ရေရှားပါးမှုပြဿနာ
၂ဝ၃ဝ လောက်ကျရင် ကမ္ဘာမှာ ရေငတ်ပြဿနာကြုံမယ်။ လူဦးရေသန်း ၂ဝဝကနေ ၃ဝဝလောက်အထိက လုံးဝရေပြတ်သွားမယ်။ မြန်မာနိုင်ငံမှာလည်း ကျောက်ပန်း တောင်းတို့၊ ထီးလင်းတို့ဘက်မှာ ရေကရှားတယ်။ ထန်းရည်ထွက်တဲ့ ဒေသတွေဆို ထန်းရေ ၅ပုလင်း၊ ရေ ၁ပုလင်းတောင် လဲနေကြပြီ။ ထန်း ရေက ပေါနေတယ်။ သောက်သုံး ရေက ရှားနေတယ်။ ရန်ကုန်ဆို ရင်လည်း ရန်ကုန်တစ်ဖက်ကမ်း ဒလမှာဆိုရင် နှစ်စဉ်ရေရှားတော့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ရေသွားသွား လှူကြတယ်။ အဲဒီတော့ မြန်မာ တစ်ပြည်လုံးမှာလည်း ရေရှားပါးမှု ပြဿနာကြုံမှာ ကျိန်းသေတယ်။
ကမ္ဘာ့နိုင်ငံများတွင် ရေချိုရရှိအောင် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြ
ရေဟာ ၂၁ရာစုရဲ့ တန်ဖိုး အရှိဆုံးနဲ့ အရှားပါးဆုံး သယံဇာတဆိုပြီးတော့ ကမ္ဘာကပြောထားတယ်။ ကမ္ဘာအရပ်ရပ်မှာတော့ ရေနဲ့ ပတ်သက်လို့ စီမံကိန်းတွေ အများကြီး လုပ်ထားတယ်။ ကမ္ဘာ့လူဦးရေက တစ်နေ့တခြားများလာတယ်။ ရေက တစ်နေ့တခြားရှားလာတယ်။ အဲဒီတော့ ကျိန်းသေတယ်။ လူဦးရေနဲ့ သောက်သုံးရေက မမျှတော့ ဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆို တော့ တစ်အချက်အနေနဲ့ ရေကို ခြိုးခြံ သုံးစွဲရတယ်။ တခြား နိုင်ငံတွေမှာ ဘယ်လိုလုပ်သလဲဆိုရင် ကလေးတွေကို လက်ဆေးရင် ရေတစ်ခွက်နဲ့ စင်အောင်ဆေးနည်း၊ ရေတစ်ခွက်နဲ့ မျက်နှာပြောင်အောင် သစ်နည်း၊ သွားတိုက်နည်း အဲဒါတွေကို မူလတန်းကလေး တွေကနေစပြီး တော့ သင်နေပြီ။ နောက်တစ်ခု ရေချိုးတဲ့ နေရာမှာလည်း ဗုံးပေါလအောနဲ့ ရေမချိုးဘဲနဲ့ ရေနည်းနည်းနဲ့ သန့်ရှင်းစင်ကြယ် အောင်ရေချိုးနည်း၊ ပန်းကန်ဆေးနည်း အဲဒါတွေ ကိုသင်တယ်။ နှစ်အချက်ကတော့ တချို့ ခေတ်မီ ပြီးတော့ သိပ်ပံ္ပပညာ ထွန်းကားတဲ့ နိုင်ငံတွေက ပင်လယ် ဆားငန်ရေကနေ ရေချိုဖြစ်အောင် ချက်တဲ့နည်းကို သုတေသနလုပ်ပြီး ရလည်းရနေပြီ။ ဒါပေမဲ့ ဈေးကြီးတယ်။ အဲဒါကို ဈေးသက်သက် သာသာနဲ့ ပင်လယ်ဆားငန်ရေတွေ ကို သောက်သုံးရေဖြစ်အောင် လုပ်တဲ့နည်းကို