Thursday, May 14, 2026

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...
HomeCelebrities' Newsစေတနာကောင်းရင် ကံကောင်းမှာပေါ့အောင်ရဲလင်း

စေတနာကောင်းရင် ကံကောင်းမှာပေါ့အောင်ရဲလင်း

သရုပ်ဆောင် အောင်ရဲလင်းကတော့ လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာကြည်ဖြူသျှင်က ရိုက်ကူးပုံဖော်ခဲ့ပြီး ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာ ကီဝင်း၊ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး သရုပ်ဆောင် အောင်ရဲလင်းက အခုလို ပြောပြခဲ့ပါတယ်။

“ဇာတိမြေ” ဂျပန်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပါဝင်ရတဲ့အတွက် တအားကိုဂုဏ်ယူမိပါတယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ဆရာမ ကြည်ဖြူသျှင်နဲ့အတူ ဒီဇာတ်ကားကို ရိုက်ကူးရတဲ့အတွက် အလွန်လည်း ကျေနပ်တယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်အတွက် အမှတ်တရလည်း ဖြစ်ပါတယ်။ ပြီးတော့ ဂျပန်လူမျိုးတွေရဲ့ ဓလေ့စရိုက်တွေကို သိရှိခဲ့ရတယ်။ နိုင်ငံခြားနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့တယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း တိုင်းက ကျွန်တော့်အတွက် အမှတ်တရဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အစကနေ အဆုံးအထိ သေချာအာရုံစိုက်ပြီး ကြိုးစားထားတဲ့ ဇာတ်ကားမို့ပါ”လို့ ပြောပြခဲ့ပါတယ်။ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားအတွက် စိတ်မကောင်းစရာ တစ်ခုကတော့ ရုံမတင်မီကတည်းက အွန်လိုင်းမှာ ဇာတ်ကားအစအဆုံး ပျံ့နှံ့ နေခြင်းပဲဖြစ်ပါတယ်။ ဒီလိုပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အောင်ရဲလင်းရဲ့ ခံစားချက်ကို ဆက်လက်မေးမြန်းခဲ့ရာ –

“အဲဒီလိုဖြစ်သွားတဲ့အတွက် ပရိုဂျူဆာနဲ့ ဆရာ ဒါရိုက်တာကြည်ဖြူသျှင် တို့အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ အနုပညာရှင် တွေထိ ခိုက်တာထက် ပရိုဂျူဆာပိုင်းဆိုင်ရာက ပိုပြီး ထိခိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တာတစ်ခုကတော့ ကျွန်တော်တို့ ဒီရုပ်ရှင်ဇာတ်ကားကို ရည်ရွယ်ချက်ကောင်းတွေနဲ့ ရိုက်ကူးခဲ့တယ်။ ဂျပန်မြန်မာ ချစ်ကြည်ရေးကို ဦးစားပေးပြီးကောင်းတဲ့ Message တွေ အများကြီးပေးပြီး ရိုက်ကူးထားတယ်။ အဲဒါကြောင့် စေတနာအကျိုးပေးမှာပါ။ စေတနာကောင်းရင် ကံကောင်းမှာ ပေါ့။ ဒီဇာတ်ကားက အားလုံးစေတနာထားပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကံကောင်းမှာပါ။ ဒီလိုမျိုးသာ နောက်ထပ်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင် လောကကို ထိခိုက်စရာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ့်ဇာတ်ကားကောင်းတွေကို ရိုက်ကူးပေးမယ့် ပရိုဂျူဆာမရှိ တော့မှာ စိုးလို့ပါ။ ပရိသတ် တွေအနေနဲ့ ဇာတိမြေရုပ်ရှင် ဇာတ်ကားကို ရုံမှာ လာရောက် ပြီး အားပေးစေချင်ပါတယ်။ ဖုန်းထဲမှာ ကြည့်ရတဲ့အရသာနဲ့ ရုပ်ရှင်ရုံထဲမှာ ကြည့်ရတဲ့ အရသာက မတူပါဘူး။ အများကြီး ကွာခြားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ လေ့လာနိုင်ရန် အသိပေး

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ ဥပဒေနှင့် ပတ်သက်သည့် အကြံပြုစာများကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ကြောင်းလည်း အသိပေးဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ချက်အပါအဝင် ရည်ရွယ်ချက်(၇)ချက်ကို လည်း ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ ထိုပြင် ဥပဒေတွင် အခန်း(၁၃)ခန်းပါဝင်ပြီး တားမြစ်ချက်များ၊ပြစ်ဒဏ်များ ၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်လက်ဖလှယ်ခြင်း ၊ တားဆီးကာကွယ်ခြင်းစသည့်အချက်များ လည်းပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့်...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်မြင့်တက်

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ...

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071