Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeEntertainmentBusinessနေမင်းသားဟိုတယ်နဲ့ နဂါးမောက်ခြံ တို့ကို...

နေမင်းသားဟိုတယ်နဲ့ နဂါးမောက်ခြံ တို့ကို စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လုပ်ကိုင်နေတဲ့နေမျိုးအောင်

သဘာဝမင်းသားလို့ ပရိသတ်တွေ အသိအမှတ်ပြုလောက်တဲ့အထိ ဇာတ်ကောင် စရိုက်မျိုးစုံကို ပီပြင်လွန်းအောင် သရုပ်ဆောင်နိုင်သူကတော့ နေမျိုး အောင်ပဲဖြစ်ပါ တယ်။ အနုပညာလောကမှာ ရပ်တည်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အောင်မြင်မှုတွေကို ထိန်းသိမ်းထား နိုင်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ဒီနေ့ထိတိုင် ရရှိထားသူဆိုလည်း မမှားပါဘူး။ အနုပညာလောကမှာတင် အောင်မြင်မှု တွေကို ရရှိသိမ်းပိုက်ထားနိုင်ရုံမက ပဲ စီးပွားရေး လုပ်ငန်းဘက်မှာလည်း အောင်မြင်မှု တွေကိုရရှိထားသူဖြစ်ပါတယ်။ အနုပညာ လုပ်ငန်းတင်မကပဲ စီးပွားရေးလုပ်ငန်း တွေဖြစ်တဲ့နေမင်းသားဟိုတယ်နဲ့ နဂါးမောက်ခြံတို့ လုပ်ကိုင်ဖြစ်ပုံ ကို မေးမြန်းကြည့်တဲ့ အခါမှာ …

”နဂါးမောက်ခြံ လုပ်ကိုင်ဖြစ်တာက အစ်ကိုက အဲဒီတုန်းက ပုပ္ပားမှာ ဇာတ်ကား သွားရောက်ရိုက်ကူးတာ။ အနည်းဆုံးမရိုက်ဖူးဆို ဇာတ်ကား ၈ ကား ၉ ကားလောက် ရိုက်ကူးတယ်။ ပုပ္ပားဆိုတာအစ်ကိုရဲ့မင်းသားတစ်သက်မှာ အောင်မြေပေါ့နော်။ အစ်ကိုဇာတ်ကားတွေ ရိုက်ကူးလို့ပြီးတဲ့ တစ်နေ့ကျတော့ ပြန်ခါနီးအစ်ကိုရဲ့ အမျိုးသမီးက ခြံလေးတစ်ခြံလောက် လိုချင်တယ် ပြောတယ်။ မင်းလိုချင် ရင် လိုက်ရှာလိုက်ဆိုပြီး သူ့ကိုရှာခိုင်းလိုက်တာ။ အစ်ကိုတို့ ပြန်ဖို့ ကားပေါ်ကို ပစ္စည်းတွေ လည်း တင်ထားပြီးပြီ။ ကားကြီးကို ရပ်ပြီး သူ့အသိတွေနဲ့ လိုက်ရှာ တော့ အဲဒီခြံကို တွေ့မိတယ်။ ၃ ဧကလောက် ရှိတယ်။ အစ်ကို့အမျိုးသမီး ကလည်း စိုက်ပျိုးရေးဝါသနာ ပါတော့ သူက စိုက်ချင်တယ်ဆိုတော့ နဂါး မောက် စိုက်ဖြစ်သွား တာပါ။ နေမင်းသား ဟိုတယ်က အစ်ကိုရဲ့ အနုပညာ အလုပ်က ဖြူဖြူစင်စင်နဲ့ရရှိတဲ့ အနုပညာကြေးလေး တွေကို စုဆောင်း တယ်။ စုဆောင်းပြီးတော့ ဟိုတယ် လေးတွေ လုပ်ရအောင်ဆိုပြီး ဘန်ဂလိုလေးတွေ ဆောက်လုပ်ဖြစ် သွား တာပါ”လို့ နေမျိုးအောင်ကပြောပြခဲ့ပါတယ်။

ဇနီးဖြစ်သူဖြစ်ချင်တာကို အစ်ကိုက ပါရမီဖြည့်ပေးတယ်ဆိုတော့ အစ်ကို့အပေါ်ကိုရော ဇနီးဖြစ်သူက ဘယ်လိုမျိုးတွေ ပါရမီဖြည့်ပေးဖြစ် လဲဆိုတာ ကိုလည်းနေမျိုးအောင်က…

”အစ်ကို့ရဲ့လုပ်ငန်းကိုလည်း အစ်ကို့ အမျိုးသမီးက ပါရမီဖြည့်ပေးနေတာ ဒီနေ့ဒီအချိန်ထိပဲ။ အစ်ကို့ရဲ့ အမျိုး သမီးက စိုက်ပျိုးရေးကို တအားဝါသ နာပါတာ။ ပထမတော့ နဂါးမောက် စိုက်လိုက်တယ်။ ပြီးတော့ ပန်းတွေ စိုက်တယ်။ မာလကာတွေ စိုက်တယ်။ စတော်ဘယ်ရီတွေ စိုက်တယ်။ အ များကြီး စိုက်တယ်။ သူကတော့အများကြီး အပင်ပန်းခံနိုင်တယ်။ အစ်ကိုကတော့ မလုပ်နိုင် ဘူး။ အစ်ကို့ကို အမြဲတမ်းသူက ပါရမီဖြည့် ပေးနေတယ်ဆိုတော့ သူဖြစ်ချင်တာ ကို အစ်ကိုက ပြန်ပြီး ပါရမီဖြည့်ပေး တာပါ”လို့လည်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာ တော့အနုပညာအလုပ်ကိုပိုပြီးအချိန်ပေးဖြစ်နေတယ်လို့နေမျိုး အောင်က ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင် အသွား၊အပြန် စက်ဘီးပြိုင်ပွဲပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲအမျိုးအစားအနေဖြင့် (၃၆)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) ပြိုင်ပွဲဖြစ်ပြီး တိုက်ကြီးမြို့၊ ဆည်မြောင်းရုံး ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး မှန်ပြတောင်ပေါ်ကို အသွားအပြန်စီးကာ ဆည်မြောင်းရုံးရှေ့မှာပင် ပန်းဝင်ရမည်ဖြစ်သည်။ " စက်ဘီးစီးပြိုင်ပွဲဝင်ဖို့အတွက် အဲဒီမှန်ပြတောင်မှာ တစ်ပါတ်လောက်ကြိုပြီးသွားလေ့ကျင့်နေရတယ်။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အလေ့အကျင့်မရှိပဲ ဝင်ပြိုင်လို့မရဘူး။ လမ်းခရီးနည်းနည်းတော့ ကြမ်းတယ်။ တချို့နေရာဆိုရင် စက်ဘီးနင်းမရဘူးဆိုရင် ထမ်းပြီးသွားရတယ်" ဟု စက်ဘီးစီးပြိုင်ပွဲဝင်တစ်ဦးက...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေစဥ် နှစ်နိုင်ငံအစည်းအဝေးကျင်းပပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။ ထို့ပြင် အစည်းအဝေး၌ မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visiststump အား ယနေ့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူ ထိုင်းနိုင်ငံမှပါဝင်လေ့လာခဲ့မှုနှင့် မဲဆန္ဒရှင်များအနေဖြင့် မည်သည့်တိုက် တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက်လာရောက်ဆန္ဒမဲများပေးကြသည်ကိုတွေ့ရှိရမှု၊ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့်ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071