Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeArticlesကျောင်းပျော်ကြီး ကျွန်တော် (၁၄)

ကျောင်းပျော်ကြီး ကျွန်တော် (၁၄)

ဒုတိယနှစ်   ဂုဏ်ထူးတန်းမှာ  ၁၉၆၁-၆၂ ပညာသင်နှစ် အလယ်လောက်တွင် မြန်မာစာဌာန မှာ ထူးခြားသော ဖြစ်ရပ်တစ်ခုပေါ် ပေါက်လာပါသည်။ မြန်မာစာဌာနကို မြန်မာဘာသာဌာနနှင့် မြန်မာစာ ပေဌာနဟူ၍ နှစ်âမွှာခွဲလိုက်ခြင်းဖြစ် သည်။ မြန်မာဘာသာဌာနကို ဆရာ ကြီးဦးဝန်၊ မြန်မာစာပေဌာနကို ဆရာကြီး ဦးဧမောင်တို့က ပါမောက္ခ ဌာနမှူးများအဖြစ် ကြီးကြပ်တာဝန် ယူရသည်။ (ထိုကြောင်းကို ကျွန်တော် အကျယ်ရေးဖူးပါသည်။) ဤသို့ နှစ် မြွှာခွဲလိုက်သောအခါ ဂုဏ်ထူးတန်း တက်နေသော ကျွန်တော်တို့မှာ ၂ ဌာနစလုံးနှင့် သက်ဆိုင်နေသည်။ မြန်မာစာပေဌာနကို တာဝန်ယူရ သော ဆရာကြီးဧမောင်က ပထမနှစ် ဂုဏ်ထူးတန်း ကျောင်းသားများဖြစ် သည့် ကျွန်တော်တို့ ၄ ယောက်ကို ခေါ်တွေ့ပြီး ဆက်ကြိုးစားဖို့ ဆုံးမ လမ်းညွှန်သည်။

ဒုတိယနှစ် ဂုဏ်ထူး တန်းရောက်လျှင် စာပေမေးခွန်း ၄ လွှာနှင့် ဘာသာမေးခွန်း ၂ လွှာ ယူမှာ လား၊ ဘာသာမေးခွန်း ၄ လွှာနှင့် စာပေမေးခွန်း ၂ လွှာယူမှာလား ကြိုတင်စဉ်းစားထားရန် အသိပေး သည်။ ဘာသာနှင့် စာပေ၊ ဘယ်ဘက် ကို အလေးပေးမှာလဲဟု ရွေးချယ်ခိုင်း ခြင်းဖြစ်သည်။ ကြိုတင်မျှော်လင့် မထားသော မေးခွန်းဖြစ်၍ ကျွန်တော် တို့ မဆုံးဖြတ်တတ်သေးပါ။ တော် တော်တော့ စိတ်ရှုပ်ထွေးသွားကြပါ သည်။ စာမေးပွဲဖြေတော့ ဝိဇ္ဇာ(က)တန်း ဘာသာတွဲမေးခွန်းအပြင် ဂုဏ် ထူးတန်းအတွက် သီးသန့်တက်ရသော ဘာသာဗေဒ အခြေခံ နေမိဘုံခန်းပျို့ နှင့် ရာမရကန်တို့ပေါင်း၍ မေးခွန်း လွှာတစ်ခု ဖြေရသည်။

၁၉၆၁-၆၂ ပညာသင်နှစ်က မတ်လမှာ ကုန်ဆုံးသည်။ စာမေးပွဲ မဖြေမီရက်ပိုင်းတွင် နိုင်ငံမှာ အပြောင်း အလဲကြီးဖြစ်သည်။ တပ်မတော်က နိုင်ငံ့အာဏာကို ထိန်းသိမ်းလိုက် သည်။ တော်လှန်ရေး ကောင်စီဖွဲ့ သည်။ တော်လှန်ရေး အစိုးရဖွဲ့သည်။ ပညာရေးဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ် သန်းဖေ(ရေ)က ဆောင်ရွက်သည်။ မကြာမီလပိုင်းတွင် ဗိုလ်မှူးချုပ်သန်း ဖေ ရုတ်တရက်ကွယ်လွန်၍ ဗိုလ်မှူး ကြီး လှဟန် ပညာရေးဝန်ကြီးဖြစ်လာ သည်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခ ချုပ် ဒေါက်တာသာလှ နုတ်ထွက် သည်။ မြန်မာဘာသာဌာနနှင့် မြန်မာစာပေဌာနကို မြန်မာစာဌာန အဖြစ် ပြန်လည်ပေါင်းစည်းသည်။ ဆရာကြီးဦးဧမောင်က အငြိမ်းစား ယူသည်။ ဆရာကြီးဦးဝန်က မူလဌာန ဖြစ်သော တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနသို့ ပြန်လည် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။

