Saturday, May 17, 2025

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA...

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊...

လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ...

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရ အင်ဂျင်နီယာ၏ ထောက်ခံချက်ဖြင့် လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မ တီက သိရသည်။ မန္တလေးမြို့တော်စည်ပင်...
HomeInternationalဩစတေးလျ၏ ၅ ဒေါ်လာတန်...

ဩစတေးလျ၏ ၅ ဒေါ်လာတန် ငွေစက္ကူအသစ်တွင် ချားစ်ဘုရင်၏ ရုပ်ပုံကို ထည့်သွင်းမည်မဟုတ်ဟု ဗဟိုဘဏ်က ကြေညာလာ

ဩစတြေးလျသည် အသစ်ထုတ်လုပ်မည့် ၎င်း၏ ငါးဒေါ်လာတန် ငွေစက္ကူတွင် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ ရုပ်ပုံကို ပထမဆုံးသော ဩစတြေးလျ ဌာနေတိုင်းရင်းသားများကို ဂုဏ်ပြုမည့် ဒီဇိုင်းအသစ်ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း နိုင်ငံ၏ ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်အစိုးရနှင့် ဆွေးနွေးတိုင်ပင်ကာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ငွေစက္ကူ၏ အခြားတစ်ဖက်တွင်မူ ဩစတြေးလျပါလီမန်ပုံကို ဆက်လက်ထည့်သွင်းမည်ဟု ပြောထားသည်။

၂၀၂၂ ခုနှစ်၌ အဲလိဇဘက် ဘုရင်မကြီး ကွယ်လွန်သွားပြီးနောက် အစောပိုင်းကတည်းက ဩစတြေးလျသည် ငါးဒေါ်လာတန် ငွေစက္ကူရှိ ဘုရင်မ၏ ရုပ်ပုံကို ချားလ်စ်ဘုရင်၏ ရုပ်ပုံဖြင့် အလိုအလျောက် အစားထိုးမည်မဟုတ်ဟု ပြောကြားခဲ့ဖူးသည်။

ဩစတြေးလျနိုင်ငံသည် ဗြိတိသျှဓနသဟာယနိုင်ငံများအဖွဲ့တွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ် ခေါ် ဒီမိုကရက်တစ်ဘုရင်စနစ် ဖြင့် အုပ်ချုပ်သဖြင့် အစဉ်အလာအရ အဲလိဇဘက်ဘုရင်မ ကွယ်လွန်ပြီးနောက် တတိယမြောက် ချားလ်စ်ဘုရင်သည် ၎င်းနိုင်ငံ၏ အကြီးအကဲ မင်းတစ်ပါး ဖြစ်လာသည်။

ထို့ကြောင့် ငါးဒေါ်လာတန် ငွေစက္ကူတွင် ချားလ်စ်ဘုရင်၏ ရုပ်ပုံအား အစားထိုးရမည်ဟု ယူဆရသော်လည်း အာဏာပိုင်များ၏ ပြောဆိုချက်အရ အဲလိဇဘက် ဘုရင်မ၏ ပုံကို ထည့်သွင်းရခြင်းမှာ ဧကရာဇ်ဆိုသည့် ဂုဏ်ပုဒ်ကြောင့်မဟုတ်ဘဲ သူ၏ ပင်ကိုယ် အရည်အသွေးကြောင့် ဖြစ်သည်ဟုဆိုသည်။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုယ်ဝန်ရခဲ့သယောင် လိ-မ်လ-ည်ငွေညှစ်မှုအတွက် ဆွန်ဟောင်မင်အမှုဖွင့်

အမျိုးသမီးတစ်ဦးက သူနှင့် ကိုယ်ဝန်ရခဲ့သယောင်ဇာတ်ခင်း၍ ခြိမ်းခြောက်ခဲ့သည်ဆိုသော မီဒီယာသတင်းများထွက်လာပြီးနောက် သူ့အပေါ်ယင်းသို့ လုပ်ကြံဇာတ်ဆင်ရန် ကြိုးပမ်းခဲ့မှုအတွက် တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကစားသမား၏ အေဂျင့်က ပြောကြားလိုက်သည်။ “ရဲတပ်ဖွဲ့က လောလောဆယ်မှာ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါကြောင့် ရလဒ်တွေ ထွက်ပေါ်လာတာနဲ့ အမြန်ဆုံး အသိပေးသွားမှာပါ” ဟု သူ၏ အေဂျင်စီ Son & Football Limited ကသတင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ “ဒီဖြစ်ရပ်မှာ ဆွန်ဟောင်မင်က သားကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်” ဟု သတင်း၌ ရေးသားဖေါ်ပြထားသည်။ ရဲတပ်ဖွဲ့က...

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ခွင့်ပြုပေးခဲ့

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို မေ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေး၌ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်၍ ဆောင်ရွက်ဆဲလက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၃)ခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၆)ခုတို့ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများပြင်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိအခြေခံပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်း(၉၇၁)ဦးဖန်...

မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့

မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်(၃၀၀)ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား AA အဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်"စက်လှေပေါ်မှ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁) နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ်(၃၁)အိတ်ဖြင့်ထည့်ထားသောI CE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဧပြီ ၂၇ ရက်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် (၁၈၀)ခန့်အကွာပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း (၅၄)နှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071