Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment Newsအောင်ရဲထွေး မထင်မှတ်ဘဲ ...

အောင်ရဲထွေး မထင်မှတ်ဘဲ ရုတ်တရက်ကွယ်လွန်ခဲ့တဲ့အပေါ် သူ့ပရိသတ်တွေရဲ့ ခံစားချက်

ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပျော်စရာ ဟာသမူဗီအတိုလေးတွေကို ဖန်တီးပြီး ကြည့်ရှုသူ ဆယ်သန်းကျော်အထိ အချိန်တိုအတွင်းမှာ အောင်မြင်မှုရလာတဲ့ အောင်ရဲထွေးတစ်ယောက် Happy New Year ညမှာ လူအချို့ရဲ့ ရိုက်နှက်မှုကိုခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်က မထင်မှတ်ဘဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောင်ရဲထွေးရဲ့ ဟာသဗီဒီယိုလေးတွေ ကို အားပေးနေတဲ့ သူ့ပရိတ်သတ် တွေအတွက်တော့ တကယ့်ကို မယုံနိုင်စရာ အဖြစ်ဆိုးတစ်ခုဖြစ်ခဲ့ သလို သူ့ပရိသတ်တွေ ကြားမှာလည်း အကြီးအကျယ်ဂယက်ရိုက်ခဲ့ပါတယ်။ ဒါကြောင့် ပေါ်ပြူလာ ပရိသတ်တွေအတွက် အခုတ စ် ပတ်မှာတော့ အောင်ရဲထွေးမထင် မှတ်ဘဲ ရုတ်တရက်ကွယ်လွန်ခဲ့ တဲ့ အပေါ် သူ့ပရိသတ်တွေရဲ့ ခံ စားချက်စကားသံအချို့ကို စုစည်း ဖော်ပြပေးလိုက်ရပါတယ်…

မေသူထက်

ကိုအောင်ရဲထွေးကိုစသိတာက ၂ဝ၁၆ ခုနှစ်လောက်ကတည်းကပါ။သူက ကိုယ့် idol သူလေ။ ကိုယ်စိတ်ညစ်ရင် တောင် သူ့ဟာသ video လေးတွေ ကြည့်ပြီး အပျော်ရှာရတာဆိုတော့ အခုလိုရုတ်တရက်ကြီးဖြစ်သွား တော့ ဝမ်းနည်းမိပါတယ်။ အဲဒီ သ တင်းကို ကြားကြားချင်း တကယ် စိတ်မကောင်းပါဘူး။ ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့လို့ ဆု တောင်းပေးပါတယ်။

ခင်ခင်လေး

အလုပ်တွေဘာတွေ ပင်ပန်း စိတ်တွေ မွန်းကြပ်နေရင် သူတင် ထားတဲ့ ဟာသဗီဒီယိုလေးတွေကြည့် ပြီး စိတ်ညစ်တာတွေပြေပျောက်ပြီး ဘဝအမောတွေပြေခဲ့ရတာပါ။ သူများ တွေလည်းဟာသ ဗီဒီယိုတွေတင်ပါ တယ်။ ဒါပေမဲ့ သူ့ကိုတော့ မမီဘူးလို့ ထင်ပါတယ်။ သူကရုပ်အမူအရာ၊ ဟန်ပန်တွေက အသက်ပါတယ်လေ။ သူဖန်တီးခဲ့တဲ့ ဟာသဗီဒီယိုတွေထဲမှာ တော့ နောက်ဆုံးတင်ထားတဲ့ ကလပ် ကိုသွားတဲ့ ဗီဒီယိုကိုတော့ အကြိုက် ဆုံးပါပဲ။ တကယ်ပါအဲလိုမျိုးနဲ့တော့ မသေစေချင်ပါဘူး။ ဘယ်လောက်ပဲ မုန်းတယ်ပြောပြော အဲဒီလောက်ထိ အသက်သေအောင်တော့မလုပ်သင့် ပါဘူး။ တရာခံတွေကိုလဲ အမြန်ဆုံး ဖမ်းမိစေချင်ပါတယ်။ သူ့မိသားစုတွေ တော်တော်ခံစားရမှာကိုလည်း ကိုယ် ချင်းစာပါတယ်။ ဘဝဆက်တိုင်းလည်း ဒီလိုမျိုးမကြုံပါစေနဲ့ ဆုတောင်းပေး ပါတယ်။

ခင်မျိုးထွေး

ကြားကြားချင်း ယုံတောင်မယုံ နိုင်ပါဘူး။ ဘာလို့ခုလို အသတ်ခံရ တာလဲတော့သိချင်မိပါတယ်။ ငယ် ငယ်ရွယ်ရွယ်လေးနဲ့သေတာ အနု ပညာအတွက် တကယ်ကိုနှမြောမိပါ တယ်။ ကိုယ်တွေတောင် ဒီလိုခံစား ရတာ သူ့မိဘတွေတော့ တော်တော် ခံစားရမှာပဲ။ သူနဲ့ Kelvin Kate က တကယ်ကိုအတွဲ ညီခဲ့တာပါ။ သူ ဖန်တီးထားတဲ့ အနုပညာတွေကတော့ သူ့ fan တွေ ရင်ထဲမှာ စွဲမြဲကျန်ခဲ့မှာ ပါ၊ ကောင်းရာမွန်ရာ ရောက်ပါစေလို့ လဲ ဆုတောင်းပေးလိုက်ပါတယ်။

