Looking for something?

Explore the website

Looking for something?

Sunday, May 18, 2025

ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို) ၏ ပရိယတ္တိသာသနာပြုမဟာဗုဒ္ဓဝင်ပြန့်ပွားရေးဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ်မြောက်အဖြစ်ကျင်းပမည့် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာအလှူငွေပေးအပ်ပွဲကို ယနေ့ မေ ၁၇ ရက်မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ပြု လုပ်ခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန...

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...
HomeNewsEntertainment Newsမြန်မာ့ရုပ်ရှင် တိုးတက်ဖို့ ဆိုတာ...

မြန်မာ့ရုပ်ရှင် တိုးတက်ဖို့ ဆိုတာ အနှစ် ၂ဝ လောက် အထိ ကြာဦးမှာဖြစ်တယ် ဗေလုဝ

balဟာသ သရုပ်ဆောင် ဦးဗေလုဝ ကတော့ အရာရာ ယိုယွင်းနေခဲ့တဲ့ ခေါက်ရိုးကျိုး မြန်မာ့ ရုပ်ရှင် နစ်နေတဲ့ နွံကြားမှ ပြန်လည် ရုန်းထွက် ဖို့ ဆိုရင် အဘက်ဘက်က တိုးတက် ပြောင်းလဲလာမှ သာရမယ် လို့ ဆိုလာပါတယ်။

“တိုင်းပြည် ကလည်း စီးပွားရေးအရ ဖွံ့ဖြိုး တိုးတက် လာနေရမယ်။ လူထုတွေကလည်း တိုး တက်ချင် စိတ်ရှိရမယ်။   ဖောက်ထွက် ချင် စိတ်ရှိရမယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေက အကုန် ကမ္ဘာကို ထိုးဖောက်နေကြပြီ။ ကျွန်တော် တို့ တစ်နိုင်ငံပဲ ကျန်ရစ်ခဲ့တယ်။ အမှန် ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်က ၁၉၂ဝ ခုနှစ်ကတည်းက စတင် ခဲ့တာဖြစ်တယ်။ ၁၉၂ဝ ခုနှစ်က စခဲ့တဲ့ ရုပ်ရှင်လောကကြီးဟာ ဒီကနေ့ ဒီအချိန်အထိ ဘယ်ကိုမှ မဖောက်နိုင်သေးဘူး။ ထိုင်းနိုင်ငံ လောက်ကိုတောင် မြန်မာ ဇာတ်ကားရောက် အောင် မဖောက် ထွက်နိုင်သေး ဘူး။ ထိုင်းနိုင်ငံမှာ ဖောက်ဖို့ မြန်မာ ဇာတ်ကားတွေ သွားပြလည်း ဟို ကလူတွေက သိပ်ရင်မခုန်ကြဘူး။ မြန်မာ ဇာတ် ကားက ပြည် တွင်း ဈေးကွက်လေး ပဲ ရှိတယ်လေ။ အဲ့ဒီတော့ ပြည်တွင်း ဈေးကွက်လေးမှာပဲ လည်နေ ရတဲ့ မြန်မာ့ ရုပ်ရှင်ဟာ သိပ်ပြီးတော့ ချဲ့ထွင် မစဉ်း စားကြတော့ဘူး။ အမှန်ကတော့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရမယ်။ ရုပ်ရှင်ရုံတွေ အများကြီး ရှိရမယ်။ ပြီးတော့ လောကသားတွေ က လည်း အနုပညာ အပေါ် တိုးတက်ချင် စိတ်ရှိရမယ်။ ခေါက်ရိုးကျိုး နေတာတွေကို ဖျောက်ဖျက် ပြီးတော့ တိုးတက်ချင် စိတ်နဲ့ လုပ်သွားမှ ရပါမယ်”လို့ ဦးဗေလုဝ က ထောက်ပြပြောပြပေးပါတယ်။

ဒါ့အပြင် ရေပွက်ရာ ငါးစာချတဲ့ သဘောမျိုးနဲ့ လုပ်နေကြတာတွေ ကို ရပ်တန့်ပြီးတော့ ဖောက် ထွက်လုပ်ဆောင် သွားကြဖို့ လိုနေပြီ လို့လည်း ဆက် ပြောပါတယ်။

