မြန်မာ့လက်မှု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် ရွှေဆိုင်း ခတ်လုပ်ခြင်းလုပ်ငန်းများ ဆက်လက် ရပ်တည် နိုင်ရေး ရွှေဆိုင်းခတ်လုပ် ခြင်း အဆင့်ဆင့်သရုပ်ပြပွဲနှင့် စာပေ ဟောပြောပွဲကို နိုဝင်ဘာလ ၅ ရက် နေ့ မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ Hotel Mandalay ၌ ကျင်းပမည် ဖြစ်ကြောင်း မန္တလေးမြို့ မျက်ပါးရွှေ ဆိုင်းလုပ်ငန်းရှင်များထံမှ သိရှိရ သည်။
”ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လက်ရွှေဆိုင်းကို လက် ခံအသုံးပြုလာတာပါ။ မျက်ပါးရွှေ ဆိုင်းက ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် တစ်ခုပါ။ ပထမအကြိမ်ပြပွဲလုပ် မယ်ဆိုတော့ အခက်အခဲတွေရှိခဲ့လို့ မဖြစ်ခဲ့ဘူး။ အခုစီစဉ်တာက ဒုတိယ အကြိမ်ပါ။ အဓိကလုပ်ရတဲ့ အ ကြောင်းကတော့ မြန်မာပြည်အနှံ့ ဘုရားတွေမှာ ခေတ်အဆက်ဆက် လက်မှုရွှေဆိုင်းတွေကိုပဲ ကပ်လှူခဲ့ ကြတယ်။ အခုလက်မှုရွှေဆိုင်းအစား စက်မှုရွှေဆိုင်းတွေ လုပ်လာကြလို့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ လက်မှုရွှေဆိုင်းလုပ်ငန်းတွေ ရပ် တည်ဖို့ ခက်ခဲလာတယ်။ တချို့ ဘုရားတွေ တင်ဒါခေါ်တဲ့အခါမှာ စက်ရွှေဆိုင်းဆိုပြီး သီးသန့်ကို ခေါ် လာတာတွေရှိလာတယ်။ ကျွန်တော် တို့ရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် လက်မှုရွှေဆိုင်းတွေ ပျောက်ကွယ် သွားမယ့် အနေအထားဖြစ်လာတော့ မယ်။ ဒါကို သက်ဆိုင်ရာဝန်ကြီးချုပ် တွေကို စာတင်ပြီး ဒီကိစ္စကို တောင်း ဆိုသွားမယ်”ဟု အောင်တံခွန်ရွှေ ဆိုင်းလုပ်ငန်းရှင် ဦးဇော်မင်းအောင် က ပြောသည်။
မြန်မာ့လက်မှု ရွှေဆိုင်းအ ကြောင်း စာပေဟောပြောပွဲတွင် ဆရာနေဝင်းမြင့်၊ ဆရာဆူးငှက်၊ ဆရာသိုက်ထွန်းသက်၊ ဆရာညိုထွန်း လူတို့က ဟောပြောဆွေးနွေးသွားမည် ဖြစ်သည်။
