
”ရုပ်သံဇာတ်လမ်းတွဲတွေတော့ ကြည့်ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်း တွဲတွေက ပိုပြီးတော့ Update ဖြစ်တယ်။ ထုတ်လုပ်မှုတွေကိုစားသုံး တဲ့လူတွေက ငယ်တဲ့ Generation တွေဖြစ်သွားပြီ။ အဲဒီတော့ ငယ်တဲ့ Generation တွေက Digital Platform နဲ့ ပိုပြီးတော့ ရင်း နှီးကြတယ်။ အချိန်တွေပိုပေးကြ တယ်။ ရုပ်ရှင်ရုံကို သွားရောက်ကြည့် ရှုတဲ့ အခါဒီနေ့ ဒီနာရီကြည့်ရင် ဒီ ဇာတ်ကားကိုကြည့်ရမယ်ဆိုတဲ့ Appointent Contents တွေ ကို သိပ်မကြိုက်ကြတော့ဘူး။ အွန်လိုင်း Content ကတဖြည်းဖြည်းနဲ့တော့ တိုးတက်လာမယ်လို့ မြင်ပါတယ်” လို့ အွန်လိုင်းမှာပြသတဲ့ ရုပ်သံဇာတ် လမ်းတွဲတွေနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ဒေါ်ဆွေဇင်ထိုက်ကပြောပြ ပါတယ်။
လက်ရှိမှာတော့ ဗီဒီယိုလောက အခြေအနေက ယိမ်းယိုင်လျက် ရှိနေသလို ရုပ်ရှင်အနေနဲ့ကလည်း ပြသမယ့် ရုံအခက်အခဲတွေကြောင့် ရိုက်ကူးထားပြီး ရုံရက်ရဖို့စောင့်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက အများ ကြီးဖြစ်လို့နေပါတယ်။ ဒီလိုအခက်အ ခဲတွေကြောင့်လည်း သရုပ်ဆောင် တွေအနေနဲ့က ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမှုတွေဘက်ကို သွားနေကြ တာပဲဖြစ်ပါတယ်။
”ရုပ်ရှင် Industry Limited ဖြစ်နေတယ်လေ။ ပြီးတော့ ရုပ်ရှင်ရုံ တွေကလည်း Limitedဖြစ်နေတယ်။ တကယ်ဆိုရင်ရုပ်ရှင်တွေက တင်စ ရာအများကြီးရှိတယ်။ ရုံမရှိလို့ မတင် ရတာပါ။ မနှစ်ကလက်ကျန်ကားတွေ ကနေကျန်လာခဲ့တဲ့ ရုပ်ရှင်တွေ ကပဲ၂ဝဝလောက်ရှိတယ်။ ဒီနှစ်၆လ ပိုင်းအထိကို ဆင်ဆာကြည့်ပြီးတဲ့ ရုပ်ရှင်က ၈၆ကားရှိတယ်။ အဲဒီတော့ တစ်နှစ်မှာမှ ၅၂ ပတ်ပဲရှိတာဆိုတော့ ပြိုင်တင်ရင်တောင်မှ ၁ဝဝကျော်ပဲ တင်နိုင်တာလေ။ ကျန်တဲ့ဟာတွေ ဘာလုပ်ကြမလဲဆိုတာက စဉ်းစားရ မှာပေါ့လေ။ ရုံရှင်ကားရှင်ကျေနပ်ရင် ပြဆိုတဲ့စနစ်ကို ပြလိုက်တဲ့အခါကျ တော့ ဆင်ဆာ Series လိုပြရဖို့က မသေချာဘူး။ ရုံရှင် Pick လုပ်မှ ကားရှင်ကပြပိုင်ခွင့်ရှိတယ်။ ဏငခု မ လုပ်ဘဲ ထားတဲ့ဇာတ်ကား၂ဝဝကျော်က ဘယ်လိုနေမလဲမသိဘူး။ ကျွန်မတော့ ရင်လေးတယ်” လို့ ပြောပါတယ်။ဒေါ် ဆွေဇင်ထိုက်ကိုယ်တိုင် ပရိုဂျူဆာ လုပ်ပြီး ရိုက်ကူးထားတဲ့ နေရယ် လရယ်အမှန်တရားရယ် ရုပ်သံဇာတ် လမ်းတွဲကလည်း MRTV မှာ ထုတ်လွှင့် ပြသလျက်ရှိပါတယ်။
လင်းအက္ခရာ
