Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesနွေးထွေးပျူငှာ ကုသပေးတာ ဗီဂန်မြန်မာစင်တာ

နွေးထွေးပျူငှာ ကုသပေးတာ ဗီဂန်မြန်မာစင်တာ

”နေ့စဉ်အချိန် နှစ်နာရီသာပေးဖို့ လိုပါသည်”

ယခုအခါ မြန်မာနိုင်ငံတွင် ကျန်းမာရေးပရဟိတစင်တာများ၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူ ထောင်ကာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးလျက် ရှိနေပါသည်။ ယင်းတို့အနက် ကျွန် တော်ကိုယ်တိုင်ကုသမှုခံယူနေဆဲ ဗီဂန်မြန်မာ (Vigen Myanmar) အခမဲ့ကျန်းမာရေးပရဟိတစင်တာ နှင့် ပတ်သက်၍ မျှဝေပေးလိုက်ပါ သည်။

ဗီဂန်မြန်မာအခမဲ့ကျန်းမာရေး ပရဟိတစင်တာသည် တောင်ကိုရီး ယားနိုင်ငံ၊ ဂယောင်းဂီနို၊ အန်းဆောင်း မြို့ရှိ Vigen Medical Co., Ltd မှ တည်ထောင်ဖွင့်လှစ်ထားခြင်းဖြစ် သည်။ ဠငါနည နြိငခေူ ဃသ.ယူအိ ကို ၁၉၉၈ ခုနှစ် မေလတွင် တည် ထောင်ခဲ့သည်။

ကုမ္ပဏီဥက္ကဋ္ဌကြီး ‘မစ်ဂျောင်း ရှင်ဂျာ’သည် လူသားအားလုံး ကျန်း မာပြီး ပျော်ရွှင်သော ဘဝများ ပိုင် ဆိုင်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ တီထွင်ကာ နိုင်ငံပေါင်း ၆ဝ သို့ ဖြန့်ချိခဲ့သည်။ ယင်းကုသ စက်များသည် ထိုင်း၊ ကိုရီးယား၊ အ မေရိကန်နိုင်ငံများမှ FDA လက်မှတ် များ ရရှိထားပြီးဖြစ်သည်။ ယင်းကုမ္ပ ဏီသည် နိုင်ငံအသီးသီးသို့ ပို့ဆောင် ၍ ရရှိခဲ့သော အကျိုးအမြတ်များဖြင့် နိုင်ငံအချို့တွင် အခမဲ့ကျန်းမာရေး ပရဟိတစင်တာများ ဖွင့်လှစ်ခဲ့သည့် စီမံချက်အရ မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် ၂ဝ၁၁ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ သည်။

ဗီဂန်မြန်မာအခမဲ့ကျန်းမာရေး ပရဟိတစင်တာရုံးချုပ်ကို အမှတ် ၄၂၊ ဦးရွှေထွန်းလမ်း၊ ရွှေဘုန်းပွင့် ဘုရားအနီး၊ ပုဇွန်တောင်မြို့နယ်တွင် ထားရှိကာ ရန်ကုန်မြို့တွင် တောင် မြင်းပြိုင်ကွင်းလမ်း၊ တာမွေ (တာမွေ စင်တာ)၊ မဟာဗန္ဓုလလမ်း၊ လသာ မြို့နယ် (သိမ်ကြီးဈေးစင်တာ)၊ အင်း စိန်လမ်း၊ ကမာရွတ်မြို့နယ် (လှည်း တန်းစင်တာ) သုံးခုဖွင့်လှစ်ထားသည့် အပြင် ပန်းလှိုင်ရပ်ကွက်၊ ပဲခူးမြို့တွင် ပဲခူးစင်တာကို ဖွင့်လှစ်ထားသည်။

