၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် ဆန်ရည်ညွှန်းဈေးထုတ်ပြန်ရာတွင် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းဈေးအတို င်း မပြောင်းလဲပဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ပြည်တွင်းစား ဆန်တချို့နှင့် ဆန်သစ်ဈေးနှုန်းများသည် ဇွန်လထက် ဈေးအနည်းငယ် မြင့်တက်ခဲ့ပြီး ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများသည် ဈေးအနည်းငယ်ကျဆင်းခဲ့သည်။
လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းစျေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီရောင်းချရန် နှင့် စျေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ (၅) အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေ နှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များ နှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးတိုက်တွန်းထားသည်။
