
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ဟာ သူတို့ရဲ့ ပရိသတ်တွေနဲ့ အတူ Fan Meeting တွေလုပ်၊ ပရိသတ်တွေဆုံပွဲတွေလုပ်ပြီး ပရိသတ်တွေနဲ့ အမြဲနွေး နွေးထွေးထွေး ဆက်ဆံခဲ့တဲ့အနုပညာ ရှင်ဇနီးမောင်နှံနှစ်ယောက်ဆိုလည်းမမှားပါဘူး။ အခုလက်ရှိတွင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဟာသူတို့ရဲ့ ပရိသတ်တွေနဲ့အတူ ငွေသားတချို့ကို ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းသို့ သြဂုတ် လ ၃ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။ပရိသတ်တွေနဲ့ စုပေါင်းပြီး လှူဒါန်းဖြစ်ပုံကိုလည်း ဇဏ်ခီက
”ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ဒီWe Love ဇဏ်ခီ၊ We Love ခရစ္စတီးနားခီပြီးတော့ We Support Kyi Couple ဆိုတဲ့ အဖွဲ့တွေစုပြီး ဒီရေဘေးသင့် ပြည်သူတွေအတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ငွေသားတချို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့တယ်။ အလှူအတန်းတွေလုပ်ဖြစ်ခဲ့တာကလည်း ဒီလိုပါပဲစိတ်ထဲမှာလှူချင်တဲ့ စိတ်တွေပေါ်လာတဲ့အတွက်လှူဖြစ်တာပါ။ အခု မြန်မာ နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်လည်း ကိုယ်ချင်းစာပါတယ်။ အမြန်ဆုံး ဒုက္ခတွေက ကင်းဝေးကြပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။