သုံးနေကြပြီ။ သုံးအချက်အနေနဲ့ကတော့ အစ္စရေး နိုင်ငံမှာက ထူးခြားတယ်။ သူ့ရဲ့ နယ်မြေရဲ့ ငါးပုံတစ်ပုံလောက်က လည်း သဲကန္တာရ ဖြစ်နေတော့ ရေအရမ်းရှားတယ်။ အဲဒီတော့ နောက်ဆုံးပေါ်နည်းက မစင်တို့၊ ကျင်ငယ်ရည်တို့ ကနေပြီး တော့ ရေပြန်ချက်တယ်။ အဲဒီဟာက လည်း အောင်မြင်သွားပြီ။ ဒါပေမဲ့ ဈေးကြီး တယ်။ ဈေးသက်သက်သာသာနဲ့ဖြစ် အောင်လုပ်နေတယ်ပေါ့နော်။ လေး အချက်ကအဲဒီ မိလ္လာက နေရတဲ့ ရေတွေကို ၂ ပိုင်းသုံးတယ်။ တစ်ပိုင်း က စိုက်ပျိုးရေးလုပ်ငန်း တွေမှာသုံး တယ်။ အဲဒီလို သုံးတဲ့ အခါမှာ ဘယ်လောက် အထိကောင်း သွားလဲ ဆိုရင်အသီးအနှံတွေကပိုပြီး ထွား ကြိုင်းသွားတယ်။ ပိုပြီးတော့ အရသာ ကောင်းစေတယ်။ အာဟာရ ဓာတ် လည်းပြည့်ဝတယ်။ အဲဒီတော့ အသီး အနှံ စိုက်ပျိုးတဲ့နေရာမှာ ရိုးရိုး ရေ တွေ မကုန်တော့ဘူး။ မိလ္လာရေ တွေ ကိုပဲ ကျိုချက်ပြီးတော့ ပြန်သုံးတယ်။
နွားတစ်ကောင်သည် ရေငုပ်သင်္ဘောတစ်စီးစာ မြုပ်စေလောက်သော ရေပမာဏနှင့် ညီမျှ
အချိုရည်ကုမ္ပဏီတွေက အချိုရည်တစ်ပုလင်းရဖို့အတွက် ရေသန့်က ၅ပုလင်းလောက် ကုန် တယ်။ အဲဒီတော့ အချိုရည်စက်ရုံ တွေများပြားလာတာနဲ့အမျှ သောက် သုံးရေတွေ ပိုပြီးနည်းသွားတယ်။ ဒီသောက်သုံးရေတွေက အာဟာ ရဖြစ်တယ်။ ဓာတုဗေဒနည်းနဲ့ လုပ်တဲ့အချိုရည်တွေက အာဟာရ မပြည့်ဘူး။ တစ်နည်းအားဖြင့် ပြောရရင် ရေငတ်မပြေဘူး။ အဲဒီ အတွက် ဒီအချိုရည်လုပ်ငန်းတွေ ကိုလည်း ကျန်တဲ့နေရာတွေမှာ လျှော့ချဖို့အတွက် လူတွေက ဆန္ဒ ကောက်ယူကြတယ်။ ဆန္ဒပြကြ တယ်။ နောက်တစ်ဆင့်ကကျတော့ အရေးကြီးဆုံးပြောရရင် အမဲသား မစားကြဘူးပေါ့။ ဘာကြောင့် အမဲသားမစားကြလဲဆိုတော့ နွား တစ်ကောင်ကို အရွယ်ရောက် အောင်မွေးမြူရမယ်ဆိုရင် ရေပမာ ဏဟာ ဘယ်လောက်တောင် ကုန်သလဲဆိုရင် ရေငုပ်သင်္ဘော တစ်စီးစာ မြုပ်လောက်တဲ့အထိ ရေပမာဏကုန်တယ်။ အဲဒီတော့ လူတစ်ထောင်၊ နှစ်ထောင်လောက် အမဲသားမစားဘူးဆိုရင် နွား တစ်ကောင် သက်သာသွားမယ်။ နွားတစ်ကောင် သက်သာသွား တာနဲ့အမျှ ရေငုပ်သင်္ဘောတစ်စီးစာ မြုပ်လောက်တဲ့ရေပမာဏ သက်သာ သွားမယ်။ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ တွေက အမဲသားမစားတာ ကိုယ့်ကျေးဇူးရှင်မို့လို့၊ ကုသိုလ်ရအောင် လုပ်တာပေါ့နော်။ နိုင်ငံတကာ မှာကတော့ အမဲသားမစားတာက ရေခြိုးခြံတာ။ အမဲသားအစား ဆိတ်တို့၊ ဘဲတို့၊ ကြက်တို့စားတယ်။ အဲဒီလောက်အထိ ရေကို စနစ်တကျ ခြိုးခြံ သုံးစွဲနေကြပြီ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေကို စနစ်တကျ သုံးစွဲရေး
လွန်ခဲ့သော နှစ်တစ်ရာ၊ နှစ်ရာ လောက်က မြန်မာပြည် မှာ ဗြိတိသျှနဲ့ စစ်ဖြစ်တာက သစ်ကို အကြောင်း ပြုပြီးစစ်ဖြစ်တာ။ နောက်ပိုင်း ကျတော့ အာရပ်နိုင်ငံ တွေမှာ စစ်ဖြစ်ကြတာက ရေနံကို အကြောင်းပြုပြီးစစ်ဖြစ်တယ်။ မကြာခင်ဖြစ်ပေါ်လာမယ့် စစ်တွေကတော့ ရေကို အကြောင်းပြုပြီး ဖြစ် လာတော့မယ်။ ရေမရှိတဲ့ နိုင်ငံ တွေက အင်အားကြီးလာရင် ရေရှိတဲ့ နိုင်ငံတွေကို ဝင်ရောက် သိမ်းပိုက် မယ်။ အဲဒီလောက်အထိ ဖြစ်ပေ လာနိုင်တယ်။ အဲဒါကြောင့်မို့လို့ ရေဟာ အရေးကြီးတဲ့အတွက် မြန်မာ ပြည်မှာလည်း အခုကတည်းက စပြီးတော့ ရေကို စနစ်တကျသုံးစွဲ ဖို့လိုတယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်လည်း မြေအောက်ကရေတွေ သိုလှောင်မှုအနေအထားကောင်းမှာပေါ့နော်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မယ်။ သစ်ပင်တွေများများစိုက်မယ်။ ပလတ်စတစ်အိတ်တွေ မသုံးဘူး။ အဲဒီနည်းအားဖြင့် ကမ္ဘာမြေကြီးရဲ့ ပူနွေးမှုကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မြေအောက်ကရေသယံဇာတတွေကိုအချိန်အကြာကြီး သုံးစွဲနိုင်မယ်။ အပင်တွေစိုက်တဲ့နေရာတွေမှာလည်း တိုးတက်တဲ့နိုင်ငံတွေမှာ အပင် ကြီးတစ်ပင်ကို ရေတစ်ပုံးသုံးမယ်။ ပြီးတော့ အဲဒီအချိန်မှာ ဘေးနားက နှင်းဆီပန်းလေးတစ်ပင်ကို ရေတစ်ပုံး သွားလောင်းရင် ဒါဟာဖြုန်းတီးရာ ရောက်တယ်။ သူက သစ်ပင်အကြီး အငယ်အလိုက် ဖော်မြူလာနဲ့ ရေ လောင်းဖို့ပြောထားတယ်။ သစ်ပင် အကြီးဆိုရင် ရေများများ၊ သစ်ပင်အသေးဆိုရင် ရေနည်းနည်းလောင်းတဲ့ စနစ်တွေလည်းလုပ်ကြတယ်။
မျိုးမောင်