ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီဖြစ်သော်လည်း ရွှေဆုပန်ရပ် ကယ်ဆယ်ရေး စခန်းအချို့တွင် ဆက်လက်ခိုလှုံနေသူများ ကျန်ရှိနေသေးသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” အခုကျန်နေတာက ရွေဆုပန်နဲ့ မြစ်ငြိမ်းအေးမှာ နေတဲ့သူတွေကျန်နေတာ။ သူက မြစ်ကမ်းအစပ်ပဲလေ။ မြို့မှာက အခုသွားရေးလာရေး အားလုံးအဆင်ပြေသွားပါပြီ၊ ရွှေဆုပန် တစ်ခုကျန်သေးတယ်။ ကျတော့ကျနေပြီ ရေတင်ကျန်တာလေးတွေတော့ရှိတာပေါ့”ဟု ၎င်းက မြစ်ကြီးနားမြို့လက်ရှိ အခြေအနေအပေါ် ရှင်းပြသည်။
မြစ်ကြီးနားမြို့ မြစ်ရေကြီးမှု ဖြစ်စဉ်အတွင်း ယာယီကယ် ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသော စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဗလီနှင့် ခရစ်ယန်ကျောင်းတို့၌ ကိုးကွယ်သူဘာသာအလိုက် နီးစပ်ရာခိုလှုံခဲ့ကြရကြောင်း ဆိုသည်။
လက်ရှိတွင် မြစ်ရေ ကျဆင်းသွားသည့် ရပ်ကွက်နေသူများ ပြန်ကြပြီဖြစ်သလို ရွှေဆုပန်ရပ်နှင့် မြစ်ငြိမ်းအေးရပ်ရှိ ဒေသခံများ ရေတင်ကျန်နေသေးခြင်းကြောင်း ဆက်လက်ခိုလှုံနေထိုင်နေရကြောင်း သိရသည်။
“ကွပ်ကဲရေးရုံးလည်း သိမ်းသွားပါပြီ၊ အချို့ကလည်း နှုန်းတွေတင်ကျန်ခဲ့လို့ အိမ်ရှင်းသွားသူတွေလည်း သွားကြတာပေါ့”ဟု လူမှုကူညီရေး အသင်းတာဝန်ခံတစ်ဦးကပြောသည်။
ယခု မြစ်ကြီးနားမြို့ရေကြီးမှုဖြစ်စဉ်အတွင်း ရွှေဆုပန်ရပ် နေထိုင်သူသက်ကြီးပိုင်းတစ်ဦး ရေနစ်ေ-သဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“မနေ့ကတော့ ရွေဆုပန်ထဲမှာနေတဲ့ သူတစ်ဦးတော့ ရေနစ်ေ-သတာရှိပါတယ်။ အသေအပျေ-ာက်က ဒါပါပဲ။ သူကလည်း နာမကျန်းဖြစ်နေတဲ့သူပါ”ဟု ဆိုသည်။
လက်ရှိတွင် ကချင်ပြည်နယ် အထက်ပိုင်းရှိ မလိခမြစ်ရေမှာလည်း ယမန်နေ့မှစတင်၍ ကျဆင်းနေပြီဖြစ်သဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက်ကျဆင်းလာနေခြင်းဖြစ်သည်။