၁၉၆၂-၆၃ ပညာသင်နှစ်မှာ မြန်မာ စာဌာန ပါမောက္ခအဖြစ် ဆရာကြီး ဦးမောင်မောင်ကြီး စတင် တာဝန်ယူရ သည်။ ကျွန်တော်တို့လည်း ဒုတိယနှစ် ဂုဏ်ထူးတန်းရောက်ပါပြီ။  ဒုတိယနှစ် ဂုဏ်ထူးတန်းမှာ မေးခွန်းလွှာ ၆ ခုအတွက် ဘာသာ ၆ ခုယူရသည်။ အင်္ဂလိပ်စာ မယူရတော့ ပါ။ ဆရာပါမောက္ခနှင့် ကထိက ဆရာကြီး၊ ဆရာမကြီးများက ဘာသာ ရပ်များကို တာဝန်ခွဲ၍ ပို့ချသည်။ ပါမောက္ခဆရာကြီး ဦးမောင်မောင် ကြီးက နေမိဘုံခန်းပျို့ကို ဆက်သင် သည့်အပြင် လွှတ်တော်မှတ်တမ်းနှင့် ဘာသာသိပ္ပံတို့ကို သင်ကြားပို့ချ သည်။ ဘာသာသိပ္ပံအတွက် ဆရာကြီး ဦးဖေမောင်တင်၏ ဘာသာလောက ကျမ်းကို ပြဋ္ဌာန်းထားသည်။ ကမ္ဘာ ပေါ်ရှိ ဘာသာစကား မိသားစုများ အကြောင်း ဖြန့်ကြက်သင်ကြားပေး သည့်အတွက် အသိအမြင်တိုးပွား ပါသည်။ ဆရာကြီး ဦးကျော်ရင်က ပါပဟိန် ပြဇာတ်၊ ဦးပုညမေတ္တာစာနှင့် ရာမရကန်တို့ကို ပို့ချပေးသည်။ ဆရာ ကြီးသည် ပြဇာတ်သင်ရာတွင် ပြဇာတ်သဘောတရား၊ ပြဇာတ်အင်္ဂါ ရပ်များနှင့် ချိန်ထိုးကာ ကမ္ဘာ့ပြဇာတ် များနှင့် နှိုင်းယှဉ်သင်ကြားသည့် အတွက် တစ်မူထူးခြားပါသည်။

ကမ္ဘာ့ပြဇာတ်စာပေဆိုင်ရာ အသိ အမြင်များ တိုးပွားရပါသည်။ (ဆရာ ကြီး ဦးကျော်ရင် ဆိုဗီယက်ဆိုရှယ် လစ် ပြည်ထောင်စုသို့ မြန်မာစာ ဧည့် ပါမောက္ခအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရသောအခါ ပါမောက္ခ ဆရာကြီးနှင့် ဆရာကြီးဦးလှရွှေ၊ ဆရာမကြီး ဒေါ်မြင့်သန်းတို့က ဆရာ ကြီးသင်ခဲ့သော စာများကို ဆက် လက်သင်ကြားပေးပါသည်။) ဆရာမကြီး ဒေါ်သန်းဆွေက ရှေးမွန်ကျောက်စာ၊ ပုဂံခေတ် မြန်မာ ကျောက်စာ၊ လောကထိပ်ပန် မင်စာ တို့ကို သင်ကြားပေးသည်။ ရှေးခေတ် က ရေးထိုးခဲ့သော ခေတ်ပြိုင် မွန် ကျောက်စာ၊ မြန်မာကျောက်စာနှင့် မင်စာတို့ကို တစ်လုံးချင်း အသေးစိတ် သင်ကြားပေးသည့်အတွက် များစွာ အကျိုးရှိလှပါသည်။ ပုဂံ ကျန်စစ်သား မင်းလက်ထက်ရေးထိုးသော ရွှေစည်း ခုံ မွန်ကျောက်စာနှင့် ရာဇကုမာရ် (မြစေတီ) မွန်ကျောက်စာတို့ကို ဖတ် ရှုလေ့လာတတ်အောင်၊ မွန် ဘာသာ ဗျည်းသရတို့ကစ၍ ဝေါဟာရတစ်လုံး ချင်း၊ ဝါကျတစ်ခုချင်း အသေးစိတ် သင်ကြားပေးခြင်း ဖြစ်သည်။ ပါမောက္ခ ဦးဧမောင် စီစဉ်ပြုစုသော ပုဂံကျောက်စာ လက်ရွေးစင်မှ ကောင်းနိုးရာရာ ကျောက်စာများကို လည်း သင်ကြားပေးသည်။

