Monday, February 2, 2026

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ...
HomeEntertainmentသွေး (စစ်ကိုင်း)၏ ...

သွေး (စစ်ကိုင်း)၏ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်

ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုး ရေးသားတဲ့ ဟံသာ ဝတီ ဦးဝင်းတင်ရဲ့ ဘဝမှတ်တမ်းစာအုပ်ကို မူရင်းစာရေး သူရဲ့ ခွင့်ပြုချက်အရ သွေး(စစ်ကိုင်း)က ပြင်သစ်ဘာသာမှ တိုက် ရိုက်မြန်မာပြန်ဆိုထားတဲ့ ‘ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ’ စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီက Yangon Book Plaza မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါစာအုပ်ဟာ နိုင်ငံရေးသမား သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ရဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းမှုကနေ ပြန်လည်လွတ် မြောက်လာပြီးနိုင်ငံရေးလောက ဖြတ်သန်းမှုအထိ ထင် ဟပ်စေတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဘာသာပြန်ဆိုရေး သားသူ သွေး(စစ်ကိုင်း)က အဆိုပါစာအုပ်နဲ့ ပတ်သက်ပြီး
“ကျွန်မက ဘဘဦးဝင်းတင်နဲ့ အပြင်မှာ တစ်ကြိမ် တစ်ခါပဲ စကားပြောဖူးပေမယ့် သူ့ရဲ့လေးနက်ခိုင်မာတဲ့ ဒီမိုကရေစီအပေါ် ယုံကြည်မှု၊ အာဏာရှင်စနစ်ကို အလံ မလှဲဘဲ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ခဲ့မှု၊ အမှန် တရားဘက်က ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ နိုင်ငံရေး သမား၊ သတင်းစာဆရာတစ်ယောက်အနေနဲ့ လေးစားမှု တွေဟာ ဒီစာအုပ်ကို ကျွန်မဘာသာပြန်ဖြစ်ဖို့အတွက် တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။

 

တစ်ဖက်ကလည်း စိုးရိမ် ပူပန်ခဲ့တာတွေ ရှိတယ်။ ဘာလဲဆိုတော့ ဒီလောက်တောင် မှ ကြီးမြတ်လှတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို ဘာသာပြန်ဆို တဲ့အခါ ကျွန်မ အမီလိုက်နိုင်ပါ့မလားလို့ အမြဲတမ်း စိုးရိမ် ပူပန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စိတ်ကိုရှင်းရှင်းထားပြီး အတတ်နိုင်ဆုံး ကြိုးစားပြီးဘာသာပြန်ဆိုခဲ့ပါတယ်။ ဒီစာအုပ်ကို စတင်ပြီးဘာသာပြန် ဆိုတာကနေ ပြီးဆုံးတဲ့ အထိ အနည်းဆုံး လေးလအချိန်ယူခဲ့ပါတယ်” လို့ ပြောပါ တယ်။


စာအုပ်မိတ်ဆက်ပွဲမှာ စာရေးဆရာ မျိုးမြင့်ညိမ်း၊ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး မုံရွာအောင်ရှင်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဝင် ဦးထွန်းကြည်တို့က အဆိုပါစာအုပ်နဲ့ ပတ်သက်ပြီး မုဒိတာစကားများ ပြောကြားပေးခဲ့ကြပါတယ်။

“ဒီစာအုပ်ဟာ ဒီမို ကရေစီရေး၊ လွတ်လပ်ရေး၊ လူ့ အခွင့်အရေးတွေအတွက် ရုန်းကန်ရင်း စွန့်လွှတ်အနစ် နာခံခဲ့တဲ့ အတိတ်၊ ပစ္စုပ္ပန်ကာလက သူရဲကောင်း လူကြီး လူငယ်အားလုံးကို ရည်ညွှန်းပါတယ်” လို့လည်း ဦးဝင်းတင် က အမှာစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ အဆိုပါ စာအုပ်ကို ငါတို့စာပေက ထုတ်ဝေဖြန့်ချိတာဖြစ်ပြီး ဇူလိုင် လ ၁၆ ရက်နေ့မှာ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ တစ်ပြည်လုံး ဖြန့်ချိခဲ့ပါတယ်။

စုမွန်

Ads Space Available


Continue reading

ဒေသတွင်း နိုင်ငံများနှင့်ယှဥ်ပြိုင်နိုင်​အောင်ကြိုးစားနေသည့်ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်း

မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ရာ အသင်းဝင်ဂိတ်(၂၀)ကျော်နှင့် အသင်းဝင်ကား(၄၀၀)ကျော်သာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ဖြင့်လုပ်ကိုင်ခဲ့ပြီး (၁၆) နှစ်တာကာလအတွင်း၌ ကုမ္ပဏီ(ဂိတ်) ၉၄ ဂိတ်နှင့် အသင်းဝင်ယာဥ်စီးရေ(၂,၀၀၀)ကျော်ဖြင့်ဖွဲ့စည်းထားနိုင်လျှက်ရှိပြီးဒေသတွင်း နိုင်ငံများနှင့်လည်းယှဥ်ပြိုင်နိုင်​အောင် လုပ်​ဆောင်သွားပါမယ်”ဟုပြောကြားခဲ့သည်။ “ကုန်သေတ္တာတွေသယ်ယူပို့ဆောင်ရာမှာ manifest (ကုန်ပို့လွှာ)နဲ့ E-Lock နဲ့ လုပ်ဆောင်နိုင်ဖို့ကိုကြိုးစားခဲ့ပြီးလက်ရှိတွင် စတင် လုပိဆောင်နေပြီ"ဟု ဦးစိုးနိုင်ကပြောသည်။ ယခင်အလုပ်အမှုဆောင်သက်တမ်းကာလအတွင်း မော်တော်ယာဉ်များ၏ ပြင်ဆင်စရိတ်၊ အပိုပစ္စည်းများ၊...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃(တရုတ်၊ဂျပန်၊ကိုးရီးယား )ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မနီလာမြို့ မြန်မာသံရုံး မှ သံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အတူ (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့်...

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီ ၃၀ ရက်က မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရွေးချယ်တင်​မြှောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး​ဌေးမိုးကကြီးမှူး၍ မြို့နယ်(၁၀) မြို့နယ်မှတက်​ရောက်လာသောကိုယ်စားလှယ်များထဲမှ မြို့နယ် (၁) မြို့နယ်စီတွင် အလိုအ​လျောက် အမှု​ဆောင် (၁) ဦးစီခန့်ထားခြင်း၊​ ရွေးချယ်ခံ ဆန္ဒပြု​ရွေးချယ်ထားသူများထဲမှလစ်လပ်​နေ​သော အလုပ်အမှု​ဆောင် (၂၀) နေရာအတွက်ရွေးချယ်ခြင်း၊ ဗဟိုအလုပ်အမှု​ဆောင် (၂၀) နေရာအတွက် ရွေးချယ်ခြင်း၊ စီမံခန့်ခွဲမှုကော်မတီ (၁၀) ဦး​ရွေးချယ်ခြင်းတို့ကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့​နောက် ​မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဦးလှစိန်မှ ​ကျေးဇူးတင်​စကားနှင့် တာဝန်​ကျေပွန်စွာ ​ဆောင်ရွက်​ပေးမည်ဟုပြောကြားခဲ့‌ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071