ကျော့ကေကို

သတင်းကြားကြားချင်း ယုံတောင် မယုံနိုင်ဘူး။ လန့်သွားတယ်။ တကယ် ဝမ်းနည်းပြီး ကြေကွဲခံစားရပါတယ်။ သူ့ကိုစပြီးသိတာကတော့ ၂ဝ၁၇ တုန်း ကပါ၊ သူတင်တဲ့ဟာသ video တွေမှန် သမျှ အကုန်ကြိုက်တယ်။ အားလည်း ပေးတယ်။ ကိုယ့်အတွက်စိတ်အပန်း လည်းပြေစေတယ်လေ။ သူတင်သမျှ video တိုင်းလည်း မလွတ်တန်း အား ပေးလာခဲ့တာပါ။ အခုလို ကိုယ်အား ပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ရုတ်တရက်ကြီး ကွယ်လွန်သွားတဲ့ အပေါ် အလွန်းထိခိုက်ခံစားရပါတယ်။ ကိုအောင်ရဲထွေးတစ်ယောက်လည်း ကောင်းရာမွန်ရာရောက်ပါစေလို့ ဆု တောင်းပေးပါတယ်။

ဆုမြတ်မွန်

ကိုအောင်ရဲထွေးကို စသိတာ က၂ဝ၁၇လောက်ကပါ။ သူသရုပ် ဆောင်ပုံကို ကြိုက်တယ်။ သူတင်တဲ့ video တွေကိုလဲ အကုန်လုံးနီးပါး ကြိုက်ပါတယ်။ အခုလိုမျိုး သေဆုံး သွားတဲ့အပေါ် ကြားကြားချင်း မယုံ မိပါဘူး။ အလွန်းဝမ်းနည်းရပါတယ်။ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ကြူကြူအောင်

သူအခုလိုဆုံးသွားတာ အရမ်းခံ စားရပါတယ်။ သူ့သူငယ်ချင်းကို interview လုပ်တဲ့ video ကိုကြည့်ပြီး ကိုယ်ပါလိုက်ငိုမိတဲ့အထိ အရမ်းဝမ်း နည်းပါတယ်။ သူ့ကိုသတ်လိုက်တာ က သူတစ်ယောက်တည်းကိုပဲ သတ် လိုက်တာ မဟုတ်ပါဘူး။ သူ့ကြောင့် ပျော်ရွှင်ခဲ့ရတဲ့လူသိန်းပေါင်းများစွာ ရဲ့ နှလုံးသားကို သတ်လိုက်သလိုပါပဲ။ သူတင်တဲ့ video တွေထဲမှာ နောက် ဆုံးတင်လိုက်တဲ့ video ကို အကြိုက် ဆုံးပါပဲ။ သူက လူတွေကိုပျော်ရွှင် အောင်လုပ်ပေးခဲ့တဲ့အတွက် ကောင်း ရာဘုံဘဝရောက်ပါစေ။ နောင်ဘဝ ဆက်တိုင်းလည်း အခုလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ်။

ခိုင်သဇင်ဦး

သူတင်တဲ့ဟာသ video အား လုံးကို ကြိုက်တယ်။ အဲ့ဒီအထဲမှာမှ မိန်းကလေးတွေ အမြဲမှန်တယ်ဆိုတဲ့ ဟာသကို ပိုကြိုက်တယ်။ အခုလိုရုတ် တရက်ကြီးကွယ်လွန်သွားတဲ့အပေါ်အရမ်းအံ့သြမိတယ်။ ကိုယ့်အစ်ကို အရင်းတစ်ယောက် ဆုံးရှုံးသွားသလို ခံစားရတယ်။ သူတင်ထားတဲ့ video တွေဆို download လုပ်ပြီး သိမ်း ထားတယ်။ စိတ်ညစ်တဲ့အခါ၊ ဝမ်း နည်းတဲ့အခါသူ့ video လေးကြည့်မိ ရင် စိတ်ညစ်မှုတွေပျောက်ပြီး ပျော် ရွှင်ရလို့ပါ။ လူတွေကိုပျော်ရွှင် အောင်လုပ်ပေးခဲ့တဲ့ လူတစ်ယောက် အခုလိုမျိုးဖြစ်သွားတာတကယ် စိတ် မကောင်းပါဘူး။ ကောင်းရာမွန်ရာ ရောက်ပါစေလို့လည်း ဆုတောင်းပေး ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071