ငလျင်ဒဏ်ထိခဲ့သည့် ဦးပိန်တံတားပေါ်ကို ကြံ့ခိုင်မှုအတွက် အကန့်အသတ်ဖြင့်သာ တက်ရောက်ခွင့်ပြုထားကြောင်း တံတားထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
တံတားအရှေ့ဘက်ခြမ်းရှိ အဝင်မုခ်ဦးမှ ပေ(၁၀၀)လောက်အထိ တက်ရောက်ခွင့်ပြုထားပြီး၊ အနောက်ဘက်ခြမ်းအတွက်၊ ဒုတိယမြောက်ဇရပ်ရဲ့အလွန် သံဆူးကြိုးကာရံထားသည့်နေရာအထိ၊ တက်ရောက် ခွင့်ပြုထားကြောင်း သိရသည်။
“သတ်မှတ်ထားတဲ့နေရာအထိတော့ခွင့်ပြုထားတယ်၊ အဲဒီထက်တော့ကျော်လို့မရဘူး” ဟု တံတားထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးငလျင်ကြီးကြောင့်၊ ဦးပိန်တံတား၏ အလယ်ကျွန်းတွင်ရှိသည့် တံတားအုတ်လက်ရန်းများ ထိခို-က်ပျ-က်စီးမှုရှိခဲ့သလို၊ တံတားအောက်ခြေတိုင်အချို့နှင့် တံတားအလယ်ရှိအုတ်ဇရပ် အောက်ခြေအက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးပိန်တံတားသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်းတံတားကြမ်းခင်းအချို့ကျိုးကျမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင်ကမ္ဘာကျော်ဦးပိန်တံတားကို၊ ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်၊ ၁၈၄၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး၊ ၁၈၅၁ ခုနှစ်တွင်ပြီးစီးခဲ့သည်။