ဗီဂန်မြန်မာအခမဲ့ကျန်းမာရေး စင်တာတွင် အဓိကကုသစက်ဖြစ် သည့် Top and Top နှင့်အတူ အ ထူးစက်များအဖြစ် ဟာဆဲ (Hasell) မစ်ဆဲ (Mizell)၊ ဂျွာဟုန်းဂီ၊Big Samcho (BSc 600 ကော်ဇော)၊ ဟိုက်ဂျီးယားဂျက်ကက် (Hygiea Jacket)၊ ဟိုက်ဂျီးယား ခါးပတ်၊ ဟိုက်ဂျီးယားခေါင်းအုံး၊ ခိုင်ရိုဆာ (Chirosa) V7, mega ကော်ဇော စသည်တို့ဖြစ်သည်။

Top and Top ကုသစက်သည် ဟိုက်ဂျီးယားမှတစ်ဆင့် အနီအောက် ရောင်ခြည်သုံးစက်ဖြစ်သည့် အ လျောက် လူတစ်ဦး၏ခန္ဓာကိုယ်တွင် လိုအပ်သော အနီးအောက် ရောင် ခြည်ကို ၉ဝ ရာခိုင်နှုန်းထိ ထုတ် လွှတ်ပေးခြင်း၊ြ<ွကက်သားများ ဖြေ လျော့စေခြင်း၊ သွေးလည်ပတ်မှု ကောင်းစေခြင်း ခန္ဓာကိုယ်တွင်း အညစ်အကြေး၊ သွေးကြောတွင်း အညစ်အကြေးများ သန့်စင်ပေးစွမ်း နိုင်သည့် အနီအောက်ရောင်ခြည်ဖြင့် ကျောရိုးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွှတ်ကုသစက်ဖြစ်သည်။
ဗီဂန်မြန်မာအခမဲ့ကျန်းမာရေး ပရဟိတစင်တာသည် တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမှအပ၊ အပတ် စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ၊ ကုသချိန် ၁၄ ချိန်ခွဲကာ ကု သပေးသည်။ စနေနေ့ကို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ကုသချိန် ၆ ချိန်ခွဲ၍ လက်ခံကုသပေးသည်။တစ်ချိန်လျှင် ဝေဒနာရှင် ၂ဝ ဦးကို တစ်ပြိုင်နက်တည်း ကုသပေးသည်။

နေ့စဉ်ဤမျှသော ကုသချိန်ကို ပရဟိတဆရာမ ၈ ဦးက တာဝန်ယူ စောင့်ရှောက်ကုသမှုပြုနေသည်။ ပရ ဟိတဆရာမများသည် ပရဟိတ စိတ် အပြည့်အဝရှိကြသူများဖြစ်သည်။ လာရောက်ကုသမှုခံယူကြသူ လူမျိုး မရွေး ဘာသာမရွေးနွေးထွေး ပျူငှာ လှစွာဆက်ဆံဆောင်ရွက်ပေးကြသည်။ ပရဟိတဆရာမများသည် ကုသမှု အပိုင်းတွင် သာမကလာရောက်ကြ သည့် ပုဂ္ဂိုလ်များ အသိပညာတိုးစေ ရန် ကုသစက်များအကြောင်းနှင့်တကွ ကျန်းမာရေးဆိုင်ရာများကိုလည်း အလှည့်ကျဆွေးနွေးမျှဝေပေးလေ့ ရှိသည်။ ကုသခံလာရောက်သော ပုဂ္ဂိုလ်များနှင့် တစ်သားတည်း နေ ထိုင်ဆောင်ရွက်ပေးနေကြသည်မှာ လွန်စွာကျေနပ်ပီတိဖြစ် စိတ်ချမ်းသာ ရပါသည်။ ပရဟိတဆရာမများ၏ ဝါသနာ၊ စေတနာ၊ အနစ်နာခံဆောင် ရွက်ပေးမှုကြောင့်လည်း နေ့စဉ် ၁၄ ချိန်တွင် လူပြည့်နေခြင်းဖြစ်ပေသည်။

ဗီဂန်မြန်မာသို့ စတင်ဆက်သွယ် ကုသမှုခံယူသည့် လူသစ်သည် ၆ ရက်အထိ ကြိုတင်စာရင်းသွင်းရခြင်း မရှိဘဲ အဆင်ပြေသည့် အချိန်ရောက် ရှိသတင်းပို့ပြီး ကုသမှုခံယူနိုင်သည်။ ယင်းသို့ ကုသခံယူသည့်အချိန်တွင် ပရဟိတဆရာမတစ်ဦးသည် အနား ၌ အချိန်ပြည့်ရှင်းလင်းပြောကြား အားပေးနေလျက်ရှိသည်။

