
ဇန်နဝါရီလ ၃၁ရက်နေ့ နောက် ဆုံးထားပြီး လျှောက်လွှာ ပြန်လည် တင်ရမယ့် အကယ်ဒမီ ရွှေကြို မောင်၊ မယ် လျှောက်လွှာထုတ်ယူခြင်း ဟာ ဇန်နဝါရီလ နောက်ဆုံးအပတ်သို့ အရောက်မှာ လျှောက်လွှာပေါင်း ၇ဝဝ ကျော်အထိ လာရောက်ထုတ် ယူမှုရှိခဲ့ပြီး လက်ရှိမှာ လျှောက်လွှာ ပုံစံအပြည့်အစုံအဖြစ် လာရောက်ပြန် တင် ပြီးခဲ့သူဦးရေဟာ ၂ဝဝ ကျော် လောက်အထိ လက်ခံရရှိခဲ့ပြီးပြီ ဖြစ် ကြောင်း သိရပါတယ်။
“ဇန်နဝါရီ လကုန်အထိမှာ ဆိုရင်တော့ ဘယ်လောက်အထိ ဖြစ် လာမလဲဆိုတာ ခန့်မှန်းမရနိုင်သေး ပေမယ့် အရေအတွက်တော့ များနိုင် ပါတယ်။ နိုင်ငံတကာမှာ သွားပြိုင်ဖူး တဲ့ Miss တွေ လာလျှောက်လို့ မရပေမယ့် လာလျှောက်သူတွေထဲမှာ ပြည်တွင်း Missတွေ ကိုတော့ လက်ခံ ပါတယ်။ ပြည်တွင်းဆုရတွေကတော့ လျှောက်လို့ရပါတယ်။ အကယ်ဒမီ ရွှေကြိုကို ဘယ်နေ့စရွေးမယ် ဆိုတာ ကိုတော့ ရက်အတိအကျ မဆုံးဖြတ်ရ သေးပေမယ့် ဖေဖော်ဝါရီလထဲမှာပဲ အပြီးသတ်ရွေးချယ်သွားမှာပါ။ မနှစ် ကတော့ ၂ နှစ်စာ အကယ်ဒမီ ဖြစ် တဲ့အတွက် အယောက် ၂ဝ ရွေးခဲ့ ပေမယ့် ဒီနှစ်မှာတော့ ရွှေကြိုမောင် မယ် စုစုပေါင်း ၁၆ ဦးကို ရွေးချယ် သွားမယ်။ အကယ်ဒမီ ရွှေကြို မောင် မယ် ဆိုတာက အကယ်ဒမီ ဆုပေးပွဲ အတွက် မရှိမဖြစ် လိုအပ်နေပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက ဆို ပါတယ်။
အခုနှစ်အကယ်ဒမီ ရွှေကြို ကိုတော့ နာမည်ကျော် သရုပ်ဆောင် တွေဖြစ်တဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ် ဒမီ ရဲအောင်၊ အကယ်ဒမီ မေသန်းနု၊ စာရေးဆရာ ဦးဝင်းငြိမ်း၊ စာရေး ဆရာ ဦးမြတ်ခိုင်၊ စာရေးဆရာ ကိုမျိုး (မြန်မာစာ)၊ ဓာတ်ပုံပညာရှင် ဦးမိုးမင်း(Rays)၊ တက္ကသိုလ် ယဉ်ယဉ်လဲ့၊ ဒေါ်ခင်သန်းနွယ်၊ ဒါ ရိုက်တာမောင်ဗေဒါ၊ ဒါရိုက်တာ အိ အိခိုင်တို့က ရွေးချယ်သွားမှာ ဖြစ် ပါတယ်။
ဖေဖော်ဝါရီလထဲမှာ အပြီး သတ် ရွေးချယ်သွားမယ့် ရွှေကြို မောင်မယ် ရွေးချယ်ပွဲအတွက် လျှောက်လွှာ ထုတ်ယူသူ ဦးရေ ၇ဝဝ ကျော် လာပြီး ယခင်နှစ်ထက် လျှောက် ထားသူဦးရေ ရာခိုင်နှုန်းမြင့်တက် နိုင်ပါတယ်။
၂ဝ၁၄ ခုနှစ်အကယ်ဒမီ ထူး ချွန်ဆုပေးအပ်ပွဲမှ စတင်ပြီး အကယ် ဒမီဗန်းကိုင်ဆိုသည့် အသုံး အနှုန်းကို အကယ်ဒမီရွှေကြို ဟု ပြောင်း လဲကာ အမျိုးသမီးများသာမက အမျိုးသား များကိုပါ ခေါ်ယူခဲ့ပြီး အဲဒီနှစ်က ရွှေကြို လာရောက် လျှောက်ထားသူ ဦးရေစုစုပေါင်း လေးရာေ ကျာ် ရှိခဲ့ တယ်လို့ သိရပါတယ်။ ၂ဝ၁၅ ခုနှစ် မှာ ပြုလုပ်ခဲ့တဲ့ ၂ နှစ်ပေါင်း အကယ် ဒမီဆုပေး ပွဲမှာတော့ ရွှေကြို အမျိုး သား ၁ဝ ဦး နဲ့ အမျိုးသမီး ၁ဝ ဦး အထိ (အသက် ၁၆ နှစ်မှ ၂၂ နှစ် အတွင်းက) ရွှေကြိုမောင်မယ် တွေကို ရွေးချယ်ထားခဲ့ပါတယ်။
ချယ်ရီ