သမိုင်း ပညာရှင် ဗိုလ်မှူး ဘရှင်ပြုစုသော လောကထိပ်ပန်မင်စာကို ၁၉၆၂ ခုနှစ်တွင် စတင်ထုတ်ဝေခြင်းဖြစ်ရာ ကျွန်တော်တို့ ဦးဦးဖျားဖျား သင်ရခြင်း ဖြစ်သည်ကို မှတ်မိနေပါသည်။ မင်ကူး ကျောက်စာများကို သေချာစွာကြည့် ပြီး ယခုခေတ် အက္ခရာပုံဖြင့် ပြန် လည်ရေးကူးသည်။ လေ့ကျင့်ခန်းများ ကိုလည်း အပတ်စဉ်ပြုလုပ်ရပါသည်။  ဆရာမကြီး ဒေါ်ခင်စောက ပါရမီတော်ခန်းပျို့၊ နတ်သျှင်နောင် ရတုပေါင်းချုပ်နှင့် ကဗျာဖွဲ့နည်း တို့ကို သင်ကြားပို့ချပေးသည်။ ပျို့၊ ရတုတို့ကို ပို့ချရာတွင် စကားလုံး တစ်လုံးမကျန် အသေးစိတ်ရှင်းလင်း ပို့ချပေးပုံမှာ အလွန်မှတ်သားအား ကျစရာကောင်းပါသည်။ စကားလုံး တိုင်း အခက်အခဲမရှိဘဲ ရှင်းရှင်းလင်း လင်း နားလည်အောင် ပို့ချနိုင်စွမ်း သော ဆရာမကြီး၏ ပို့ချပုံကို တပည့် များ ပြောစမှတ်ပြုကြရပါသည်။ ကဗျာဖွဲနည်း ပို့ချရာတွင် သံပေါက် သံချပ်ကစ၍ ရတု၊ ဒွေးချိုး၊ လေးချိုး၊ တြိချိုး၊ တေးထပ်၊ လွမ်းချင်း စသည့် ကဗျာများကို မည်သို့ဖွဲ့ရကြောင်း၊ စနစ်တကျ ပို့ချပေးပြီး အပတ်စဉ် အိမ်စာလေ့ကျင့်ခန်းများ ပေးပါ သည်။ သင်ပြီးသော ကဗျာအမျိုး အစားတိုင်း ကဗျာရေးဖွဲ့ပြီး ဆရာမ ကြီးကိုပြရသည်။ ဆရာမကြီးက စိစစ်ပြင်ဆင်ပေးပြီး မှတ်ချက်လည်း ပေးပါသည်။ ကဗျာ လေ့ကျင့်ခန်း များ အပတ်စဉ် ပြုလုပ်ရသည်မှာ ပျော်စရာ၊ စိတ်ဝင်စားစရာ ကောင်း ပါသည်။ ငယ်စဉ်ကတည်းက ကဗျာ ကလေးများစမ်း၍ ရေးဖွဲ့လေ့ရှိသော ဝါသနာမှာ ဆရာမကြီး၏ မြေတောင် မြှောက်ပေးမှုကြောင့် အခြေခံ ခိုင်မာ လာရပါသည်။ ဂုဏ်ထူးတန်း စာမေး ပွဲ ကဗျာဖွဲ့နည်းမေးခွန်းက အဆင့် အတန်းမြင့်သည်။ အင်္ဂလိပ် ကဗျာ တစ်ပုဒ်ပေးထားပြီး နှစ်သက်ရာ မြန်မာကဗျာဖြင့် မြန်မာဘာသာပြန်ဆို ရသည့် မေးခွန်းဖြစ်သည်။

