လည်းကောင်း၊ ဖေ့စ်ဘုတ်များတွင် လည်းကောင်း ယဉ်ပါးနေကြပြီး ဖြစ် သည်။ ဥပမာ- ကွီးတို့၊ ခေးတို့မှာ အများဆုံး အသုံး ပြုကြသည်။ ယင်းဗန်းစကားနှင့် ပတ်သက်၍ အများက သုံးစွဲနေသော စကားလုံး များကို ခွင့်ပြုသင့်ကြောင်း ဆွေးနွေးဖြစ်ကြသည်။ နောက်ဆုံး တစ်ခုမှာ ရုပ်ရှင်ဗီဒီယိုဇာတ်ကား များကို ပိတ်ခြင်းထက် ထောက်ညွှန် ပြင်ဆင်တည်းဖြတ်ပြီး ခွင့်ပြုသင့် ကြောင်း ဆွေးနွေးဖြစ်ကြသည်။ သဘောတူသော အချက်များရှိသည် ကို ဝမ်းသာ ကျေနပ်ရသည်။ ဇာတ် ကားတစ်ကား ငွေကုန်ကြေးကျခံ ရိုက်ကူးထားသဖြင့် ပိတ်ပစ်ခြင်းထက် ပို၍ ကောင်းသောနည်းလမ်းကို ရှာဖွေ ကြရခြင်းဖြစ်သည်။ ကျွန်တော် တို့ဘက်ကလည်း တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်အတူ ကိုယ့်လိပ်ပြာ ကိုယ်လုံရန် လိုအပ်မည်ဖြစ်ပါသည်။
အေးကြူလေး