Monday, February 2, 2026

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား...

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ်...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...
HomeEntertainmentဒေသ ကောလိပ်ကို အလွမ်းပြေစေမယ့်...

ဒေသ ကောလိပ်ကို အလွမ်းပြေစေမယ့် ‘လိမ္မော်ရောင်ကောလိပ် ဂီတည’ ဖျော်ဖြေပွဲကြီး

ဘိုဘိုဟန်၊ ဗစ်တာခင်ညို၊ စိန် ဝင်းထွန်း၊ ကိုင်ဇာ၊ ဇော်ဝင်းထွဋ်၊ ဂျေ မောင်မောင်၊ ချစ်ကောင်း၊ မေဆွိ၊ ကော်နီ၊ သျှီ၊ ရတနာဦး၊ ချောစုခင် စသော နာမည်ကျော် အဆိုတော်များ စွာပါဝင်သီဆိုမည့် ‘လိမ္မော်ရောင် ကောလိပ်ဂီတည’ ဖျော်ဖြေပွဲကြီးကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၆နာရီခွဲအချိန်တွင် သုဝဏ္ဏအားက စားရုံ-၁ ၌ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို အမှတ် ၂ ဒေသကော လိပ်၊ ရန်ကုန်တက္ကသိုလ်(လှိုင်နယ် မြေ)၏ ဒုတိယအကြိမ်မြောက် အာ စရိယပူဇော်ပွဲနှင့် ဆရာကြီး၊ ဆရာမ ကြီးများ၏ ကျန်းမာရေးစောင့်ရှောက် မှုရန်ပုံငွေရှာဖွေရေးအတွက် ရည် ရွယ်ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲအတွက် စာနယ်ဇင်းမိတ် ဆက်ပွဲကို စက်တင်ဘာလ ၁၈ ရက် နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့သည်။

”အခု လိမ္မော်ရောင်ကောလိပ် ဂီတည ဖျော်ဖြေပွဲကြီးကတော့ ဒုတိယအကြိမ် ကျင်းပတာပါ။ ကျွန်တော်ကိုယ်တိုင် ကျောင်းသား ဟောင်းတစ်ယောက် ဖြစ်သလို အနုပညာသမားလည်း ဖြစ်နေတော့ ကိုယ်တတ်နိုင်တဲ့ အနုပညာ၊ ကိုယ့် သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဂီတအင် အားနဲ့ ပရိသတ်တွေအတွက် စေတနာ ပါတဲ့ အစီအစဉ်တစ်ခုဖြစ်အောင် ကြိုးစားပြီးတော့ ကျင်းပခဲ့တဲ့အတွက် မနှစ်က ပထမအကြိမ် ကျင်းပတုန်း ကလည်း အောင်မြင်ခဲ့တယ်။ အခု ဒုတိယအကြိမ်မြောက် လိမ္မော် ရောင်ကောလိပ်ဂီတည ပွဲမှာလည်း အဲဒီစေတနာတွေကို ပြည့်စုံစွာ ပါဝင် အောင် ဖြည့်စွက်ကြိုးစားရင်းနဲ့ မနှစ် ကထက်တောင် အဆိုတော်အင်အား ပိုများပါတယ်။ ပရိသတ်တွေလည်း များများ လာကြည့်လို့ ရအောင် သုဝဏ္ဏကွင်းမှာ ကျင်းပဖို့ စီစဉ် ထားပါတယ်။ အဆိုတော်တစ် ယောက်ကို သီချင်း၂ပုဒ်စီလောက် သီဆိုကြမယ်လို့ မှန်းထားပါတယ်” ဟု ပွဲကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အဆိုတော် ကိုင်ဇာက ပြောသည်။

‘လိမ္မော်ရောင်ကောလိပ် ဂီတည’ ဖျော်ဖြေပွဲအတွက် လက် မှတ်ဈေးနှုန်းများကို ကျပ် ၁ဝဝဝဝ၊ ၂ဝဝဝဝ၊ ၃ဝဝဝဝ၊ ၅ဝဝဝဝ သတ်မှတ်ထားပြီး မန်းသီရိတေး သံသွင်း၊ ပါရမီလမ်းရှိ ကောင်းသန့် လက်ဖက်ရည်ဆိုင်၊ လမ်းမတော် သံဈေးအနီးရှိ Health Pharmacy တို့တွင် စက်တင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

စုမွန်

Ads Space Available


Continue reading

၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်မှု (၅၀)ရာခိုင်နှုန်းပြီးစီး

ပဲခူးတိုင်း၊ တောင်ငူမြို့၌ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်လျက်ရှိရာ ရထားလမ်းသစ်ဖြတ်ကျော်နေ ရာတွင်တည်ရှိသော ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းအား တာဝါတိုင်(၉)တိုင်ဖြင့် လိုင်းအူကြောင်းပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် လုပ်ငန်းဆောင်ရွက်မှုမှာ (၅၀)ရာ ခိုင်နှုန်းပြီးစီးပြီဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ ဖေဖော်ဝါရီ ၁ ရက်က လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ရာတွင် လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)- တောင်ငူ ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် တာဝါတိုင်များစိုက်ထူနိုင်ရန် တိုင်ဆင်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချိန်အတွင်းအချိန်မီပြီးစီးရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့ပြင်...

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်မည်

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ လုပ်ငန်းခွင်အသုံး ချနည်းပညာရပ်များဖြန့်ဝေနိုင်ရန် RSE လက်မှတ်ရ အင်ဂျင်နီယာများအတွက် RSE Refresher Course သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ ငလျင်ကာလအလွန် တည်ဆောက်ရေးနှင့် ပြန်လည်ပြု ပြင်ရေးလုပ်ငန်းများတွင် PE/RSE များ၏ အခန်းကဏ္ဍမှာပိုမိုအရေးပါလာရာ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အင်ဂျင်နီယာများ ကျင့်ဝတ်လိုက်နာမှုအားနည်းချက်များအားပြင်ဆင်နိုင်စေရေးနှင့် RSE လက်မှတ်ရ အင်ဂျင်နီယာများအား လုပ်ငန်းခွင်အသုံးချနည်းပညာရပ်များဖြန့်ဝေနိုင်ရေးတို့အတွက် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအား လာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၁...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မင်းကင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာ၊ အနက် (၃၂) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071