ဂုဏ်ထူး တန်းတွင် ဆရာမကြီး သင်ကြားပို့ချ ပေးသော ကဗျာကိုယ်ခံကြောင့် ဆရာအဖြစ် ကဗျာဖွဲ့နည်း သင်ကြား ပို့ချပေးရသောအခါ ကျောင်းသား များ စိတ်ဝင်စားအောင်၊ အလွယ်ဆုံး အရှင်းဆုံးဖြစ်အောင် သင်ကြားပို့ချ ပေးနိုင်ခဲ့ပါသည်။ ကဗျာအမျိုးအစား တစ်ခုကို သင်သည့်အခါ ဖွဲ့နည်းစည်း ကမ်းဖြင့်မစဘဲ ဖွဲ့နည်းသင်ရမည့် ကဗျာတစ်ပုဒ်ဖြင့်စပြီးမှ ထိုကဗျာကို ကြည့်၍ ဖွဲ့နည်းစည်းကမ်းထုတ်ပြ သည်။ ထို့ နောက် ထိုစည်းကမ်းအတိုင်း အတန်းသားများ ကဗျာတစ်ပုဒ်ဖြစ် လာအောင် ဝိုင်း၍ဖွဲ့ကြသည့်နည်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများ ကဗျာဖွဲ့နည်းကို ပို၍စိတ်ဝင်စား လာပြီး သဘောလည်းပေါက်လွယ် ကြောင်း သိလာရပါသည်။  ဆရာပါမောက္ခကဂုဏ်ထူးတန်း မှာ လွှတ်တော်မှတ်တမ်းစကားပြေ လေ့လာသည့် စာတမ်းတစ်စောင် ရေးရန် တာဝန်ပေးသဖြင့် စာတမ်း ရေးကြရပါသည်။ ကိုးကားစရာ စာ အုပ်များကို လက်လှမ်းမီသမျှ ရှာဖွေ ကိုးကားကြရပါသည်။  စာမေးပွဲဖြေပြီးတော့ နှုတ်မေး စာမေးပွဲ (Viva Voce) စစ်မေး သည်။ ပြင်ပစာစစ်ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ပေးသူမှာ ဆရာကြီး ဦးဖေမောင်တင်ဖြစ်သည်။ အသက် ၇ဝ ကျော်တွင် ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ပါမောက္ခပညာရှင် အဖြစ် ပြန်လည်တာဝန်ထမ်းဆောင် သည့် ဆရာကြီးကို ပြင်ပ စာစစ်ပုဂ္ဂိုလ် အဖြစ် ဆုံစည်းရသည့်အတွက် များစွာဂုဏ်ယူဝမ်းသာ ရပါသည်။ ဆရာကြီးနှင့်အတူ ဆရာ ပါမောက္ခ နှင့် ဆရာကြီး၊ ဆရာမကြီးများ စစ် မေးသည့် မေးခွန်းများကို အားရသည် လည်းရှိသည်။ အားမရသည်လည်း ရှိသည်။ တာဝန်တော့ ကျေသွားပါပြီ။ ဒုတိယနှစ် ဂုဏ်ထူးတန်းတက်သော ကျွန်တော်တို့ သူငယ်ချင်း ၄ ယောက် နှင့်အတူ ထိုနှစ်များမှာ မဟာဝိဇ္ဇာ အရည်အချင်းစစ်တန်းတက်သော သူငယ်ချင်း ၆ ယောက်၊ စုစုပေါင်း ၁ဝ ယောက် ဖြေကြပါသည်။ ဖြေပြီး တော့ တာဝန်ကျေသွားပါပြီ။  အောင်စာရင်းထွက်တော့ ကျွန်တော်က ပထမတန်း (First Class) ဖြင့် အောင်မြင်ပါသည်။ ကျွန်တော့်အတွက် အမှတ်တရ မှတ် တိုင်တစ်တိုင်ပါ။

 မောင်ခင်မင်(ဓနုဖြူ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071