၇ ရက်မြောက်နေ့မှစပြီး ဖော် ပြပါ ၁၄ ချိန်အနက်မှ မိမိလာရောက် မည့်အချိန်ကို ဖုန်းဖြင့် ဘွတ်ကင်(စာ ရင်းကြို)တင်ရသည်။ မိမိရရှိသည့် အချိန်သတ်မှတ်ချက်ထက် အနည်း ဆုံး ၁ နာရီနှင့် မိနစ် ၂ဝ ကြိုတင် ရောက်ရှိရသည်။ ကြိုတင်ရောက်ရှိ စေသည့် အချိန်သည် အကြောင်းမဲ့ စောင့်ဆိုင်းရခြင်းမရှိဘဲ ပရဟိတ ဆရာမများသည် ဗီဂန်မြန်မာနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ကုသစက်များ၏ စွမ်းဆောင်မှုများ ကို အလှည့်ကျဆွေးနွေးမျှဝေပေး သည်။ သတ်မှတ်ချိန်ရောက်ရှိသည့် အခါ Top and Top စက်ဖြင့် ၃၇ မိနစ်ကုသမှုခံယူရပါသည်။

ကျွန်တော်သည် လွန်ခဲ့သော လေးငါးနှစ်ခန့်ကစပြီး ဖြစ်ပေါ်ခဲ့ သော နံနက်အိပ်ရာထလျှင် တင်ပါး ဆုံကိုက်ခဲခြင်း၊ ခြေလှမ်းနှစ်ရာသုံး ရာခန့်လျှောက်ပြီးက ခြေဖဝါးမှပေါင် ထိ ထုံကျဉ်သည့် ဝေဒနာဖြစ်နေခဲ့ရာ ၄၅ ရက် ကုသခံပြီးချိန်တွင် တင်ပါး ဆုံကိုက်ခဲမှု လုံးဝနီးပါးပျောက်ကင်း ပြီး ထုံကျဉ်မှုမရှိ ခြေလှမ်းသုံးလေး ထောင် လျှောက်နိုင်လာပါသည်။ လေဖြန်း၊ လေဖြတ်သူ၊ ဒူးနာ၊ ဆီးချို၊ သွေး တိုးရှိသူတို့ ပျောက်ကင်းကြသည် ကိုလည်း တွေ့ရှိနေရပါသည်။

သို့ကြောင့် ဖော်ပြခဲ့သည့် အ တိုင်း ”နေ့စဉ်အချိန် နှစ်နာရီသာ ပေးဖို့ လိုပါမည်”။ ကျွန်တော်တို့ ကျန်းမာပျော်ရွှင်ဖို့ ဗီဂန်မြန်မာအခမဲ့ ကျန်းမာရေးပရဟိတစင်တာမှ သ ဘာဝကုထုံးများနှင့် ကုသပေးရန် စောင့်ကြိုနေပါသည်။ နွေးထွေးမှု စေတနာပြည့်ဝစွာဖြင့် စိတ်ချမ်း မြေ့ဖွယ် ကျန်းမာရေးစောင့်ရှောက် ပေးနေသော ဗီဂန်မြန်မာစင်တာကို ယုံကြည်အားကိုးဆက်သွယ်ခြင်းဖြင့် ကျန်းမာရေးနှင့်အတူ မိတ်ဆွေတိုး ပွားစေမည့် အခွင့်အရေး၊ စိတ်ပျော် ရွှင်စေမည့်အခွင့်အရေး၊ စုပေါင်း ကုသိုလ်ပြုနိုင်မည့် အခွင့်အရေး၊ ပရ ဟိတလုပ်နိုင်မည့် အခွင့်အရေးများ ကိုလည်း ရရှိနိုင်ကြမည်ဖြစ်ပေသည်။

မြတ်မင်းလှိုင်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071