Saturday, June 7, 2025

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...

ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက်...

အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့်...

စစ်ကိုင်းမြို့ရှိ ငလျင်ထိစာသင် ကျောင်းဆောင် (၂)ဆောင်မြန်မာနိုင်ငံ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဒီဇယ်) ကျောင်းခန်းမတွင် ဇွန်လ (၅)ရက်၊ မွန်းလွဲ (၁)နာရီခွဲက စာသင်ကျောင်းဆောင် (၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက...
HomeCelebrities' NewsCover Newsရှေးခေတ် ရုပ်ရှင်ကားတွေ ပြန်လည်...

ရှေးခေတ် ရုပ်ရှင်ကားတွေ ပြန်လည် ကြည့်ရှုရမယ့် နန်းမြိုင်ဟိုတယ် နှစ်တစ်ရာပြည့် ပွဲတော်

ကိုလိုနီခေတ် (၁၉၁၈) ခုနှစ်က တည်ဆောက်ခဲ့တဲ့ ပြင်ဦးလွင်မြို့၊ နန်းမြိုင်လမ်းပေါ်မှာရှိတဲ့ နန်းမြိုင် ဟိုတယ် အဆောက်အဦကတော့ ဒီနှစ်မှာ နှစ်တစ်ရာပြည့်ခဲ့ပြီ ဖြစ်ပါ တယ်။ လက်ရှိ နန်းမြိုင်ဟိုတယ်အဖြစ် ဖွင့်လှစ်ထားတဲ့ ဒီအဆောက်အဦမှာ ကိုလိုနီခေတ်မှဘုရင်ခံချူပ်က ဧည့် သည်တော်များ တည်းခိုရန် ဆောက် လုပ်ခဲ့ ခြင်းဖြစ်ပြီးယနေ့ထိတိုင်ခေတ် မှီလှပနေဆဲလည်း ဖြစ်ပါတယ်။ အစိုးရပိုင်အဆောက်အဦတစ်ခု ဖြစ် ပြီး ဟိုတယ်လုပ်ငန်းကို တင်ဒါစနစ် နဲ့ ငှားရမ်းလုပ်ကိုင် နေကြ ခြင်းလည်း ဖြစ်ပါတယ်။ နန်း မြိုင် ဟိုတယ်ရဲ့ နှစ် တစ်ရာပြည့် အထိမ်း အမှတ်ပွဲကို တေးဂီတဖျော် ဖြေပွဲများ၊ အငြိမ့်၊ မြေဝိုင်းဇာတ်၊ ပန်းချီပန်းပုပြိုင်ပွဲ များ၊ ဓာတ်ပုံ ပြိုင်ပွဲများ၊ ဈေးရောင်း ပွဲတော်များ၊ မောင်မယ်အလှပြိုင်ပွဲ၊ ရိုးရာအား ကစားပြိုင်ပွဲများနဲ့ သုတ၊ ရသ၊ ဗဟုသုတ ဖြစ်စေမယ့်ပွဲများ လည်းပါဝင်မှာဖြစ်ကြောင်း သိရပါ တယ်။

ဒီပွဲကျင်းပရခြင်းရဲ့ ရည်ရွယ် ချက်မှာ နန်းမြိုင်ဟိုတယ်ကို ခေတ် လူငယ်များနဲ့ နိုင်ငံခြားသား ဧည့် သည်များပိုမိုသိရှိလာကြရန်၊ ကျောင်းသားလူငယ်များ ဗဟုသုတ ရှာနိုင်ရန်နဲ့ မြန်မာ့ခရီး သွားလုပ်ငန်း ပိုမိုတိုးတက်လာစေ ရန် ရည်ရွယ်ခြင်း လည်း ဖြစ်ပါတယ်။

အဆိုပါ နန်းမြိုင်ဟိုတယ် နှစ် တစ်ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ မယ့် ကိစ္စနဲ့ပတ်သက်ပြီး နန်း မြိုင် ဟိုတယ်ရဲ့ Managing Director တစ်ဦးဖြစ်တဲ့ ဦးဌေးအောင်က…

”ကျွန်တော်တို့ ဒီနန်းမြိုင်ဟို တယ်နှစ်တစ်ရာပြည့်ပွဲကို အထူးသ ဖြင့် သောကြာ၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေမှာအပတ်စဉ် ဖျော်ဖြေ ရေးအစီအစဉ်တွေကို မရိုးရအောင် လုပ်ဆောင်သွားပါမယ်။ နှစ်တစ်ရာ ပြည့်ပွဲလည်း လုပ်တာဆို တော့ ရှေးခေတ်ရုပ်ရှင်ဇာတ်ကား တွေ လည်း ပြသပေးသွားဖို့ရှိပါတယ်။ ပိုပြီးတော့လည်း အဓိပ္ပာယ်ရှိသွား ပါတယ်” လို့ပြောပြခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲ တက် ရောက်လာတဲ့သရုပ်ဆောင် အကယ် ဒမီလူမင်းကလည်း ”နန်းမြိုင် ဟိုတယ် နှစ်တစ်ရာပြည့်ပြီဆိုတော့
နောက်ထပ်လည်း နှစ်ပေါင်းများစွာ တည့်တံ့ပါစေ။ အရင်တုန်းကလည်း ကျွန်တော်နန်းမြိုင်ဟိုတယ်မှာလာ တည်း ပြီးရုပ်ရှင်တွေလာရိုက်ဖူးပါ တယ်။ ခုခေတ်က ခရီးတွေသွားရင် မိသားစု လိုက်၊ သူငယ်ချင်းတွေ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြတယ်။ ခရီးသွားရင် ဓာတ်ပုံရိုက်တာကလည်း လူတွေအဓိကလုပ်တဲ့အရာ တစ်ခု ဖြစ်တယ်။ အဲ့ဒီတော့ ဒီနန်းမြိုင် ဟို တယ်က ဓာတ်ပုံ ရိုက်ဖို့ ပိုအဆင်ပြေ တဲ့ နေရာတစ်ခုလည်းဖြစ်တယ်။

နှစ်တစ်ရာပြည့် ပွဲကိုလည်း နှစ် တစ်ရာပြည့်အကြောင်းအရာတွေ ကိုက်ညီပြီးပြုလုပ်သွားမယ်ဆိုရင် ဒီနန်းမြိုင်ဟိုတယ်ကတော့ မြန်မာနိုင် ငံရဲ့ပေါ်ပြူလာ အဖြစ်ဆုံးအကြောင်း အရာတွေထဲ တစ်ခုဖြစ်လာပါလိမ့် မယ်” လို့ပြောပြခဲ့ပါတယ်။ဒီပွဲကို မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့အထိ နှစ်လတိုင်တိုင် ကျင်းပ ပြုလုပ်သွား မှာဖြစ်ပါတယ်။ နန်းမြိုင် ဟိုတယ်ဟာပြင်ဦးလွင်မြို့ရဲ့နာမည် ကြီး အဆောက်အဦများဖြစ်ကြတဲ့ ချယ်ရီ မြိုင်၊ သီရီမြိုင်၊ မဲဇာမြိုင်၊ ဂန္ဓမာမြိုင်၊ ဟေမာမြိုင်၊ နှင်းဆီမြိုင်၊ သစ္စာမြိုင် စတဲ့အဆောက်အဦများ ထဲမှာ တစ်ခုအပါအဝင်လည်းဖြစ်ပါ တယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071