Thursday, May 14, 2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...
HomeCelebrities' Newsအောက်လမ်းပညာနဲ့ မကောင်းကြံတာခံခဲ့ရပေမယ့် ဘုရားတရားမမေ့ဘဲမေ...

အောက်လမ်းပညာနဲ့ မကောင်းကြံတာခံခဲ့ရပေမယ့် ဘုရားတရားမမေ့ဘဲမေ တ္တာပြန်ထားခဲ့သူသရုပ် ဆောင်ဖွေးဖွေး

လူငယ်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်ဖွေးဖွေးကတော့ လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ လူအများကိုဒုက္ခရောက်စေတဲ့ အောက်လမ်းပညာတစ်ခုကို နောက်ခံထားကာ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ သူမကအောက်လမ်းနဲ့ပြုစားခံရတဲ့သူတစ်ဦးအဖြစ် ပါဝင် ထားခြင်းလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူမရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဖွေးဖွေးက . . .

“ဇာတ်ကားတစ်ကားလုံးမှာ အမှတ်ရဆုံးဇာတ်ဝင်ခန်းကတော့ ခြေ ထောက်မှာ လောက်ကောင်တွေတက်လာတဲ့အခန်းပဲ။ မိန်ကလေးဆိုတော့ ရိုက်ကွင်းမှာကြောက်နေရင်လည်း ဣနြေ္ဒရရနေရတာပေါ့။ ဒါပေမဲ့ လောက်ကို ခြေထောက်ပေါ်တင်လိုက်တဲ့အချိန်မှာ မရဘူးအော်ငို တာ။ လောက်တွေကလည်း ကြက်သေပုပ်ကနေ မွေးထားတာတဲ့။ ကိုယ် သေသွားလို့ရှိရင်လည်း လောက်ထွက်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဒီလိုအသက်ရှင်လျက်နဲ့ လောက်တက်ခံရလိမ့်မယ်လို့ ဘယ်တော့မှ မထင်ခဲ့ဘူး။ ကိုဝိုင်းက မထင်မှတ်ဘဲ လုပ်လိုက်တာပေါ့နော်။ ကိုယ်ကလည်း တအားလန့်သွားတယ်။ သူလိုချင်တဲ့ အိုက်တင် တွေတော့ ရသွားပါတယ်”လို့ ပြောပါတယ်။

သရဲ၊ တစ္ဆေ၊ အောက်လမ်းပညာတို့ကို အယုံအကြည် ရှိလားလို့ မေးမြန်းကြည့်တော့ . . .

“သရဲကို ကြောက်တော့ကြောက်တတ်တယ်။ ဒါပေမဲ့ အများကြီး တော့ မကြောက်တတ်ပါဘူး။ အပြင်မှာလည်း အောက်လမ်းပညာတွေက ကိုယ်ကမယုံချင်ရင်လည်း မရှိဘူးလို့တော့ ပြောလို့မရဘူးလေ။ ဒါပေမဲ့ အောက် လမ်းပညာနဲ့လုပ်တယ်ဆိုတာက ကိုယ့်အတွက် ကောင်း တာထက် ခံရမှာကပိုများတယ်လေ။ အောက်လမ်းပညာကို ကိုယ်က ယုံကြည်တာတော့မဟုတ်ပေမယ့်ရှိတယ်ဆိုတာ ကိုတော့လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင် မှာလည်း အဲဒီလိုအောက်လမ်းပညာနဲ့အလုပ်ခံရတာတွေ မြင်ဖူးပါတယ်။ ဟိုတလောကဆိုရင် ဖွေးတို့အိမ်မှာလေ လူကြီးတစ်ယောက် မြေဆွေးတွေ၊ ရွှေဖရုံသီးတွေလာထား သွားတာကို CCTV မှာ မြင်တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုလုပ်မှန်းမသိပေမယ့် ဒီလိုမျိုးဟာတွေက မရှိဘူး လို့တော့ ပြောလို့မရဘူးလေ။ အစကတော့ တအားလန့် သွာတယ်။ ဖွေးတို့ကတော့ ဘုရားတရားမမေ့ဘဲနဲ့ မေတ္တာပဲ ပြန် ထားလိုက်ပါတယ်။ ဘာမှတော့မဖြစ်ခဲ့ပါဘူး” လို့ ဖွေးဖွေးက ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ လေ့လာနိုင်ရန် အသိပေး

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေနှင့် ပတ်သက်သည့် အကြံပြုစာများကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ကြောင်းလည်း အသိပေးဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက်(၇)ချက်ကို လည်း ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ ထိုပြင် ဥပဒေတွင် အခန်း(၁၃)ခန်းပါဝင်ပြီး တားမြစ်ချက်များ၊ပြစ်ဒဏ်များ ၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်လက်ဖလှယ်ခြင်း ၊ တားဆီးကာကွယ်ခြင်းစသည့်အချက်များ လည်းပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့်...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071