Tuesday, April 7, 2026

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာန (၁၀) ခု...

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေးတွင်ဝန်ကြီးဌာန (၁၀) ခုအတွက် တိုင်းဒေသကြီးဝန်ကြီးများခန့်အပ်ခဲ့သည်။ ဧပြီ ၆ ရက်နေ့ကပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးကအဆိုပြုတင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး...

ဧရာဝတီတိုင်း ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့်...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ တင်ပြခန့်အပ်ခဲ့ကြောင်းသိရသည်။ ဝန်ကြီးချုပ်အဖြစ်...

ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ...

ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။ ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊...

တပ်မတော်က သဖန်းဆိပ်ရေလှောင်တမံနှင့် အင်တိုင်းကျေးရွာတို့အား ပြည်လည်ထိန်းချုပ်သိမ်းပိုက်  အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးသွားသည့်...

အကြမ်းဖက်အဖွဲ့ဝင်များ နေထိုင်လျက်ရှိသည့် မကွေး တိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ဝန်းကျင်ကျေးရွာများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရန် ဆောင်ရွက်ခဲ့ကြသဖြင့် သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈...
HomeNewsLocal Newsဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီး...

ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီး (၉) ဦးခန့်အပ်ရာ လက်ရှိဝန်ကြီး (၃) ဦး ပြန်ပါလာ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီလ (၇) ရက်၊ နံနက် (၁ဝ) နာရီတွင် ကျင်းပခဲ့ပြီး ဝန်ကြီး (၉) ဦး ခန့်အပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက ခန့်အပ်ရန် ဝန်ကြီးဌာနဝန်ကြီးများအား အဆိုပြုတင်ပြချက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမင်းဦး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန် ကြီး ဌာနဝန်ကြီးအဖြစ် ဦးအောင်စန်းချစ်၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးခင်မောင်ကြည်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပုသိမ်မြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းဇော်ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဖျာပုံမြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးတင့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လပွတ္တာမြို့နယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းဦး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမောင်မောင်ဦး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမန်းသိန်းကျော် (ကရင်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်)၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုးညွန့် (ရခိုင်လူမျိုးစုကိုယ်စားလှယ်)တို့အား လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်ဆုံးဖြတ်ချက်ခံယူကာ အတည်ပြုခန့်အပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာန (၁၀) ခု အတွက် တိုင်းဒေသကြီးဝန်ကြီးများခန့်အပ်

ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေးတွင်ဝန်ကြီးဌာန (၁၀) ခုအတွက် တိုင်းဒေသကြီးဝန်ကြီးများခန့်အပ်ခဲ့သည်။ ဧပြီ ၆ ရက်နေ့ကပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးကအဆိုပြုတင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အဆိုပြုတင်သွင်းခံသည့် ဝန်ကြီး ၁၀ ဦးနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တရားလွှတ်တော်တရားသူကြီးများကို အဆိုပြုတင်သွင်းခဲ့သည်။ ၎င်းတို့မှာ ရန်ကုန်တိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ဒေါ်စန္ဒာသွယ်၊ ဝန်ကြီးများအဖြစ်ဗိုလ်မှူးကြီး ဝင်းတင့်၊ ဒေါက်တာမေသန်းနွယ်၊ ဦးဗိုလ်ဌေး၊ ဦးနေလင်းထွန်း၊ ဒေါက်တာမျိုးသော်၊ ဒေါက်တာထူးမောင်၊ ဦးစိုးဦး၊ ဦးမျိုးမြင့်အောင်၊ စောဂျက်ကော့ထူး၊ ဦးနေမင်းထွန်းတို့ ဖြစ်သည်။ အလားတူ...

ဧရာဝတီတိုင်း ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများခန့်အပ်

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ တင်ပြခန့်အပ်ခဲ့ကြောင်းသိရသည်။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူ၏ အဆိုပြုချက်နှင့်သမ္မတအဖြစ် ခန့်အပ်ခံရသူ၏ အဆိုပြုချက်အရ တိုင်းဒေ သကြီး ဥပဒေချုပ်အား ဦးခင်မောင်လွင်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ငြိမ်းငြိမ်းဝင်း ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်မိုးမိုးအေး၊ တရားသူကြီး (၄) ဦးအဖြစ် ဒေါ်ယဥ်ယဥ်ဟန်၊ ဦးဝင်းမြိုင်၊ဒေါ်ခင်စန်းဝင်း၊ ဒေါက်တာအောင်ထွန်းဝင်းတို့အား လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ထံ တင်ပြခဲ့ရာ...

ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ ကူညီပေးနေ၊ အခက်အခဲဖြစ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာ

ရန်ကုန်တိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာကာ ယင်းမြို့နယ်များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လိုက်လံကူညီပေးနေကြောင်း သိရသည်။ ယင်းမြို့နယ်များမှာ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အလုံ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ဥက္ကလာ၊ ကွမ်းခြံကုန်း၊ ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ ဗိုလ်တထောင်၊ ကော့မှူး၊ ကျောက်တန်းနှင့် သုံးခွမြို့နယ်တို့ဖြစ်ပြီး မြို့နယ်များသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိနေခြင်းလ ည်း ဖြစ်သည်။ လက်ရှိ၌ ရန်ကုန်မြို့နေပြည်သူများသို့ နေ့စဉ်သန့်ရှင်းသော သောက်သုံးရေ ဂါလံ (၂၃၇) သန်းကို ဖြန့်ဖြူးပေးဝေနေကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071