“လိုင်းတစ်လိုင်း အသစ်ဖြစ်လာအောင် ဖောက်ထွက် ကြည့်ရမယ်။ အခု ဒီမှာက ရေပွက်ရာ ငါးစာချတဲ့ အတိုင်း ဟာသ ဆိုရင် ဟာသ ချည်းပဲ။ သရဲ ဆိုရင်လည်း သရဲချည်းပဲ။ အမှန်တော့ ဖောက်ထွက် ရတော့မယ်။ ကမ္ဘာမှာလည်း တစ် နည်းမဟုတ် တစ် နည်းဖောက် ထွက်ပြီး တင်ပြနေကြ တာပါပဲ။ ဘောလိဝုဒ်လည်း တူတူပဲ။ ဟောလိဝုဒ် လည်း အတူတူပဲ။ ဒါပေမဲ့ သူတို့ ဘယ်လောက်အထိ ဆန်းသစ် စွာနဲ့ ဖောက်ထွက် ဖောက်ထွက် သူတို့ ရဲ့ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့လေးတွေ ကတော့ ပါဝင်နေ ပါတယ်။ ကျွန်တော် တို့လည်း အဲ့ဒီ အတိုင်းပါပဲ။ ဘယ်လောက်ပဲ ဆန်းသစ်ထားပါ တယ်ပြောပြော ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုလေး တွေပါ ပါဝင်နေရင် ပိုကောင်းတာပေါ့။ အုတ် အော်သောင်းတင်း ဖြစ်ပြီး အောင်မြင်လာမယ့် ဇာတ်ကား ကိုလည်း ကျွန်တော် တို့တွေက မျှော် လင့်တာပေါ့။ ကျွန်တော် တို့လည်း ကျွန်တော် တို့ ရုပ်ရှင် ဇာတ်ကားတွေ ဖွံ့ဖြိုး တိုးတက်လာတာ ကို မြင်ချင် တာ ပေါ့”လို့  ဦးဗေလုဝ ကပြောပြပါတယ်။

အစိုးရပိုင်း အနေ နဲ့ ထောက်ပံ့မှု လိုအပ်တယ် ဆိုတဲ့ နေရာမှာ တိုင်းပြည် စီးပွားရေး ကောင်းမွန် ဖွံ့ဖြိုး တိုးတက်မှု နဲ့ တိုက်ရိုက် သက်ဆိုင်နေ တယ် လို့ ဆို ပါတယ်။

“တိုင်းပြည် စီးပွားရေး ကောင်းနေမယ် ဆိုရင် ဖျော်ဖြေရေး ကဏ္ဍ ဆိုတာ သူ့ဟာနဲ့သူ တိုးတက်လာ မှာပါ။ တိုင်းပြည် စီးပွားရေး ညံ့နေပြီး ဆိုရင်တော့ ရုပ်ရှင် ဇာတ်ကား တစ်ကားကို ဘယ်လောက်ပဲ လန်ပြန်နေအောင် ရိုက်ထားလည်း ရုပ်ရှင်ရုံကို လာဖို့ အတွက် သူတို့ အတွက် စရိတ်စက၊ စား ဝတ်နေရေး၊ ဆိုတာ ရှိသေးတဲ့ အတွက် အဲ့ဒီ အတွက် ရုန်းကန်နေရတာ နဲ့တင် ရုပ်ရှင်ရုံကို လာကြည့် ဖို့က ဝေးသွားပြီ။ ပရီမီးယားလိဂ် ဘောလုံးပွဲတွေ ဘာ ကြောင့် အပတ်စဉ် လူပြည့်နေရလဲ ဆိုရင် သူတို့မှာ တစ်နှစ်စာ အတွက် စား ဝတ်နေရေး လုံလောက် တယ်။ သူတို့ စိတ်ပျော်ရွှင်မှု အတွက်လည်း သီးသန့် အချိန်တွေ ခွဲထားကြတယ်။ အဲ့ဒါ ဘာကြောင့်လဲ ဆိုရင် သူတို့ နိုင်ငံက စီးပွားရေး ဖွံ့ဖြိုး တိုးတက် လို့ပဲဖြစ်တယ်။ ကျွန်တော် တို့ တိုင်းပြည် ကတော့ အခုမှ ဖွံ့ဖြိုး တိုးတက်မှုကို ပြန်စနေ ရတာဖြစ် တယ်။ အဲ့ဒီတော့ ဆိုင်းဘုတ်တွေ ပါးစပ်တွေ နဲ့ပြောမယ့် အစား တိုးတက်ချင်တဲ့ စိတ်တွေနဲ့ လက်တွေ့သာ လုပ်ကြ ဖို့လိုပါတယ်” လို့ ဦးဗေလုဝ က ဆိုပါတယ်။

လက်ရှိ အခြေအနေ နဲ့ဆိုရင် မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်လာဖို့ ဆိုတာကို အနှစ်(၂ဝ)လောက် အထိ အချိန်ကြာ ဦးမှာဖြစ်တယ်လို့ ဦးဗေလုဝ ကတော့ ဆိုပါတယ်။

“ဘာလို့ အဲ့ဒီလောက်နှစ် အထိ ခန့်မှန်းရတာ လဲဆိုတော့  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဦးမှာနဲ့ လူတွေရဲ့ စိတ်တွေပြောင်းလဲ လာမှာနဲ့ အဟောင်း တွေ ချုပ်ငြိမ်းသွားမှာ နဲ့ကြောင့်မို့လိုပါ။ အဟောင်း တွေချုပ်ငြိမ်းမှ အသစ်ကို သွားကြမှာကိုး။ အသစ် ကို မျှော်ရတဲ့ သဘောပေါ့။ အဓိကကတော့ နောက် မျိုးဆက်သစ် ကို မျှော်လင့်တာဖြစ်တယ်။ အခုမျိုးဆက် ကတော့ ဒီအတိုင်းပဲ လုံးလည်ချာ လည် လိုက်ပြီးတော့ ပြီးသွားပါလိမ့်မယ်”လို့ ဦး ဗေလုဝက ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံမင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071