ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေး ပျုငှာစွာဖြင့် ဝန်ထမ်းကောင်းစိတ်ဓါတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန်လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကစစ်ကိုင်းမြို့၊ ဧရာဝတီတံတား (ရတနာပုံ)နှင့် ကံတလူဂိတ်မှ တာဝန်ရှိသူများကို ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ (၅) ရက်၊ နံ နက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူး ပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံစဥ်ပြောကြားခြင်းဖြစ်သည်။
“ခရီးသွားပြည်သူတွေ လုံခြုံအေးချမ်းစွာခရီး သွားလာနိုင်ဖို့နဲ့ ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ဆော င်ရွက်နေတဲ့ လုပ်ငန်းအပေါ် တာဝန်ကျေပွန်လိုစိတ်နဲ့ ဌာနများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်တွေမှာ ခရီးသည်တင်မော်တော်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေကို တရားမဝင်ငွေကြေးကောက်ခံမှု မရှိစေဖို့၊ တရားမဝင်ကုန်ပစ္စည်းတွေ တင် ဆောင်မှုမရှိစေဖို့နဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဂတိတရားကင်းရှင်းစွာနဲ့ ဆောင်ရွက်သွားကြ ဖို့လိုအပ်ပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့ရတဲ့ လုပ်ငန်းအပေါ် နွေးထွေး ပျုငှာစွာနဲ့ ဝန်ထမ်းကောင်းစိတ်ဓါတ်နဲ့ ပြောဆိုဆက်ဆံသွားကြဖို့ လိုအ ပ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ် တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန် ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများက လုပ်ငန်းများဆော င်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်ဆွေး နွေးတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့် ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် စစ်ကိုင်းမြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တရားမဝင်ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တ ရားမဝင် ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့အား တာဝန် ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
