ငှက်အတောင်ပံရဲ့ သွေးကြောများ
အရောင်ဆိုးခံရတဲ့ မိုးတိမ်
လှိုင်းကို ကမ်းခြေက ခိုစီး
အခန်းက အိပ်နေတာလား
ခုတင်က အိပ်နေတာလား
အားရပါးရ သေရအောင်တဲ့။
ပြတင်းပေါက်ဟာ ဖွင့်လိုက်ပိတ်လိုက်
လိပ်ပြာရဲ့ သွေးသားကို
ပန်းပွင့်က မကြိုက်တော့ဘူး
မြို့ ကြီးက မီးကို ဝါးမျို
ရေပေါ်မှာ အရုပ်ရေးမိခဲ့
ငါးကလေးတစ်ကောင်။
ရေငတ်သလိုလို နှုတ်ခမ်းတွေသွေ့ခြောက်
အိပ်ဆေးတွေ အိပ်မက်ကိုဖောက်ခွဲ
နောက်ဆုံးတော့
သစ်ပင်ကြီးက သစ်ခုတ်သမားကိုခုတ်လှဲ
အဖြစ်အပျက်များ
ရှုပ်ထွေးနေပုံ။ ။
မောင်သင်းမိုး
